၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 
 တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-91W သည် 
ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 09W(NINE)အဖြစ်သို့ရောက်ရှိကာ
 အနောက်မြောက်ဘက်(Heading 300 degree)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် 
ရွေ့လျားလျှက်ရှိပါသည်။ လေဖိအားနည်းရပ်ဝန်းသည်
 ပိုမိုအားကောင်းလာပြီး 
လာမည့် ၁၂ နာရီအတွင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်း၍ ဗီယက်နန်နိုင်ငံမြောက်ပိုင်းကမ်းခြေအား
 ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC မှ ဇူလိုင်လ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉
 နာရီခွဲတွင် ထုတ်ပြန်ထားသော Warning-1 တွင် တွေ့ရှိရပါသည်။ (ပုံ-၁)
 
     310300Z POSITION NEAR 15.1N 115.9E. TROPICAL DEPRESSION 09W (NINE),
 LOCATED APPROXIMATELY 451 NM SOUTH-SOUTHEASTWARD OF HONG KONG, HAS 
TRACKED WEST-NORTHWESTWARD AT 06 KNOTS OVER THE PAST SIX HOURS. MAXIMUM 
SIGNIFICANT WAVE HEIGHT AT 310000Z IS 14 FEET. NEXT WARNINGS AT 310900Z,
 311500Z, 312100Z AND 010300Z.
 
     လေဖိအားနည်းရပ်ဝန်း 09W NINE
     31 Jul 2013 0000Z
     Location: 15.0 116.1
     Winds: 30 knots
     Central Pressure: 1000 hPa
 
 ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်လည်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
 ယမန်နေ့ည ၇ နာရီထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။ ထိုင်းနိုင်ငံ 
မိုးလေဝသဌာနမှ ထုတ်ပြန်သည့် 850hPa plot (ပုံ-၂)တွင် မြန်မာနိုင်ငံအနေဖြင့်
 ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်း ဖြစ်ပေါ်မည့် 
အခြေအနေနှစ်ခု ကြားတွင် ကျရောက်နေသဖြင့် လာမည့် ရက်ပိုင်းအတွင်း 
မိုးသည်းထန်၍ ရေကြီးနိုင်မည့် အန္တရာယ်ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း 
ခန့်မှန်းရပါသည်။