သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 31 January 2013

Eleven Media Group မှ အစိုးရသတင်းစာကို တန်ပြန် တိုက်ခိုက်ခြင်း




ဇန်န၀ါရီလ ၂၈ ရက်နေ့ သတင်းစာများတွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံ မှားယွင်းခဲ့သည့် အပေါ် ပြန်ကြား ရေး ဒုဝန်ကြီးမှ တောင်းပန်ကြောင်း တရားဝင် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုအချက်နှင့် ပတ် သက်ြ ပီး "ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာနယ်ဇင်း ကျင့်ဝတ် မှာ ပါတဲ့ ပုံနှိပ်ခြင်း မပြုမီမှာ သတင် မှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည် ဆိုတဲ့ အချက်ကို အလေး ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာ လည်းဖြစ်ပါတယ်။  ဒီလိုပျက်ကွက်မှုအတွက် စာဖတ် ပရိသတ်များကို တောင်းပန် အပ်ပါတယ်”ဟု ဦးရဲထွဋ်က ဆက်လက် ရေးသားခဲ့သည်။
အဆိုပါ သတင်းမှာ  မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက် သည့် အကြောင်း ကို ဖော်ပြသည့် သတင်းဖြစ်ပြီး သေ ဆုံး ခဲ့သည့် အပြစ်မဲ့ ပြည်သူနှင့် ဆိုင်ကယ်တို့၏ သတင်း ဓာတ် ပုံ တွင် ဆိုင်ကယ်၏ ပုံအား အဲပုဂံ လေယာဉ် ပျက်ကျသည့် ဆိုင်ကယ်ပုံနှင့် မှားယွင်းခဲ့ခြင်းသာ ဖြစ် သည်။ သို့သော် မြန်မာမီဒီယာများမှ ထိုသို့ တောင်းပန်စာများ တွေ့ပြီးသောအခါ  အကြမ်းဖက် လုပ်ရပ် လည်းပျောက်၊ ထိခိုက်ခဲ့ သော ပြည်သူလည်း ပျောက်၊ ဆိုင်ကယ်ဓာတ်ပုံသာလျှင် ရေးကြီးခွင်ကျယ် ဖြစ် ကုန် သည်။
သတင်း၏ ရည်ရွယ်ချက်မှာ ကေအိုင်အေ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်နေခြင်းကို မီဒီယာများ မျက်ကွယ်ပြု နေသည့်အတွက် အမှန်တကယ်ဖြစ်သည့် ဖြစ်စဉ်အား ပြည်သူများ သိစေရန်သာ ဖြစ်သည်။ သို့သော် ပျက်စီးသည့် ဆိုင်ကယ်ပုံ မှားယွင်းမှုအား အဆိုပါ အကြမ်းဖက်မှုကြီး မလုပ်ခဲ့သယောင် ရေးသားကြသည်။ ထို့ပြင် အစိုးရသတင်းစာတွင် သတင်းမှားများ ထုတ်လွှင့်နေသည်ဟု Eleven စာမျက်နှာမှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်ဟု ဆိုကာ KIA အဖွဲ့က ကျောက်မျက် ကုမဏီ အဆောက် အအုံအား မီးရှို့ဖျက်ဆီး သတင်းအား သတင်းမှားအဖြစ် ရေးသားခဲ့သည်။ 
ကေအိုင်အေမှ ကျောက်မျက်ကုမဏီအား တိုက်ခိုက်သည်မှာ ထိုတစ်ကြိမ်တည်း မဟုတ်၊ ယခုရက်ပိုင်း အတွင်း ၃ ကြိမ်မက ရှိခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ရေမဆေးကျောက် လုပ်သားများနှင့် ပတ်သက်၍ ဒေသခံ များမှ သတင်း ရသည် ဆိုသည့် မီဒီယာ Eleven မှာ ရေမဆေးကျောက် လုပ်သားများအား ကေအိုင်အေမှ ဖမ်းဆီးေ ခ်ါဆောင် သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အစိုးရ သတင်းစာများနှင့် ပြည်နယ် အစိုးရ၏ ထုတ်ပြန် ချက်များကို လုံးဝ( လုံးဝ) ဖော်ပြခဲ့ခြင်း မရှိပါ။ ထို့ပြင် ဖားကန့်ဒေသအတွင်း ကေအိုင်အေ တပ်ရင်း (၆)မှ အခြေပြုလှုပ်ရှားကာ ကာမိုင်းရဲစခန်း၊ ပြည်သူပိုင် အဆောက်အအုံများကို အကြိမ်ကြိမ် တိုက်ခိုက် ဖျက်ဆီးသော်လည်း Eleven မှ စုံစမ်း ဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။ 
Eleven မှ ဖော်ပြခဲ့သည့် ဒေသခံများ ဆိုသည်မှာ ကေအိုင်အေများလား၊ သို့မဟုတ် ဘီဘီစီ၏ ဒေသခံများ လား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။ ထိုသို့ အမှားများကို ဖော်ပြ၍ တရားစွဲဆိုမှုများ ကာကွယ်ေ ရး ၀န်ကြီးဌာနမှ တရားဝင် လုပ်ခဲ့သည် ဆိုလျှင် Eleven မည်သို့ ဖြေရှင်းမည်လဲ။ အစိုးရ အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများ၊ ပြည်သူ့ဝန်ထမ်းများအား ပုဂ္ဂိုလ်ရေး စော်ကားမှုများ ပြုလုပ်ခဲ့သည်တို့အား မိမိတို့ မီဒီယာမှ သတင်းမှားလုပ်၍ မဖော်ပြပါဟု အာမခံနိုင်မည်လား။ Jade Land, lachid တို့၏ သတင်းများအတွက်ကော တာဝန်ယူဝံ့သည်လား ဆိုသည်မှာလည်း မေးစရာပင် ဖြစ်သည်။

Wednesday 30 January 2013

အဓိပ္ပါယ်ရှိလှသောဆုရသွားသောဓါတ်ပုံ


ရေသည်အသက် ဓါတ်ပုံပြိုင်ပွဲ ထိပ်တန်းဆု၎ဆု မြန်မာရရှိ

ဖိလစ်ပိုင်အခြေစိုက် Southeast Asian Regional Center for Graduate Study and Research in Agriculture (SEARCA) ရဲ့ အရှေ့တောင် အာရှနိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်တဲ့ ရေသည်အသက် ခေါင်းစဉ်နဲ့  ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာဓါတ်ပုံဆရာ (၄)ဦးက ထိပ်တန်း ဆု(၄)ဆုကို သိမ်းကျုံးဆွတ်ခူးသွားပါတယ်

ကိုင်းးးးးမြန်မာနိုင်ငံသားအပေါင်းတို့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲသေချာဖတ်ပါ



ယနေ့တွင်တော့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တပ်မတော်(ရေ)တို့၏ ရေတပ်အင်အား နှိုင်းယှဉ်မှု ဗီဒီယို ဖိုင်ကို ကြည့်မိသည်။ သူတို့နိုင်ငံမှ ပြုလုပ်သည့် ဗီဒီယိုဖိုင် ဖြစ်သောကြောင့် နှိုင်းယှဉ်ချက်များသည်လည်း ကွာခြား လွန်း လှသည်။ ထိုဗီဒီယိုကို ကြည့်ပြီး ကာကွယ်ရေး အသုံးစရိတ်လျော့ချဖို့ တောင်းဆိုသူများကိုလည်း ဒေါသထွက် ရပေသည်။
ဘင်္ဂလားဒေ့ရှ်သားတို့၏ အင်တာနက် ဖိုရမ်တစ်ခုတွင် မေးထားသော အမေးအဖြေ တစ်ခုကလည်း စိတ်ဝင် စား စရာ ကောင်းသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြည်း ၊ရေ၊ လေ အင်အားက ဘယ်သူသာသလဲ။ တိုက် ပွဲ ဖြစ်ရင် ဘယ်သူ အနိုင်ရမလဲတဲ့။ ထိုမေးခွန်းကို ကျွန်တော်တို့ မြန်မာများ ဘယ်လိုဖြေကြမလဲဆို တာတော့ စိတ်ဝင်စားစရာပင်။ ဘင်္ဂလားတို့ကတော့ ယခုကဲ့သို့ ဖြေကြသည်။

Monday 28 January 2013

ထူးထူးခြားခြားဖိလစ်ပိုင်နိုင်ငံက သချိုင်းမှာနေထိုင်ကြသူများ.....

 
အခုတစ်လော မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုနဲ့  သဘာဝဘေးအန္တရယ်တွေကျရောက် ခံစား
နေရတဲ့  ဖိလစ်ပိုင်နိုင်ငံက လူဆင်းရဲ တွေရဲ့ ဘ၀ တစ်စိတ်တစ်ဒေသပါ....
တစ်ချို့ ကတော့ သူတို့ ရဲ့ ကွယ်လွန်လေပြီးသော မိဘ၊ဘိုးဘွားတွေရဲ့ အုတ်ဂူမှာနေကြတာပါ...
တစ်ချို့ ကတော မထင်မှတ်တဲ့ ဘ၀အချိုးအကွေ့ တွေကြောင့် သုဿာန်တစ်စပြင်ကို ရောက်
ရှိနေထိုင်ကြ၇ပြီး...
တစ်ချို့ ကတော့ ရွှေမြို့ တော် မနီလာ ကိုရောက်ယင် အလုပ်အကိုင်အခွင့် အလမ်းတွေတွေ့ 
ပြီး ဘ၀အဆင့် အတန်းမြင့် မားရချေရဲ့  ဆိုပြီး နယ်ကနေ အရာအားလုံးစွန့် ပြီးတက်လာကြ
သူတွေပါ....
အဲဒီသုဿာန်မှာ နေထိုင်သူ မိသားစုပေါင်း ၁၀၀၀၀ ကျော်တောင်ရှိတယ်ဆိုပဲ....
ကာမဘုံသားများဖြစ်တဲ့  လူတွေကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိဘ၀ အသက်ရှင်
နေထိုင်ရေးအတွက် ပျော်ပျော်ပဲနေကြရတာပါပဲ....
အင်း...ဘာပဲဖြစ်ဖြစ် ရွှေပြည်ကြီးတော့ အဲဒီလောက်မဆိုးဘူးလို့ ထင်ရတာပဲ....
သင်္ချိုင်းမှာနေယင်လဲ ရဲကလာဖမ်းမှာပဲလေ.....
----အများကြီးကျန်ပါသေးတယ်နောက်ထပ်ဆက်လေ့ လာလိုက်ပါအုန်းခင်ဗျာ>>>>

ကြွက်နို့နှင့် ပတ်သက်၍ သိသင့်သည်များ


 
ကြွက်နို့ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ သေးငယ်တဲ့အဖု ထွက်ပေါ်တာ ဒါမှမဟုတ် အဖုကြီးထွက်တာ၊ မိမိကို စိတ်အနှောင့်အယှက်ဖြစ်စေတာနဲ့ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ကြွက်နို့နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကြွက်နို့ ပေါ်ပေါက်ရပါသလဲ။

FM ရေဒီယိုလိုင်းအား နားဆင်ရန်တိုက်တွန်း၍ KIA ဒုအရာခံဗိုလ်တစ်ဦးအား ဗဟိုမှ သေဒဏ်ပေး



လိုင်ဇာ ဇန်န၀ါရီလ ၂၈ရက်
နိုင်ငံအနှံအပြားတွင် FM ရေဒီယိုလိုင်းများကို အမည်အမျိုးမျိုးဖြင့် အချိန်နှင့်အမျှ သတင်းများကို ထုတ်လွင့်လျက်ရှိပါသည်။ ၎င်းရေဒီယိုလိုင်းများမှ တိုင်ရင်းသားဘာသာစကားများဖြင့် ၎င်းတိုင်းရင်းသားတွင် ဖြစ်ပေါ်နေသော သတင်းများကို အမှန်အတိုင်းထုတ်ဖော်ပြောကြားပြ
ီး တိုင်ရင်းသားများကို မျက်စိဖွင့်နားဖွင့် ဖြစ်အောင်လုပ်ဆောင်ပေးလျက်ရှိပါသည်။ 

Sunday 27 January 2013

မနေ့က ( 25 . 1 . 2013 ) ရက်နေ့ နေ့လည် ၁နာရီ ၃၀ မိနစ်ခန့်က မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်လမ်းယာဉ်တိုက်မှု့ 



သတိလေးတော့ ထားစေချင်

မနေ့က ( 25 . 1 . 2013 ) ရက်နေ့ နေ့လည် ၁နာရီ ၃၀ မိနစ်ခန့်က မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်လမ်း
( ကန်ဘောင်လမ်း ) ၊ အ၀ိုင်းပတ်အနားတွင် ရတနာပုံတက္ကသိုလ်ကျောင်းမှပြန်လာသော ကျောင်းသူလေး
( တတိယနှစ်လို့သိရှိရ ) နှင့် တဖက်ယာဉ်ကြောမှလာသော ဆိုင်ကယ်တစ်စီးဖြင့် ချိတ်လဲနေစဉ် နောက်မှပါလာသော ကားမှ ခေါင်းအားတက်နင်းသွားကြောင်း သတင်းရရှိပါသည် ။ ကားမှာ ခြောက်ဘီးကားဟု သိရပါသည် ။

ဓာတ်ပုံ ပေးပို့လာသော Ko Pyue ကို ကျေးဇူးတင်ပါတယ် ။
Posted From Khine Lynn Soe

Thit Htoo Lwin blog

လမ်းပြ မကောင်းသော အနုပညာရှင်တွေကြောင့် လူငယ်တွေ ၀တ်စားဆင်ယင်မှု ပျက်စီး

 
ကျနော် မျက်စိမှာ အမြင်မတော်တာလေးတွေ ကောက်ရေးမိတာပါ။ စာစီစာမှား များပါရင်ခွင့်လွှတ်ဖို့ပဲ အရင်ဆုံး တောင်းပန်ပါရစေ။


ကျနော်တို့ ခေတ်ပေါ့နော်...အခုခေတ်ပဲပေါ့...မြန်မာ မိန်းခလေးတွေများ ၀တ်စားထားကြတာ မမြင်ချင်ရင် မျက်စိမှိတ်နေမှပဲ မမြင်ပဲနေမယ်..ဘယ်လိုပြောရမလဲ..ခေတ်ရေစီးကြောင်းနောက် လိုက်သတဲ့...ပေါင်လုံးပေါ်ရုံမကပဲ တင်ပါးတွေတောင် ပေါ်ကုန်ကြပြီ..၀တ်စားထားကြတာများ. 
 
.ကျနော်တို့ ဘိုးဘေး တွေ မြင်ရင်ဘယ်လိုများနေမလဲမသိဘူး...ကျနော် ကြားဖူးတာက တော့ ဟိုတုန်းက မြန်မာအမျိုးသမီးတွေဟာ ခြေမျက်စိ ဖုံး တဲ့ အထိ ထဘီဝတ်ကြတယ်တဲ့...
ခုခေတ်မှာတော့ အဲလို မဟုတ်တော့ပါဘူး...ခြေမျက်စိလည်း မလုံးတော့ဘူး...ဒူးခေါင်းလည်းမလုံ..ပေါင်လုံး လည်းမလုံ ၀တ်စားမှ လှတယ်ထင် လာကြတယ်.....
ဆက်ဖတ်ပါအုန်း

+18 Website တွေမှာ ပလူပျံလာတဲ့ အနုပညာသည်များရဲ့ ပုံ နှင့် မြန်မာ့ယဉ်ကျေးမှုကို တိုက်ဖျက်လာသော အနုပညာလောက


မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ယုန်လေးတို့ ၏ အနုပညာများကိုလူငယ်များသာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့ ၏ စံ အဖြစ်ပင်
သတ်မှတ်လောက်အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။

သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ
စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။
ဤသို့လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ
ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။


မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် ခံရ


ရန်ကုန်၊ ဇန်နဝါရီ ၁၄

တောင်ဒဂုံမြို့နယ်အတွင်းတွင် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက အသက် ၁၂ နှစ်အရွယ် မသန်စွမ်း အမျိုးသမီးငယ်တဦး ဓမ္မတာအတိုင်းမဟုတ်သည့်အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ရွှေမင်းသား
ဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြားသည်။

ခင်ပွန်းဖြစ်သူအား ကြိုးချည်ထား၍ ဇနီးဖြစ်သူအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြ


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်ဖြစ်သည့် Odisha (ယခင်အခေါ် Orissa) တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သူမ၏ ယောက်ျားရှေ့တွင် အမျိုးသား(၆)ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြကြောင်း သိရသည်။

ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်း


မကွေးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခ အား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ လူဝတ်လဲခိုင်းလိုက်ပြီဖြစ်သည်။

ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ်


၂၀၁၃ ခုနှစ်ရဲ့ ပထမလ အဆုံးမှာ မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်တဲ့ ကေအိုင်အေတို့၏ ကချင်ပြည်နယ်အတွင်း နောက်ဆုံးခံစစ်ကုန်း ဖြစ်တဲ့ ခါယာတောင်ကုန်း ကျဆုံးခဲ့ပါပြီ။ တရားသော စစ် ဆင်နွှဲ ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်တွေ၊ကိုယ်လက် အင်္ဂါတွေ ပေးဆပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။ လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒါဟာ မတန်ဘူးလို့ ပြောနိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်တဲ့ တပ်မတော်ရဲ့ တာဝန်ဝတ္တရား လို့ ခေါင်း စဉ် တပ်မယ်ဆိုရင်တော့ ဒါဟာ အမြင့်မြတ်ဆုံးသော အလုပ်ပဲ ဖြစ်ပါတယ်။

Friday 25 January 2013

ရယ်စရာတစ်ကယ့် ဟာသပုံ

ယောင်္ကျားတွေပဲဗျာ . . .

မြန်မာစစ်တပ်ရော၊ ကချင်စစ်တပ်ရော ရှင်းရှင်းပြောမယ် . . .
ကြားက အပြစ်မဲ့ ပြည်သူတွေဒုက္ခရောက်အောင် ပစ်မနေကြနဲ့
ခင်ဗျားတို့ သတ္တိရှိရင် ဒီလို One by One ဆွဲရဲလား . 

 
ကိုကျော်နိုင်ဝင်း ဖေ့စ်ဘုတ်မှကူးယူတင်ပြသောဟာသပါ....

ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။


 အိမ်မြှောင်လေး တစ်ကောင်......

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

Wednesday 23 January 2013

"ဂျပန်ကုမ္ပဏီ ရန်ကုန်တွင် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့်အစီအစဉ် ပျက်".


 ကိုယ့်နိုင်ငံက ဆန်ရှင်ပိတ်လို့မတိုးတက်တာပါလို့ ခေါင်းစဉ်ပြရမယ်ရှာသူတွေ ဖတ်ဖို့..
------------------------------------------------------------------------------------
 ဒီဗွီဘီ ၂၃ ဇန်န၀ါရီ ၂၀၁၃

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) အထိ တင်ပြထားပြီးဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားတွေ ပြေးဆွဲမယ့် အစီအစဉ်ဟာ ဂျပန်စုပေါင်းကားကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။

၁၉၅၀ ခုနှစ် သူရ မချစ်ပိုအကြောင်း..


“သူရ” ဟူသောဝေါဟာရက သူရဲကောင်းစစ်သည်တို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့ထူးဂုဏ်ထူးတစ်ခု။ “မချစ်ပို” ဆိုသောစကားစုလေးက နုနယ်သောနှလုံးသားပိုင်ရှင် မိန်းကလေးတစ်ဦး၏ အမည်နာမ လှလှလေးတစ်ခု။
သို့ရာ တွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် ယောက်ျားတို့ကဲ့သို့ပင် ရဲရဲ နီဆွေးလျက် သမိုင်းဝင်တေးတစ်ပုဒ်ကို ရေးထုတ်လိုက်နိုင်သောအခါ -
“သူရ မချစ်ပို” ဟူ၍ မော်ကွန်းတင်ခံရလေတော့သည်။
၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ကေအင်ဒီအိုအဖွဲ့များသည် မေမြို့ (ပြင်ဦးလွင်မြို့)ကို အလစ် အငိုက် စီးနင်းသိမ်းပိုက်လိုက်နိုင်ခဲ့သည်။ ထိုစဉ်က မေမြို့ရှိ အမှတ် (၁) စစ်မြေပြင် အင်ဂျင်နီ ယာတပ်ခွဲ (ဘီအီး) နှင့် အမှတ် (၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲတို့မှ အရာရှိစစ်သည်များသည် ဗိုလ်မှူးထင်ပေါ် နှင့် ဗိုလ်ကြီးဘဖြူ တို့၏ ခေါင်းဆောင်မှုဖြင့် ရသမျှလက်နက်ခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်သို့ ဆုတ်ခွာ သွားခဲ့ကြသည်။

Monday 21 January 2013

ကျွန်းစုများနှင့် စပ်လျဉ်း၍ တစ်ဖက်သတ် လုပ်ဆောင် မှုများကို ကလင်တန် သတိပေး ပြောကြား


အိုကီနာဝါ စီရင်စုရှိ ဆန်ကာကူကျွန်း သည် ဂျပန် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ဂျပန် အစိုးရ၏ အုပ်ချုပ်မှု လျော့ပါး စေရေးအတွက် မည်သည့် တစ်ဖတ်သတ် လုပ်ဆောင်မှုကို မဆို ကန့်ကွက် သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြော ကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်



ရန်ကုန်၊ ဇန်န၀ါရီ ၂၁။

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

ဆင်ခြင်သတိထားမြန်မာပြည်မှတရုပ်ဆေးများ



ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်း အကြောင်း ...


ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ " ဆေးခန်း အကြောင်း နဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်
ချ လိုက်ချင်ပါတယ် ...ဖြစ်ရပ်မှန် ကိုယ်တွေ့ ပါ

Sunday 20 January 2013

ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊ အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။ (တခြားဘာသာဝင်များလည်း ဗဟုသုတအနေဖြင့် ဖတ်ပေးပေါ့နော်။)


တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးပုံ

မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။
မင်းကွန်းဆရာတော်ဘုရားဟာ ဥာဏ်အလွန်ကောင်းပါတယ်။
ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲမှာ (ရေးဖြေ) -


Saturday 19 January 2013

သမ္မတကြီးအကြောင်းဆောင်းပါးလေးဖေ့စ်ဘုတ်ပေါ်ကရတဲ့ ဆောင်းပါးလေးပါ

ဒီဆောင်းပါးလေးကဖေ့စ်ဘုတ်ပေါ်မှတွေ့ လို့  ကူးယူတင်ပြတာပါ....
နိုင်ငံတော်သမ္မကြီးအား မရိုသေ- မလေးစားခြင်း- စောင်းမြောင်းရေးခြင်မဟုတ်ကြောင်းဝန်ခံပါတယ်...
ကိုယ်တိုင်တီထွင်ပြီးရေးတာလည်းမဟုတ်ပါ... 
အခုရေးတဲ့ ပို့ စ်ကို ကျနော့် ဘလောက်ဖတ်နေတဲ့  မိတ်ဆွေများ သဘောကျနှစ်သက်ခဲ့ လျှင် 
ကွန့် မက်မှာသော်၎င်း -စီဘောက်ခေါ် ချက်ဘောက်မှာလည်း
တစ်ခုခုမှာမှတ်တမ်းလေးရေးခဲ့ ပါ..
မျှော်လင့် နေပါတယ်..
မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ
[First Lady = သမ္မတကတော်]
Saturday , January 19, 2013

ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စာကိုယ်မလာခင် နိဒါန်းလေးတော့ ပျိုးချင်ပါတယ်။

ကျွန်တော့်အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုရင် ဖတ်ရတာဖြစ်စေ၊ သိထားတာလေး ပြန်ပြော တာမှာဖြစ်စေ အင်မတန် အရသာရှိလှပါတယ်။ ဗိုလ်ချုပ်ဟာ စက်ဘီးတောင် မစီးတတ်တာ၊ ဂျပန်ကို တော်လှန်ဖို့ အင်္ဂလိပ်နဲ့ ဆက်သွယ်စဉ်မှာ "အောင်ဆန်းရာ၊ ငါတို့နိုင်တုန်းမို့ မင်းလာပေါင်းတာ မဟုတ်လား" အမေးခံရတော့ "ဟုတ်တယ်၊ ခင်ဗျားတို့ ရှုံးနေတုန်းပေါင်းရင် ကျုပ်နိုင်ငံ အကျိုးရှိမှာမို့လား" ဆိုပြီး ဘွင်းဘွင်းကြီးပြောချလိုက်လို့ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း က သဘောကျသွားတာ၊ ဗိုလ်ချုပ်ကို အထွဋ်အမြတ်ထားပြီး ကျင်းပတဲ့ ထမင်းစားပွဲကြီးမှာ ပွဲမစခင် ဟင်းတုံးနှိုက်စားပြီး စပ်ဖြဲဖြဲလုပ်နေတာ၊ နိုင်ငံရေးကို နောက်ဆံမတင်းဘဲ လုပ်နိုင်အောင် မိသားစုကိစ္စသုံးဖို့ ရွှေထုပ်ကြီးလာပေးတဲ့သူကို ဘုပြောပြီး အိမ်ပေါ်က မောင်းချတာ၊ ကိုယ့်အတွေးနဲ့ကိုယ် ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်သွားလို့ ဗိုလ်ချုပ်မှန်းမသိတဲ့ အစောင့်ရဲဘော်က မောင်းထုတ်တာ၊ အင်မတန်ဖင်ခေါင်းကျယ်တတ်တဲ့ အင်္ဂလန်ကို အသွားမှာ အဝတ်အစားကောင်းကောင်းမပါလို့ အိန္ဒိယရောက်မှ နေရူးက ဆင်ပေးလိုက်ရတာ၊ အိုဗျာ ... ပြောရရင်တော့ အများကြီးပါ။

မြန်မာ ယာဉ်ထိန်း ရဲတွေကို ပညာ အရည်အချင်းသာမက အရပ်အမောင်း ကောင်းတဲ့ သူတွေကိုသာ ရွှေးချယ် ခန့်အပ်နေ

Motorcade-with-U.N.-special-envoy-to-Myanmar
 မြန်မာ ယာဉ်ထိန်းရဲ တစ်ဦးဟာ အနည်းဆုံး အရပ် ၅ ပေ ၆ လက်မ ခန့် ရှိရမှာ ဖြစ်ပြီး ခန္ဓာ အချိုးအစားလည်း  ပြေပြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ရန်သူ ရေငုပ်သင်္ဘော များကို ထောက်လှမ်းနိုင်သည့် စက်ရုပ်ရေယာဉ် အမေရိကန် ရေတပ် အသုံးပြုမည်


 
ရန်သူ၏ ရေငုပ်သင်္ဘော များကို ရှာဖွေ ထောက်လှမ်းနိုင်သည့် ''Star Wars" ဟု အမည် ပေးထားသော စက်ရုပ်ရေယာဉ် တစ်စင်းကို မကြာမီ နှစ်များ အတွင်း၌ အမေရိကန် စစ်တပ်က စတင် အသုံးပြုနိုင် တော့မည်ဟု သိရသည်။

Thursday 17 January 2013

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်


ကက်သွန်ဖြူဟာ ကြက်သွန်နီထက်ပိုပြီးတော့တောင်အစွမ်းထက် သေးတယ်
လို့အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)


 ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့(၇)မျိုး


ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

Thursday 10 January 2013

ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် -သက်တန့် ချိုရေးသောရသ


ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကောင်လေးတစ်ယောက်ဟာ အဲဒီပန်းသီးပင်ကြီးကို အလွန်ပဲ ချစ်ခင်တဲ့အတွက် နေ့တိုင်း အဲဒီအပင်ကြီးနားမှာ လာပြီးကစားလေ့ရှိတယ် ။ သူဟာ ပန်းသီးပင်ထိပ်ကိုတက်တယ် ပန်းသီးတွေကိုစားတယ် အဲဒီအပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏတာ အိပ်စက်လေ့ရှိတယ် ။ သူက ပန်းသီးပင်ကြီးကိုချစ်သလို ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်တယ် ။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကောင်လေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာတယ် ။ ပြီးတော့ ပန်းသီးပင်ကြီးနားမှာ နေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူး ။

သိသလောက်မိုဘိုင်းဖုန်းနည်းပညာ။




ဒီ code တွေဟာ ဟန်းဖုန်းရဲ့ လျှို့ဝှက်ကုတ်တွေပါ .. ဘယ်ဖုန်းစာအုပ်ထဲမှာမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး ..

service သမားတွေပဲ သိတာပါ ဒီ code တွေကို ..လေ့ လာရအာင်..

Wednesday 9 January 2013

ဆင်ခြေဖုံးမြို့နယ်များတွင် အသုံးစရိတ် လိုအပ်ချက်အတွက် ဆံပင်ဖြတ် ရောင်းချမှုများပြား ဆံပင်များကို တရုတ်နိုင်ငံဘက်သို့ အများဆုံး ပြန်လည်ရောင်းချခြင်းဖြစ်


ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စားဝတ်နေရေး အခက်အခဲနှင့် အသုံးစရိတ် လိုအပ်ချက်ကြောင့် မိမိ၏ဆံပင်ကိုဖြတ်၍  ရောင်းချသူများ ပိုမိုများပြားလျက်ရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ်များအတွင်းမှ စုံစမ်းသိရှိရသည်။

Tuesday 8 January 2013

အသက် ၉၀ အရွယ် သတိုးသားက အသက် ၁၅ နှစ်အရွယ် သတိုးသမီး ဖခင်ဖြစ်သူကို တရားစွဲ

ဆော်ဒီအာရေးဗီးယားမှ အသက် ၉၀ အရွယ်ရှိ သတိုးသား အဖိုးကြီး တစ်ဦးသည် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် မင်္ဂလာဆောင်ရာ မင်္ဂလာဦးညတွင် သတိုးသမီးမှ အိပ်ရာခန်းထဲ အ၀င်မခံဘဲ တံခါး ပိတ်ထားခဲ့သည်ဟု သိရသည်။

McDonald
မင်္ဂလာဆောင်ပြီး နှစ်ညတိုင်တိုင် သတိုးသား အဖိုးကြီးမှ အိပ်ခန်းထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော်လည်း သတိုးသမီးမှ တံခါး ပိတ်ထားခဲ့ပြီး နောက်တစ်နေ့တွင် သတိုးသမီး ဖြစ်သူမှာ သူမ မိဘအိမ်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

တရုတ်နဲ့ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ



ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင်
သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက်စမ်းသပ်မှုတွေ
ပြုလုပ်နေတယ် ဆိုတာပါပဲ။

Thursday 3 January 2013

ကျွန်တော်ဆက်ပြီး သည်းမခံနိုင်တော့ပါOppositeyes..မှ



လူပေါင်း ၁၈၀ ရှေ့တန်းထွက်တဲ့ တပ်ရင်း။ လူပေါင်း ၆၀ လောက် သေသွားတဲ့အခါမှာ ကျန်ခဲ့တဲ့ တပ်ရင်း တစ်ခုက ၀မ်းနည်းရတဲ့ အဖြစ်ကို တွေးကြည့်။ ကျွန်တော်တို့ သတင်းကြားတာက သေဆုံးတဲ့ လူ ၆၀။ ဒါပေမယ့် သူတို့အတွက် ကျတဲ့ မျက်ရည်တွေက မိုးတွင်းမဟုတ်ဘဲ တပ်ရင်းမှာ မိုးရွာသလောက် များပြားခဲ့မှာပါ။ ဒါ ငိုကြွေးသံတွေကို သူတို့ ဓာတ်ပုံ မရိုက်ခဲ့ဘူး။ ဗီဒီယို မရိုက်ခဲ့ဘူး။ အင်တာနက် ပေါ် တင်ဖို့ လုံးဝ(လုံးဝ) စိတ်ကူး မရှိခဲ့ပါဘူး။ ဒါကြောင့် ခင်ဗျားတို့ မခံစားခဲ့ကြရတာလား။

ဖေ့စ်ဘုတ်ထဲမှဟာသကာတွန်းများ

Photo
ဆက်ဖတ်လိုက်ပါအုန်း

ဟာသကာတွန်းနော်


ဆက်လက်အားပေးပါအုန်း...

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး


အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ တစ်ဖနီ ဟာ့တ်ဖို့ဒ် တို့သည် တစ်အိမ်တည်း အတူနေကြပြီး  ကလေးတစ်ယောက်ရရှိ လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်း ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။
  
တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

Tuesday 1 January 2013

အင်တာနက်ပေါ်တင်ဖို့ ပိုက်ဆံပုံ ကိုင်ပြီး ဓာတ်ပုံရိုက်တဲ့ ချစ်သူကြောင့် အဖမ်းခံရတဲ့ မူးယစ်ဆေး ခေါင်းဆောင်



ပိုက်ဆံပုံကြီးကို ကိုင်ပြီး ဓာတ်ပုံရိုက် ကြွားချင်တဲ့ ချစ်သူမိန်းကလေးကြောင့် မူးယစ်ဆေးဝါး အရောင်း အ၀ယ်လုပ်တဲ့ မူးယစ်ခေါင်းဆောင်ကြီး အဖမ်းခံရကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်