သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 31 July 2013

၁-၈-၂၀၁၃ မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအ



ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ



၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
--------------------------------------------------
အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ

ထမင်းစားပြီး လူလို နားမလည်

From : ..Phay Sit


ကဲ ...
လူကို သတ်တဲ့ စစ်သားကြီး ဖြစ်ချင်တယ်ဆိုတဲ့ ကိစ္စလေးပေါ့ ။စစ်သားဆိုတာက နိုင်ငံရဲ့ အချုပ်ခြာ အာဏကို ထိပါးလာတဲ့ သူမှန်သမျှ တိုက်ခိုက်ရင်း သတ်ကြရတာကြီးပဲ ။ကိုယ်မသတ်ရင် သူ သတ်မှာပဲ ၊ ပြီးတော့ ကိုယ်သေရင် ကိုယ့်မြေရမယ် ( ကိုယ့်မြေဆိုတာ အဓိပ္ပါယ်အများကြီးပါတယ် ) ။ ဒီတော့က စစ်သားဆိုတာ ရန်သူကို မသတ်ပဲ ၊ ဘာကို သတ်ရမှာလဲ ။နိုင်ငံရဲ့ အချုပ်ခြာ အာဏာကို ထိပါး စော်ကားနေ တာက ခွေးလား ၊ တိရိစ္ဆာန်တွေလား ?

မြန်မာ ရေဘေး ဒုက္ခသည် သုံးသောင်း ကျော် ပြီ


 သောင်း ရင်း မြစ် ကမ်း အရှေ့ ဘက် ခြမ်း ထိုင်း နိုင်ငံ ဘက် တွင် ရှိ သည့် မြန်မာ ရွာများသည့် လည်း ရေဘေးဒဏ် ကြောင့် လူနေအိမ် ၊စိုက်ခင်းများ ပါ နစ်မြုပ် လျှက် ရှိသည် ကို ဗုဒ္ဓဟူး နေ့  က ဤ သို့  တွေ့ ရသည်။

ဇေယျာသော် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖေ့ဘွတ်တွင် ပြောကြား


Wednesday, July 31, 2013

ကျနော့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြ၊ ဆိုကြ၊ ရေးကြ၊ သားကြတာတွေ ရှိလာလို့ ကျနော်လဲ နဲနဲလောက်တော့ ပြန်ပြောပါရစေ။ဘာရော ဂါဖြစ် မှန်းမသိဘူး၊ ဘာသတင်းမှလဲ မထုတ်ပြန်ဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး လို့ ပြောဆို ဝေဖန်ကြတာတွေကို တွေ့နေရပေမယ့်ဘာမှပြန်မပြောဖြစ်တာ ဟာ ပြောပြီးသားတွေကို အကြိမ်ကြိမ် ပြန်မပြောချင်လို့ပါ။

စစ်ကိုင်းတွင် ဆေးဖက်ဝင်လောက်သေပျိုးပင်ပေါက်များ ၀ယ်ယူစိုက်ပျိုးသူ များပြား


 
ဆေးဖက်ဝင် လောက်သေ ပင်များကို ပျိုးပင်အဖြစ် စနစ်တ ကျ ပျိုးထောင်ရောင်းချမှုများရှိ လာသဖြင့် ယခုအခါ အိမ်ရှင်မ အများစုတို့က မိမိတို့နေအိမ်တွင် ၀ယ်ယူစိုက်ပျိုးလာကြကြောင်း သိရသည်။

လောက်သေပင်၏ အရွက်အခက်များသည် အိမ်ရှင် မများအတွက် လွန်စွာအသုံးတည့် လေ့ရှိပြီး ဆေးဖက်လည်းဝင်သ ဖြင့် လိုအပ်ပါက အလွယ်တကူ အသုံးပြုနိုင်ကြရန်အတွက် မိမိတို့ နေအိမ်ခြံဝင်းများအတွင်းတွင် ၀ယ်ယူစိုက်ပျိုးထားကြသည်ဟု သိရသည်။

““လောက်သေပင်ကို အိမ် တိုင်းလိုလို စိုက်ပျိုးထားသင့် တယ်။မီးဖိုချောင်မှာ အသုံးတည့် သလို ဆေးဖက်လည်းဝင်တယ်။ ငါးပိကောင်အိုးတို့၊အမဲသား၊ဆိတ် သားခြောက်တွေကို လောက်သေ ရွက်နဲ့ထားရင် လုံးဝလောက် ကောင်မကျဘူး။တစ်ခါတုန်းက အိမ်မှာစဥ့်အိုးနဲ့ ငါးဘတ်ငါးပိ သိပ်ထားတာ လောက်ကောင် တွေတက်နေတာ ဖွေးနေတာပဲ။

ဖယ်ပစ်လို့ မနိုင်တာနဲ့ လောက် သေရွက်ခြောက်လေးကို ငါးပိအိုး ပေါ်တင်ထားလိုက်တယ်။ ပိုး လောက်တွေ ဘယ်ရောက်ကုန် မှန်း မသိရလောက်အောင်ကို ပျောက်သွားတာ။တော်တော်ကို ထူးခြားတယ်။

ပိုးလောက်ကောင် တွေကို လောက်သေရွက်က အံ့ သြလောက်အောင်ကို နိုင်တာ။ အဲဒါကြောင့် အသုံးလိုရင် အလွယ်တကူရရှိအောင် အိမ်မှာ အမြဲစိုက်ထားတယ်””ဟု အိမ်ရှင်မ တစ်ဦးက ပြောပြသည်။

လောက်သေပင်၏ ပဉ္စငါး ပါးသည် အဆုတ်ရောဂါ၊ချောင်း ဆိုးရောဂါ၊အနာဆိုး၊အနာပေါက် စသည့်ရောဂါများကို ပျောက် ကင်းသဖြင့် တိုင်းရင်းဆေးအဖြစ် လည်း အသုံးပြုကြကြောင်း သိရ သည်။မိုးခေါင်သည့် ပြင်ဦးလွင် ဒေသကဲ့သို့ တောင်ပေါ်ဒေများ တွင် အလေ့ကျပေါက်ရောက် ခြင်းမရှိကြောင်း၊

စနစ်တကျပျိုး ထောင်စိုက်ပျိုး၊ရောင်းချကြရကြ ကြောင်း စစ်ကိုင်းမြို့တွင် လောက်သေပျိုးပင်ပေါက် တစ် အိုးလျှင် ကျပ်ငါးရာဖြင့် ရောင်း ချကြရာ ၀ယ်ယူစိုက်ပျိုးကြသူ များပြားကြောင်း သိရသည်။ လောက်သေပင်၏ အရွက်သည် လှံတံအသွားကဲ့သို့ ပုံသဏ္ဍာန်ရှိ သဖြင့် အချို့ဒေသများတွင် သိကြားမင်းလှံတံပင် ဟုလည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။
နန္ဒာမင်းလွင်
Hotnews Journal

Tuesday 30 July 2013

တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီးများသာ ဖတ်ရန်)ဖြစ်ပြီး အသက်၁၈နှစ်အောက်မဖတ်ပါနှင့် ကျမ္မာရေးဗဟုသုတပါ


မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာ ကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

  
 ဘာဖြစ်ဖြစ် ကျနော်တို့ မြန်မာတွေ လေ့လာဖို့ နှင့်အတုယူဖွယ် အကြောင်းလေးဆက်ဖတ်လိုက်ရအောင်။

ပြန်ခြင်မလေးရှားရောက်မြန်မာများ-မြန်မာပြည်သို့  ပြန်လည်ထွက်ခွာခြင်သောမလေးရှားရောက်မြန်မာများအတွက်သတင်း

ဒီသတင်းလေးကို ...အွန်လိုင်း ကျနော့် ဖေ့စ်ဘုတ် အကိုကြီးတစ်ယောက်ထံမှ ခွင့် တောင်း၍ ထပ်ဆင့် ကူးယူပြီး ပြန်လည်ဝေမျှ တင်ပြလိုက်ပါတယ်။

သတင်းကတော့ >>>>>>>ဒီလိုပါခင်ဗျာ...


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အစိုးရယန္တရားကို အမိန့်ပေးလို့ရမလားမေးချင်တယ်

 
အရည်အချင်းနှင့်ပြည်သူများ ၏ထောက်ခံချက်အရဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်သင့် သော်လည်း ၎င်းအနေဖြင့် ဗျူရို ကရေစီ အစိုးရယန္တရားကို ထိန်း ချုပ်ကွက်ကဲရန်မလွယ်ကူနိုင် ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က ပြော သည်။

ရေဘေးသင့် ပြည်သူများအား လုံခြုံရေးဝန်ထမ်းများက ကယ်ဆယ်ရေး စခန်းများသို့ ကူညီရွှေ့ပြောင်းပေး


 
31.7.2013

ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်း ဇူလိုင်လ ၂၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုများကြောင့် ပြည်သူအများ ရေဘေး တွေ့ကြုံလျက် ရှိရာ ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပြည်နယ် အစိုးရအဖွဲ့ မှ တာဝန်ရှိ သူများသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သား များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ က ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေရာချထား ပေးကြကြောင်း သိရသည်။

ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက်ရန် အိန္ဒိယ ကူညီမည်


၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

မြန်မာ့တပ်မတော် (ရေ) အတွက် ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက် ရန် အိန္ဒိယ အစိုးရက ကူညီမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Time of India သတင်း မီဒီယာတွင် ဖော်ပြထား သည်။

ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့ပြီးနောက် ထိုင်းဘုရင်ဟု ရာခိုင်နှုန်း ၉၀ ခန့်မှန်းနိုင်ပြီး တူးဖော်မှုများကို သြဂုတ်တွင် ဆက်လက်ပြုလုပ်သွားမည်


 ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား မြန်မာ-ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် ဘုရင်၏ ဆွေတော်မျိုးတော်များက ဖွင့်လှစ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် (ဓာတ်ပုံ-ဆရာဝန် တင်မောင်ကြည် (မန္တလေး))

ယိုးဒယားဘုရင်ဟောင်း ကျောက်ဘွားဒေါက်မဒူဝါး၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေး ခဲ့ကြပြီးနောက် ထိုင်းဘုရင်ဟု ၉၀ ရာခိုင်နှုန်း ခန့်မှန်းနိုင်ပြီဖြစ်ပြီး တူးဖော်မှုများကို သြဂုတ်လအတွင်း ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင့်ဟောင်း အုတ်ဂူတူးဖော်ရေး ကော်မတီမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့၊ ယာဉ်နောက်လိုက်၏ ဦးခေါင်း၊ (၃၉) အထူးယာဉ် ကြိတ်


 ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းဆုံ မီးပွိုင့်တွင် ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မ.ထ.သ (၃၉) အထူးယာဉ်မှ အသက် ၂၅ နှစ်ခန့်ရှိ ယာဉ် နောက်လိုက် တစ်ဦး ယာဉ်ပေါ်သို့ ခုန်တက်စဉ် ခြေချော်ကျကာ ၎င်း၏ ဦးခေါင်းကို အဆိုပါယာဉ် ၏ နောက်ဘီးဖြင့် ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၁၆) ရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

နောင်ချိုမြို့အ၀င် အဝေးပြေးလမ်းမကြီးပေါ်၌ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူအား ဖမ်းမိ


 Wednesday, July 31, 2013

ဇူလိုင်လ ၂၅ရက်နေ့ နေ့လည် နှစ်နာရီခွဲ အချိန်တွင် လားရှိုးမူးယစ်အထူးအဖွဲ့သည် နောင်ချိုမြို့အ၀င် မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှမန္တလေးဘက်သို့ မောင်းနှင်လာသော ၀င်းနားခရီးသည်မှန်လုံယာဉ် တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူ ခရီးသည်အား ၎င်းမူးယစ်အဖွဲ့မှ အချိန်မီ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


 ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်

ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုးကြီးရေလွှမ်းမှု ဆက်လက်ဖြစ်ပေါ်နိုင်



၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-91W သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 09W(NINE)အဖြစ်သို့ရောက်ရှိကာ အနောက်မြောက်ဘက်(Heading 300 degree)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။ လေဖိအားနည်းရပ်ဝန်းသည်
 ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီအတွင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်း၍ ဗီယက်နန်နိုင်ငံမြောက်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC မှ ဇူလိုင်လ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထုတ်ပြန်ထားသော Warning-1 တွင် တွေ့ရှိရပါသည်။ (ပုံ-၁)

310300Z POSITION NEAR 15.1N 115.9E. TROPICAL DEPRESSION 09W (NINE), LOCATED APPROXIMATELY 451 NM SOUTH-SOUTHEASTWARD OF HONG KONG, HAS TRACKED WEST-NORTHWESTWARD AT 06 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 310000Z IS 14 FEET. NEXT WARNINGS AT 310900Z, 311500Z, 312100Z AND 010300Z.

လေဖိအားနည်းရပ်ဝန်း 09W NINE
31 Jul 2013 0000Z
Location: 15.0 116.1
Winds: 30 knots
Central Pressure: 1000 hPa

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်လည်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ည ၇ နာရီထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။ ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သည့် 850hPa plot (ပုံ-၂)တွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်း ဖြစ်ပေါ်မည့် အခြေအနေနှစ်ခု ကြားတွင် ကျရောက်နေသဖြင့် လာမည့် ရက်ပိုင်းအတွင်း မိုးသည်းထန်၍ ရေကြီးနိုင်မည့် အန္တရာယ်ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

၃၁-၇-၂၀၁၃နေ့ အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝါနယူးဂနီပို့ဖို့ သြစီ စီစဉ်

31st July 2013

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျနိုင်ငံမှာ မထားဖို့ အစိုးရက ဆုံးဖြတ်ပြီးနောက် ခုအခါမှာ အိမ်ထောင်မကျသေးတဲ့ အမျိုးသားတွေကို ပါပူနယူးဂနီနိုင်ငံကို ပထမဦးဆုံးအနေနဲ့ ပို့ဆောင်တော့မယ်လို့ သိရပါတယ်။
ခုလောလောဆယ် ပါပူဝါနယူးဂနီနိုင်ငံ Manus ကျွန်းရှိ ထိန်းသိမ်းရေးစခန်းကို အိမ်ထောင်မရှိသေးတဲ့ ခိုလှုံခွင့်တောင်းလိုသူ ဘယ်နှစ်ယောက်ကို ပို့ဆောင်မလဲဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် အစိုးရရဲ့ မူဝါဒသစ် အသေးစိတ်ကို ဒီကနေ့ ထုတ်ဖော် နိုင်တယ်လို့ မျော်လင့်နေကြပါတယ်။

မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ



ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။

ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည်

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash4/999557_610696905637618_1309589244_n.jpg
ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်နှုန်းစောင့်ကြည့်မည်

ပြန်လည်ကောင်းမွန်လျှင် ရေအောက်ဆက်ကြောင်း ပြုပြင်ရန်မလို
Tuesday, July 30, 2013

ဇူလိုင် ၂၂ ရက်က စတင်ပြတ်တောက်ခဲ့သည့် Sea Me We 3 ရေအောက်အင်တာနက်ဖိုင်ဘာဆက် ကြောင်း ပြင်ဆင်မှုတွင် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းကို ပြင်ဆင်ချိတ်ဆက်နေပြီဖြစ်ရာ ပြင် ဆင်ပြီးပါက အင်တာနက်မြန်နှုန်း ပြန်လည်ကောင်း၊ မကောင်းကို စောင့်ကြည့်သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြောက်ကိုရီးယားတွင် ပြုလုပ်


 Tuesday, July 30, 2013

နှစ်(၆၀)ပြည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင် စကက်တိုတိုလေးများ ဝတ်ထားသည့် မြောက်ကိုရီးယား စစ်သမီးတို့သည် ပြုံယမ်းရှိ ကင်မ်အီလ်ဆွန်း ရင်ပြင်၌ စုရုံး ချီတက်နေကြခြင်း ဖြစ်သည်

ဖြူဖွေးသွယ်လျသော ခြေတံတို့သည် စက်ယန္တရားများကဲ့သို့ စည်းချက်ညီညီ လှုပ်ရှား ချီတက်သွားကြသည်။ နှစ်(၆၀)ပြည့် ကိုရီးယားကျွန်းဆွယ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားတွင် 


ကလေးများ ပြည့်တန်ဆာများအဖြစ် အသုံးချခံရမှု FBI နှိမ်နင်း




အမေရိကန် ပြည်ထောင်စုတွင် ကလေးများ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ရောင်းစားခံနေရခြင်းများကို နှိမ်နင်းသည့် သူတို့၏ အဆိုအရ အကြီးဆုံး စစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့သည်ဟု ဆို၍ ကလေးတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း FBI ထောက်လှမ်းရေး အဖွဲ့ကြီးက ပြောကြားသည်ဟု သိရသည်။

ဖက်ယာ့ဟု ခေါ်သော အသီးအရွက်ပိုးမွှား ဦးနှောက်တွင်းဝင်ရောက် သေဆုံး


 မနေ့က တင်ပေးခဲ့တဲ့ ကျနော့်မိတ်ဆွေသမီးရဲ့ အသုဘကို မနေ့ညက ထပ်မံရောက်ခဲ့ပါတယ်။ ကွယ်လွန်သူ ကလေးမလေးရဲ့ ဖခင်နဲ့ လိုက်ပါခဲ့ကြတဲ့ ဆွေမျိုးတွေနဲ့ပါ စကားပြောခဲ့ရပါသေးတယ်။

သူတို့ရဲ့ ပြောပြမှုလေးတွေကို ထပ်မံသိခွင့် ရခဲ့ပါတယ်။ရောဂါ စတင် ဖြစ်စတုန်းက ဆေးရုံကြီးကို မရောက်ခဲ့ဘဲ ၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းကြီးတစ်ခုမှာ သာ ကုသခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၉ လမ်းထောင့် တိုက်ခေါင်မိုးထက်က ပြည့်တန်ဆာလုပ်ငန်းအား ရဲများဖမ်းဆီး




ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထက်မှ
ပြည့်တန်ဆာလုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက ရဲများ ၀င်ဖမ်းလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံက
သတင်းထုတ်ပြန်သည်။

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဇူလိုင် ၃၀

၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀အချိန် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ 


ပိုင်နက် အငြင်းပွားရေပြင်တွင် တရုတ်ကို ချိန်ခွင်လျှာညှိရေး တပ်စခန်းများ ပြောင်းရွှေ့ရန် ဖိလစ်ပိုင် စီစဉ်




မနီလာ၊ ဇူလိုင် ၂၉

ပိုင်နက် အငြင်းပွား ရေပြင်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုး လာမှုကို တန်ပြန် ချိန်ခွင်လျှာ ညှိရန် ဖိလစ်ပိုင်နိုင်ငံက ရေတပ်နှင့် လေတပ် စခန်းများ ရွှေ့ပြောင်း နေရာချထားရန် စီစဉ်လျက် ရှိသည်ဟု The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။

ထိုင်းတွင် နိုင်ငံကူးလက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ကျန်ရှိနေ


၃၀.၇.၂၀၁၃၊ အင်္ဂါနေ့

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံသား စိစစ်ရေးရုံး
ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူး လက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သား အများအပြား ကျန်ရှိနေပြီ အချို့ အထောက်အထား မရရှိသေးသူများမှာ


ယာဉ်စီးခပိုမိုကောက်ခံနေခြင်းပြဿနာအား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သင့်


 
ရန်ကုန်တိုင်းဒေသကြီး

 လှိုင်သာယာမြို့နယ်နှင့်ရွှေပြည် သာမြို့နယ်
အတွင်းပြေးဆွဲလျက် ရှိသော လိုင်းကားအများ
စုမှာ သတ်မှတ်ယာဉ်စီးခများထက် ပိုမို ကောက်ခံနေခြင်းများနှင့် ယာဉ် နောက်လိုက်များ၏ မခြေမငံ ဆက်ဆံမှု
များမကြာခဏ ကြုံ တွေ့နေရသောကြောင့်မော်တော် ယာဉ်လိုင်းပေါင်းစုံ ယာဉ်စည်း ကမ်းထိန်းသိမ်းရေးကော်
မတီမှ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်မှုများပြုလုပ်သင့် 

 ကြောင်းခရီးသွားပြည်သူတစ်ဦးမှ ပြောကြား
သည်။http://www.myanmardailynews.org/2013/07/blog-post_4644.html 


ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ စွတ်စွဲပြောဆိုနေကြ


 
ဦးဝိရသူ ဟောတဲ့ တရားတွေဟာ Hate Speech တွေဖြစ်တယ်၊ ပြည်တွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်တယ် အစရှိသဖြင့် တော်တော်လေး ဆိုးဆိုးဝါးဝါး ဝေဖန်ခဲ့တဲ့လူတွေဟာ အခုတလော အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ အစ္စလာမ်ဘာသာရဲ့ ဟောပြောချက်နဲ့ ပါတ်သက်လို့တော့ မှတ်ချက်ပြုသံ မကြားမိသလို ဘာသံမှ ထွက်မလာပဲ ငြိမ်သက်နေတာလည်း အတော်လေး ထူးထူးခြားခြား အံ့သြစရာတစ်ခု ဖြစ်နေပြန်တယ်.......

၃၀-၇-၂၀၁၃ ပဲခူးတိုင်းဒေသကြီးအတွင်း အူကျွံ ယောင်္ကျားလေးကို ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားနိုင်



ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ ၌ မွေးစကတည်းက အူကျွံရောဂါဖြစ်ပွားကာ အူများ ၀မ်းဗိုက်အပြင်ဘက်၌ ကပ်လျက်ပါရှိလာသည့် ကလေးငယ်တစ်ဦးကို ကျေးရွာ ကျန်းမာရေးအထောက် အကူ ပြုအဖွဲ့ဝင်တစ်ဦးမှ အန္တရာယ်ကင်း စွာ မွေးဖွားနိုင်ခဲသည်ဟု သိရှိရသည်။

Monday 29 July 2013

အင်တာနက်ပေါ်တွင် ဟိုးလေတစ်ကျော်ကျော် ဖြစ်ခဲ့သော နည်းပညာတက္ကသိုလ် (သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းခြင်း


 
 
>>> အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့သည် နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသား/
သူများဖြစ်ကြပါတယ်။ ကျနော်တို့ပြောကြားသမျှ ယခု အကြောင်းအကြားများသည် အမှန်တရားများသာဖြစ်ကြပါတယ်။ ကျနော်တို့သည် အမှန်တရားကို ချစ်မြတ်နိုးသလို အမှန်တရားကိုချပြစေလိုသည့် အတွက် ယခုလို သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ပြောဆိုရှင်းလင်းခြင်းဖြစ်ပါတယ်။

အသွင်မတူသောတိရစ္ဆာန်တွေမှာ ဖေါ်မပြနိုင်တဲ့  ချစ်ခြင်း ကူညီရိုင်းပင်းမှု့  အကြင်နာတရားဗွီဒီယို

Sunday 28 July 2013

မြန်မာ့ရေတပ်သင်္ဘော မောင်တောသို့ အ၀င်အထွက်အတွက် နယ်စပ်ဖြတ် ကျော် ရမှုအပေါ် ကြိုတင်သတင်း ပေးသွားလာရန် ဘင်္ဂလားဒေ့ရှ်မှ အကြောင်းကြားစာ ပေးပို့


 
၂၉.၇.၂၀၁၃၊ တနင်္လာနေ့

မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ်တစ်စင်း နတ်မြစ်ဝသို့ ကင်းလှည့်ရန် ဖြတ်သန်းဝင်ရောက်ရာတွင် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ဖြတ်သန်းခဲ့မှုနှင့် ပတ်သက်၍ နောက်နောင်မောင်တောသို့ ၀င်ထွက်သွားလာရာတွင် ကြိုတင်သတင်းပေး အသိပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စာပို့ကန့်ကွက် တောင်းဆိုထားကြောင်း သိရသည်။

လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား


မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။

၂၉-၇-၂၀၁၃ စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ကိုကာကိုလာ မြန်မာအမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်


 
 ကိုကာကိုလာ၏ မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ် သံတမန် (Brand Ambassador) အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ခန့်အပ်ကြောင်း ကိုကာကိုလာ မြန်မာကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

၂၈-၇-၂၀၁၃ "မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"


 ထမင်းဦးခွံ့ မင်္ဂလာ? [၁၈၉၀-ခု ဝန်းကျင်]

 [ဓာတ်ပုံနဲ့အတူ မြန်မာ့ရိုးရာ မင်္ဂလာ ဆယ့်သုံးပါး သံပေါက်နဲ့ အနက်ကိုပါ ကူးယူ ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေ ရှေးတုန်းကဟာတွေ ဘာမှလုပ်စရာ မလိုဖူး လို့ ပြောလိုကပြောနိုင်ပါတယ်။ ဘာမှမလုပ်တော့လည်း ဘာမှမဖြစ်ဖူးပေါ့။ ]

" လောကီမင်္ဂလာဆယ့်သုံးပါး ဆောင်ပုဒ်တေးထပ်"

ထိမ်းများနှင်း လက်ထပ်နှင့်၊ ဘွားမြင်လတ်, တဖြာ၊
မျက်နှာပြ, မင်္ဂလာငယ်၊ ဆံပယ်ရှာ, တထုံး ။
ပုခတ်တင် ကွမ်းခွံ့တာပါ့၊ ' နေလ' နှစ်ဖြာပြတဲ့ အသုံး ။
အမည်မှည့် တဖြာ၊ ထမင်းသာ ခွံ့အုံး၊
ကေသာဆို သျှောင်ထုံးလို့၊ ထွင်းကြအုံး နားကို ။
ရှင်ပြုကာ သာသနာတွင်းဆီသို့၊ သွတ်သွင်းလို့ ပေးကြပြန်ဆို ။
ဆယ့်သုံးရပ်, မင်္ဂလာအလို၊ စဉ်လာကို ယူမှတ်လို့၊
အတတ်ပညာတွေ တိုးကြပါစေ၊ တောင်းဆုမြတ် ပတ္ထနာချွေတယ်၊
ရွာရွှေမြေ-အဗျင်းက လေး ။

"မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"
မင်္ဂလာ အခမ်းအနားကို ဖော်ပြရာ၌ လောကီမင်္ဂလာ ဆယ့်သုံးပါးကို သိသင့်သိထိုက် သည့် အားလျော်စွာ ပရိုဖက်ဆာ ဆရာလွန်း ပြုစုစီမံသော ရွှေရေးဆောင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာမှ ထုတ်နှုတ်၍ ဖော်ပြပါအံ့။ ။

လောကီမင်္ဂလာတို့ သည် ဆယ့်သုံးပါးရှိကုန်၏။ ဆယ့်သုံးပါး ဟူသော်ကား -
(၁) အမျိုးသ္မီးကို အမျိုးသားထံသို့ ပို့ခြင်းတည်း ဟူသော အာဝါဟ မင်္ဂလာ ။

(၂) အမျိုးသ္မီးထံသို့ အမျိုးသားက သွားရောက် တောင်းယူရခြင်းတည်း ဟူသော ဝိဝါဟ မင်္ဂလာ ။

(၃) ထို သတို့သား သတို့သ္မီးတို့ ပေါင်းသင်းဆက်ဆံသဖြင့်၊ အချိန်ကာလ ကျရောက်သောအခါ၊ သားကောင်းရတနာ၊ သ္မီးကောင်းရတနာ မွေးဖွားသဖြင့်၊ သိရှိကြစေခြင်းငှါ ကြေငြာချင်းတည်း ဟူသော ပုတ္တဝိဇာယနမင်္ဂလာ ။

(၄) သတို့သားဖွားမြင်၍ သုံးရက်မြောက်သော အခါ၊ ဘိုးဘွားမိဘတို့အား၊ ဤကား မောင်၏အဘိုး၊ ဤကားမောင်၏ အဘွား၊ ဤကား မောင်၏အမိ၊ ဤကားမောင်၏ အဘ စသည်ဖြင့် မျက်နှာပြသရခြင်းတည်း ဟူသော နန္ဒီမုခဒဿန မင်္ဂလာ ။

(၅) ထိုနောက် သတို့သား၏ အရွယ် ခုနှစ်ရက်မြောက်၌ ဝမ်းတွင်းမှ ပါလာသော ဆံပင်တို့ကို ပယ်ခြင်းတည်း ဟူသော ကေသစ္ဆေဒန မင်္ဂလာ ။

(၆) ထို့နောက် သတို့သားအရွယ် တင့်တယ် သင့်လျော်သော ၂-လ အတွင်း၌၊ ပုခက်ယာဉ် တင်ခြင်းတည်း ဟူသော ဒေါဠာဥစ္စင်္ဂါဟာရ မင်္ဂလာ ။

(၇) ထို့နောက် သတို့သားအရွယ် ၇၅-ရက် မြောက် စေ့ရောက်သောအခါ၌၊ ကွမ်းဖတ်ဦး ခွံ့ခြင်းတည်း ဟူသော တမ္ဗုလာဟာရ မင်္ဂလာ ။

(၈) ထို့နောက် သတို့သားသည် ၃-လသား အရွယ်သို့ရောက်သောအခါ၌၊ ဤကား 'နေ' ဤကား 'လ 'ဟု နေလ နှစ်ပါးတို့က ပြသရသော ရဝိန္ဒုဒဿန မင်္ဂလာ ။

(၉) ထို့နောက် သတို့သား၏ အရွယ်ရက်ပေါင်းတစ်ရာ တိုင်မြောက်သော အခါ၌၊ ခေါ်ဝေါ်ရန် အမည်မှည့်ခြင်းတည်း ဟုသော နာမသမ္မုတိ မင်္ဂလာ ။

(၁၀) ထို့နောက် သတို့သား၏ အရွယ်သည် ခြောက်လ ပြည့်မြောက်သော အခါ ထမင်းဦးခွံ့ခြင်းတည်း ဟူသော ပဋ္ဌမဘတ္တာဟာရ မင်္ဂလာ ။

(၁၁) ထို့နောက် သင့်လျှော်သော အခါ၌၊ ယခင်ဖြတ်ပယ်ထားသော ဝမ်းတွင်းဆံမှ ရှည်လျား၍ လာကုန်သော ဆံပင်တို့ကို ထုံးဖွဲ့ခြင်းတည်းဟူသော ကေသဗန္ဓန မင်္ဂလာ ။

(၁၂) ထို့နောက်တစ်ဖန် သင့်လျှော်သော အရွယ်သို့ သတို့သား ရောက်ပြန်သောအခါ၌ နား 'သ' ခြင်းတည်း ဟူသော ကဏ္ဏဝိဇ္ဈန မင်္ဂလာ ။

(၁၃) ထို့နောက် အချိန် အရွယ် တင့်တယ် လျောက်ပတ်သော အခါသို့ သတို့သား ရောက်ရှိသော အခါ၌ သာသနာတော်သို့ သွတ်သွင်းခြင်းတည်း ဟူသော ပဗ္ဗဇ္ဇမင်္ဂလာ ဟူ၍ ဆယ့်သုံးပါး ဖြစ်လေသတည်း။ ။

Daily Online News

Saturday 27 July 2013

အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသားစုဂုဏ်ဆောင်နိုင်ရေးအတွက် မသဘာဝကို ဖြတ်တောက်ခြင်းခံနေကြရသည်

ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ်ဘဝက မေ့မရနိုင်ခဲ့သော နာကြည်းချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီ

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash3/602726_531991693517428_1579984944_n.jpg


မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး
တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက်က အနည်းဆုံး တပ်ရင်း ၁၀ ရင်းဖြင့် အားဖြည့်ထားပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း စစ်ဘက်နှင့် နီးစပ်သော သတင်းအရ သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း အတွင်းရှိ သားဈေး ငါးဈေး မြင့်တက်


 ၂၇.၇.၂၀၁၃၊ စနေနေ့

ယခုရက်ပိုင်းအတွင်း သားငါးဈေး အပြောင်းအလဲကြောင့် မီးဖိုချောင်စရိတ် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း အတွင်းရှိ အိမ်ရှင်မများ၏ အဆိုအရ သိရသည်။

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်
ဗန်ကောက်  ဇူလိုင်  ၂၆
ထိုင်းနိုင်ငံ ဆူမက်ပရာကန်မြို့ တွင် လွန်ခဲ့သည့် သီတင်းပတ် အကုန်က မိကျောင်း စတန့်ပြကွက် ပြသနေစဉ် အတွင်း မိကျောင်းတစ်ကောင်သည် ၎င်းအား လေ့ကျင့်ပေး
သူ၏ ဦးခေါင်းကို ကိုက်ခဲ့ကြောင်း သိရသည်။

တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေသသို့ ဂျပန် ဝန်ကြီးချုပ် သွားရောက်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash4/999838_607437329276530_1221006415_n.jpg


တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေသသို့ ဂျပန် ဝန်ကြီးချုပ် သွားရောက်
တိုကျို၊ ဇူလိုင် ၂၅
ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပူပူနွေးနွေး အနိုင်ရရှိထားသူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရှေ့တောင်အာရှ ဒေသ တွင်း တရုတ်နိုင်ငံ ခြိမ်းခြောက်မှုကို တုံ့ပြန်မှုပြုရန် အလို့ငှာ အာဆီယံ နိုင်ငံ များသို့ ယခုရက်သတ္တတစ်ပတ်အတွင်း သွားရောက် လည်ပတ်လျက် ရှိကြောင်း The Japan Times သတင်းစာက ရေးသား ဖော်ပြသည်။

မလေးရှား အင်မီဂရေးရှင်းမှ ထုတ်ပြန်ချက် အပြည့်အစုံ (မလေးရှားရောက် မြန်များအတွက်)



ပြီးခဲ့တဲ့ ၄ ရက်က ကျွန်တော်တို့ ရေးသားပေးခဲ့တဲ့ မြန်မာပြည်ပြန်မည့်သူများအတွက် မလေးရှားနိုင်ငံ အင်မီဂရေးရှင်းက ပြန်လည်တိုးမြင့်လိုက်သော ဒဏ်ငွေ ၃၀၀၀ အတွက်ကြောင့် မြန်မာပြည်ပြန်ရန် ပြင်ဆင်ထားတဲ့ မလေးရှားရောက် မြန်မာများ တော်တော်ခက်ခက်ခဲခဲဖြစ်ကြတဲ့အကြောင်းသိရှိပြီးဖြစ်ပါလိမ့်မည် ။

တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ခွေးချစ်သူများမှ ၀ယ်ယူ၍ ဘေးမဲ့လွှတ်ရန်စီစဉ်


 ၂၇.၇.၂၀၁၃၊ စနေနေ့


တရုတ်ပြည်သို့ မန္တလေးမြို့နှင့် အနီးဝန်းကျင် မြို့များရှိ ခွေးလေခွေးလွင့်များကို ဖမ်းဆီးစုဆောင်း၍ တင်ပို့ရောင်းချရန် သိုလှောင်ထားသော ခွေးဂိုဒေါင်မှ ခွေးများကို မန္တလေးမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ရန်ကုန်မြို့ ခွေးချစ်သူများမှ ၀ယ်ယူကာ ဘေးမဲ့လွှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ် (Stealth Boomber)


 
Stealth Boomber လို့ခေါ်တဲ့ The Northrop Grumman B-2 Spirit ဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံတွင်သာ ရှိတဲ့ ကိုယ်ပျောက် တိုက်လေယာဥ ပါ။ Stealth Aircraft ချင်းအတူတူ ကမ္ဘာ့နိုင်ငံတိုင်းက ထုတ်ပေမယ့် Stealth Boomber မှာ ထူးခြားချက် များစွာ ရှိပါတယ်။

Friday 26 July 2013

၂၇-၇-၂၀၁၃ လူပြောများတဲ့ အမြန်လမ်း အကြောင်းကို လောလောလတ်လတ် အပြည့် မောင်းခဲ့တဲ့ ယာဉ်မောင်းတစ်ယောက်အနေနဲ့ အတွေ့ အကြုံလေးပြောပြမယ်


 ရန်ကုန်က မန္တလေးအသွားမှာ ရန်ကုန်-နေပြည်တော် မိုင် ၂၀၀
နေပြည်တော်-တံတားဦး ၁၅၃ မိုင် ပြီးတော့ မေမြို့တက်လို့ ထုံးဖိုကတန်းတက်သွားတယ်
မန္တလေးက ရန်ကုန်အပြန်မှာ ကျွဲဆည်ကန် အထွက် ၃၆၈ လို့ထင်တယ် အဲဒီကစတယ်

၂၆-၇-၂၀၁၃ ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး


 တောင်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဗိုလ်ချုပ် စိုးရှိန်ကို ယခင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ဘေး ကပ်လျက်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာတွင် တောင်သူ ၃ ဦး ပိုင်ဆိုင်သော ဧက ၁၀၀ ၀န်းကျင်ရှိ သီးနှံစိုက်ပျိုးထားသည့် မြေပေါ်တွင် ဗိုလ်ချုပ်စိုးရှိန်က တောင်သူများအား သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ကို ဒေသ အာဏာပိုင်များက အမှုဖွင့် မပေးသေးကြောင်း စုံစမ်း သိရှိရသည်။
ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က မိမိလယ်မြေကို အလုပ်သမား နှစ်ဦးနှင့် ပေါင်း ရှင်းလင်းနေစဉ် ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး

၂၆-၇-၃၀၂၃ တေးရေး(မြသန်းစံ)ပြည်ထောင်စုရဲ့ ချစ်ခြင်းတရား အားပြန်လည်ဖန်တီးတင်ပြခြင်း

ဒီသီချင်းလေးကို ကျနော်အလင်းရောင်ကြယ်များမှ ဂူဂယ်လ်မှ ပုံအသီးသီးတို့ ရှာဖွေပြီး တေးရေး(မြသန်းစံ)သီချင်းကလေးနှင့်တွဲဖက်၍ ဖန်ဆင်းတည်းဖြတ်တင်ပြထားပါတယ်။

Thursday 25 July 2013

၂၆-၇-၂၀၁၃ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ညှိနှိုင်းနေ

malay-july25

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် လာရောက်လျှောက်ထား နေသူများကို တွေ့ရစဉ်
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အကြောင်းကြားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (C of I) လျှောက်ထားခဲ့ပြီးဖြစ်သည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကို တစ်ဦးလျှင်

၂၅-၇-၂၀၁၃ မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခွင့်လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်



ရန်ကုန် -မလေးရှားနိုင်ငံ

လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာအလုပ်သမားများအား အထူးလျှောက်ထားခွင့် (Special Pass) လက်မှတ်ခကို ရင်းဂစ် ၄၀၀ ကောက်ခံရာမှ ရင်းဂစ် ၃၀၀၀ သို့ ရှစ်ဆခန့် တိုးမြှင့်ကောက်ခံ လိုက်သည်။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်