Friday, 2 May 2014
Saturday, 19 April 2014
Wednesday, 26 March 2014
Thursday, 20 March 2014
Wednesday, 19 March 2014
Tuesday, 18 March 2014
မလေးလေယာဉ် ပျောက်ဆုံးမှု နောက်ကွယ်(3)
တောင်ဘက်အခြမ်းတွင် အင်ဒိုနီးရှား နိုင်ငံမှ စ၍
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ ရေပြင်ကြီးနှင့် ကျွန်းအနည်းငယ်ပေါ်မှ
ပျံသန်းသွားရမည်ဖြစ်သည်။ အကယ်၍ လေယာဉ်က ထိုလမ်းကြောင်းအတိုင်း
သွားမည်ဆိုလျှင် ဩစတြေးလျပိုင် ကျွန်းများအနီးမှ ဖြတ်သန်းသွားရမည်ဖြစ်သည်။
ဝေးလံခေါင်ဖျား သည့် အဆိုပါ ဩစတြေးလျကျွန်းများတွင် နေထိုင် သူ လူဦးရေ ၁၀ဝဝ
ထက်နည်းပြီး လေဆိပ်ငယ်တခု ရှိသည်။
“သမုဒ္ဒရာကြီး တခုလုံးကိုရှာဖွေဖို့ ဘယ်လို စလုပ်ရမလဲဆိုတာကို စီစဉ်ရတာတောင်မှ တော် တော်ခက်တဲ့ အလုပ်တခုပါဗျာ” ဟု အမေရိကန် ရေတပ် ဒုဗိုလ်မှူးကြီး Willian Marks ကဆိုသည်။
ထိုအချိန်တွင် ကွာလာလမ်ပူမြို့ အနောက်ပိုင်း လူချမ်းသာများရပ်ကွက်တွင် နေထိုင်ကြသော လေ ယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ မိသားစုဝင် များနေထိုင်ရာ အိမ်များအပြင်ဘက်တွင် ပြည်တွင်း ပြည်ပ သတင်းထောက်များက စခန်းချပြီးဆက်လက် စောင့်ဆိုင်းနေကြသည်။
လက်ထောက် လေယာဉ်မှူး Fariq Abdual Hamid သည် မောင်နှမ ၅ ယောက်တွင် အကြီးဆုံး သားဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်သည်ဟု အိမ်နီးချင်းများက ပြောကြသည်။ သူတို့မိသားစုသည် ကြင်နာရက်ရောပြီး ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သည်ဟုလည်း သိရသည်။
“သူက အရမ်းသဘောကောင်းတဲ့သူပါ၊ သူ ခရီးဆောင်အိတ်ကိုဆွဲပြီး ပြန်လာတဲ့အခါတိုင်း ကျနော့်ကို ဦးလေးတယောက်လို နှုတ်ဆက်တယ်” ဟု Fariq Abdual Hamid နှင့် နှစ်အိမ်ကျော်တွင် နေထိုင်သော အငြိမ်းစား ဝန်ထမ်းတဦးဖြစ်သည့် Ayop Jantanက ပြောပြသည်။
Ref: New York Times
ဆောင်းပါး(ဧရာဝတီ)မှကူးယူဖေါ်ပြသည်။

Monday, 17 March 2014
ပျောက်ဆုံး မလေးရှား လေယာဉ် နံပါတ် ချဲထီဒိုင်များ လက်မခံ
ရန်ကုန်မြို့ရှိ မလေးရှား လေယာဉ် လက်မှတ် အရောင်း ဌာနအား တွေ့ရပုံ (ဓာတ်ပုံ – ဇာနည်ဝင်း / ဧရာဝတီ)
Thursday, 6 March 2014
အင်တာနက်ပေါ်မှ စိတ်ဝင်စားဖွယ် ဓာတ်ပုံများ
ဒီတစ်ခါမှာတော့ အွန်လိုင်းပေါ်မှာ ထူးခြားသော လုပ်ဆောင်ချက်များ၊ သူများနှင့်မတူသော အချို့အချို့ကိစ္စ များေ ကြာင့် လူများစိတ်ဝင်စားခြင်းခံရတဲ့ သက်ရှိထင်ရှားမြန်မာ ဓာတ်ပုံများ ကို ရွေးချယ် ဖော်ပြပေးလိုက် ပါ တယ်။
နိုင်ငံသားတို့ ရပိုင်ခွင့်... တာဝန်နှင့် တရားဥပဒေ စိုးမိုးရေး
Right ...... Responsibility...... Rule Of Law @ 3R
နိုင်ငံသားတို့ ရပိုင်ခွင့်... တာဝန်နှင့် တရားဥပဒေ စိုးမိုးရေး
Tuesday, 25 February 2014
သူ....သူ သူတောင်းစား မဟုတ်ပါ
ဝမ်းနည်းစရာ အဖြစ်အပျက်များ
No comments
မနေ့ က ကားအောက်ပိုင်းလေးစစ်ဘို့ ဝပ်ရှော့ သွားပြတယ်။ နဲနဲကြာတော့ ဖုန်းအင်တာနက်လေးဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်ရင်းထိုင်စောင့်နေမိတယ်။
ရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းကမလဲရသေးဘူးဗျ။ အဲလိုနဲ့ ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ့ ကျတော့်ဆီတစ်ဖြေးဖြေးလှမ်းလာနေ တာကိုသတိပြုမိတယ်။
ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိပါတယ်။ နောက်ပြီးကျတော့်ကို မ၀ံ့မရဲနဲ့ စကားပြောတယ်။
"ဗိုလ်ကြီး ကျတော် သူတောင်းစားမဟုတ်ပါဘူး "
ကျတော်မျက်မှောင်ကျုံ့ ပြီးပြန်ကြည့်မိတယ်။ ပြီးတော့သူ့ ကိုပြန်ပြောတယ်။
"အင်း...ဘာဖြစ်လို့ လဲ ပြောလေ"
"ဟုတ်ကဲ့ကျတော် တပ်ထွက်ပါဗိုလ်ကြီး ။ နောင်ချိုတပ်ကပါ။ ဒါကျတော့်တပ်ထွက်လက်မှတ်ပါ"
"သြော်...ဒုတပ်ကြပ်ပဲ။ အခုကဘာဖြစ်လို့ လဲဆရာ"
"ကျတော် ကုတင် ၇၀၀ မှာခြေတုလာလဲတာပါ။ ဧရာဝတီတိုင်း လပ္ပတာ ကနေလာတာပါဗိုလ်ကြီး။ ခြေထောက်ပြတ်တော့ မိန်းမကလဲ ပြေးသွားပြီ။
ရွာမှာတော့ လယ်စောင့်တဲ့အလုပ်လုပ်ပါတယ်။ အခုခြေတုလာလဲတာပါ။
ကျတော်အခု ထမင်းမစားရတာ နှစ်ရက်လောက်၇ှိနေလို့ ပါဗိုလ်ကြီး။
အခုဒီလိုလာပြောတာလဲ ဗိုလ်ကြီး ယူနီဖောင်းနဲ့ မို့ လို့ လာပြောတာပါ။
တခြားအရပ်သားတွေကိုလဲမပြောရဲဘူး ။ စစ်သားချင်းမို့ လို့ ကျတော်ပြောပြတာပါ။
တခြားသူတွေကိုပြောရင် ကျတော့်ကိုသူတောင်းစားလို့ ထင်မှာစိုးလို့ ပါ။
ကျတော် ပိုက်ဆံတောင်းတာမဟုတ်ပါဘူး။ ဗိုလ်ကြီး ကျတော့်ကိုထမင်းလေးကျွေးရင်ကျေန ပ်ပါတယ် ဗိုလ်ကြီးရယ်"
ကျတော်အမှန်တိုင်းဝန်ခံရရင် ရင်ထဲစို့ တက်လာပြီး မျက်ရည်ဝိုင်းသွားတယ်။
"ဖြစ်ရလေဗျာ"
"ခင်ဗျားခြေထောက်ကဘယ်မှာပြတ်တာလဲ"
"ထီးမူခီး အ၀င်မှာပါဗိုလ်ကြီး"
"သြော်...အခုဘယ်သူနဲ့ နေလဲ"
"ကျတော်တစ်ယောက်ထဲပဲနေပါတယ်။ ဆွေမျိုးလဲမရှိဘူးလေ"
ကျတော်သိချင်တာလေးတွေသူ့ ကိုမေးနေမိတယ်။
ကျတော်တို့ စကားပြောနေတာကို ဘေးက၀ပ်ရှော့ ကကောင်လေးတွေနဲ့ ကားပြင်ဆ
ရာတွေက၀ိုင်းကြည့်နေတယ်။ သူတို့ စိတ်ထဲမှာ အထင်သေးနေတာလား
ဝမ်းနည်းနေတာလား ကျတော်မသိဘူး။ ကျတော်စိတ်ထဲမှာအဲဒီအချိန်ကျတော်သိတာတစ်ခုပဲရှိတယ်။
ကျတော်သူ့ အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ ။
ကျတော်ပြောပြောဆိုဆိုနဲ့ ။ သူ့ လက်ထဲပိုက်ဆံတစ်သောင်းထဲ့ပေးလိုက်တယ်။
ကျတော့်မှာလဲသိပ်ရှိလွန်းလို့ တော့မဟုတ်ပါဘူး တတ်နိုင်သလောက်ပါပဲ။
"ကျေးဇူးတင်လိုက်တာဗိုလ်ကြီးရယ် ဗိုလ်ကြီးကျေးဇူးကျတော်မမေ့ပါဘူး"
"ရပါတယ်ဗျာ စစ်သားအချင်းချင်းပဲ"
"ခင်ဗျားမှတ်ထား စစ်သားဆိုတာ အရင်ကစစ်သားပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုစစ်သားပဲဖြစ်နေဖြစ်နေ အားလုံးဟာ ရဲဘော်ရဲဘက်ပဲ"
ကျတော်တို့ ပြောနေတာကိုကြည့်ပြီး ဘေးကကားပြင်နေတဲ့ကားပြင်ဆရာက
သူ့ လက်ထဲကို ပိုက်ဆံတစ်သောင်းထပ်ထဲ့ပေးတယ်။
ကျတော်ကအမြင်လွဲသွားမှာဆိုးလို့ 
"သူ သူတောင်းစားမဟုတ်ဘူး ကားဆရာ"
"ကျတော် ဗိုလ်ကြီးတို့ ပြောနေတာတွေအကုန်ကြားပါတယ်။ ဒါလဲကျတော်တတ်နိုင်သလောက်ကူညီတာ ပါ"
ကျတော်အရမ်းဝမ်းသာသွားပါတယ်
သူ့ ကိုယ်စားကျေးဇူးတင်ပါတယ်လို့ လဲ ကားပြင်ဆရာကိုပြောလိုက်တယ်။
စစ်ထွက်ကြီးကတော့ ကျတော့်ကို ချိုင်းထောက်တစ်ဘက်နဲ့ အလေးပြုတယ်။
ကျတော်သတိကိုမတ်နေအောင်ဆွဲပြီး ပြန်အလေးပြုလိုက်တယ်။
ကျတော့်ပုံစုံက ကြောင်ရင်ကြောင်သွားနိုင်တယ်။ ဒါပေမယ့်ကျတော်မရှက်ပါဘူး
"ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည် "
One time Soldier everytime Soldier
ထူးဝေ
From:Htoo Waiရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းကမလဲရသေးဘူးဗျ။ အဲလိုနဲ့ ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ့ ကျတော့်ဆီတစ်ဖြေးဖြေးလှမ်းလာနေ
ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိပါတယ်။ နောက်ပြီးကျတော့်ကို မ၀ံ့မရဲနဲ့ စကားပြောတယ်။
"ဗိုလ်ကြီး ကျတော် သူတောင်းစားမဟုတ်ပါဘူး "
ကျတော်မျက်မှောင်ကျုံ့ ပြီးပြန်ကြည့်မိတယ်။ ပြီးတော့သူ့ ကိုပြန်ပြောတယ်။
"အင်း...ဘာဖြစ်လို့ လဲ ပြောလေ"
"ဟုတ်ကဲ့ကျတော် တပ်ထွက်ပါဗိုလ်ကြီး ။ နောင်ချိုတပ်ကပါ။ ဒါကျတော့်တပ်ထွက်လက်မှတ်ပါ"
"သြော်...ဒုတပ်ကြပ်ပဲ။ အခုကဘာဖြစ်လို့ လဲဆရာ"
"ကျတော် ကုတင် ၇၀၀ မှာခြေတုလာလဲတာပါ။ ဧရာဝတီတိုင်း လပ္ပတာ ကနေလာတာပါဗိုလ်ကြီး။ ခြေထောက်ပြတ်တော့ မိန်းမကလဲ ပြေးသွားပြီ။
ရွာမှာတော့ လယ်စောင့်တဲ့အလုပ်လုပ်ပါတယ်။ အခုခြေတုလာလဲတာပါ။
ကျတော်အခု ထမင်းမစားရတာ နှစ်ရက်လောက်၇ှိနေလို့ ပါဗိုလ်ကြီး။
အခုဒီလိုလာပြောတာလဲ ဗိုလ်ကြီး ယူနီဖောင်းနဲ့ မို့ လို့ လာပြောတာပါ။
တခြားအရပ်သားတွေကိုလဲမပြောရဲဘူး
တခြားသူတွေကိုပြောရင် ကျတော့်ကိုသူတောင်းစားလို့ ထင်မှာစိုးလို့ ပါ။
ကျတော် ပိုက်ဆံတောင်းတာမဟုတ်ပါဘူး။ ဗိုလ်ကြီး ကျတော့်ကိုထမင်းလေးကျွေးရင်ကျေန
ကျတော်အမှန်တိုင်းဝန်ခံရရင် ရင်ထဲစို့ တက်လာပြီး မျက်ရည်ဝိုင်းသွားတယ်။
"ဖြစ်ရလေဗျာ"
"ခင်ဗျားခြေထောက်ကဘယ်မှာပြတ်တာလ
"ထီးမူခီး အ၀င်မှာပါဗိုလ်ကြီး"
"သြော်...အခုဘယ်သူနဲ့ နေလဲ"
"ကျတော်တစ်ယောက်ထဲပဲနေပါတယ်။ ဆွေမျိုးလဲမရှိဘူးလေ"
ကျတော်သိချင်တာလေးတွေသူ့ ကိုမေးနေမိတယ်။
ကျတော်တို့ စကားပြောနေတာကို ဘေးက၀ပ်ရှော့ ကကောင်လေးတွေနဲ့ ကားပြင်ဆ
ရာတွေက၀ိုင်းကြည့်နေတယ်။ သူတို့ စိတ်ထဲမှာ အထင်သေးနေတာလား
ဝမ်းနည်းနေတာလား ကျတော်မသိဘူး။ ကျတော်စိတ်ထဲမှာအဲဒီအချိန်ကျတော
ကျတော်သူ့ အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ
ကျတော်ပြောပြောဆိုဆိုနဲ့ ။ သူ့ လက်ထဲပိုက်ဆံတစ်သောင်းထဲ့ပေးလိ
ကျတော့်မှာလဲသိပ်ရှိလွန်းလို့ တော့မဟုတ်ပါဘူး တတ်နိုင်သလောက်ပါပဲ။
"ကျေးဇူးတင်လိုက်တာဗိုလ်ကြီးရယ်
"ရပါတယ်ဗျာ စစ်သားအချင်းချင်းပဲ"
"ခင်ဗျားမှတ်ထား စစ်သားဆိုတာ အရင်ကစစ်သားပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုစစ်သားပဲဖြစ်နေဖြစ်နေ အားလုံးဟာ ရဲဘော်ရဲဘက်ပဲ"
ကျတော်တို့ ပြောနေတာကိုကြည့်ပြီး ဘေးကကားပြင်နေတဲ့ကားပြင်ဆရာက
သူ့ လက်ထဲကို ပိုက်ဆံတစ်သောင်းထပ်ထဲ့ပေးတယ်။
ကျတော်ကအမြင်လွဲသွားမှာဆိုးလို့ 
"သူ သူတောင်းစားမဟုတ်ဘူး ကားဆရာ"
"ကျတော် ဗိုလ်ကြီးတို့ ပြောနေတာတွေအကုန်ကြားပါတယ်။ ဒါလဲကျတော်တတ်နိုင်သလောက်ကူညီတာ
ကျတော်အရမ်းဝမ်းသာသွားပါတယ်
သူ့ ကိုယ်စားကျေးဇူးတင်ပါတယ်လို့ လဲ ကားပြင်ဆရာကိုပြောလိုက်တယ်။
စစ်ထွက်ကြီးကတော့ ကျတော့်ကို ချိုင်းထောက်တစ်ဘက်နဲ့ အလေးပြုတယ်။
ကျတော်သတိကိုမတ်နေအောင်ဆွဲပြီး ပြန်အလေးပြုလိုက်တယ်။
ကျတော့်ပုံစုံက ကြောင်ရင်ကြောင်သွားနိုင်တယ်။ ဒါပေမယ့်ကျတော်မရှက်ပါဘူး
"ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည် "
One time Soldier everytime Soldier
ထူးဝေ
Monday, 24 February 2014
ကျိုက္ခမီရေလယ်ဘုရားကို 6/9/2013 ရက်နေ့မှာ ရောက်လာပီး ပင်လယ်ထဲကို ပြန်ထွက်သွားတဲ့ ဝေလငါး
ပုဂံအွန်လိုင်းမီဒီယာမှ
Sunday, 23 February 2014
ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်
From : The Voice Weekly
Friday, 21 February 2014
BM ကားတစ်စီး နဝဒေးခုံးတံတားပေါ်မှပြုတ်ကျ
ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့နံနက် ၁
နာရီခွဲအချိန်ခန့်က မြောက်ဥက္ကာအဝိုင်းဘက်မှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ မောင်းနှင်လာသော ဈေးကြို BM ကားတစ်စီး
နဝဒေးခုံးတံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ကျန် ကားပေါ်ပါလာသူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - အောင်ဇော်မင်း
Popular Myanmar News Journal