သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 25 February 2014

သူ....သူ သူတောင်းစား မဟုတ်ပါ

 No comments
မနေ့ က ကားအောက်ပိုင်းလေးစစ်ဘို့ ဝပ်ရှော့ သွားပြတယ်။ နဲနဲကြာတော့ ဖုန်းအင်တာနက်လေးဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်ရင်းထိုင်စောင့်နေမိတယ်။
ရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းကမလဲရသေးဘူးဗျ။ အဲလိုနဲ့ ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ့ ကျတော့်ဆီတစ်ဖြေးဖြေးလှမ်းလာနေတာကိုသတိပြုမိတယ်။
ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိပါတယ်။ နောက်ပြီးကျတော့်ကို မ၀ံ့မရဲနဲ့ စကားပြောတယ်။

"ဗိုလ်ကြီး ကျတော် သူတောင်းစားမဟုတ်ပါဘူး "

ကျတော်မျက်မှောင်ကျုံ့ ပြီးပြန်ကြည့်မိတယ်။ ပြီးတော့သူ့ ကိုပြန်ပြောတယ်။

"အင်း...ဘာဖြစ်လို့ လဲ ပြောလေ"

"ဟုတ်ကဲ့ကျတော် တပ်ထွက်ပါဗိုလ်ကြီး ။ နောင်ချိုတပ်ကပါ။ ဒါကျတော့်တပ်ထွက်လက်မှတ်ပါ"

"သြော်...ဒုတပ်ကြပ်ပဲ။ အခုကဘာဖြစ်လို့ လဲဆရာ"

"ကျတော် ကုတင် ၇၀၀ မှာခြေတုလာလဲတာပါ။ ဧရာဝတီတိုင်း လပ္ပတာ ကနေလာတာပါဗိုလ်ကြီး။ ခြေထောက်ပြတ်တော့ မိန်းမကလဲ ပြေးသွားပြီ။
ရွာမှာတော့ လယ်စောင့်တဲ့အလုပ်လုပ်ပါတယ်။ အခုခြေတုလာလဲတာပါ။
ကျတော်အခု ထမင်းမစားရတာ နှစ်ရက်လောက်၇ှိနေလို့ ပါဗိုလ်ကြီး။
အခုဒီလိုလာပြောတာလဲ ဗိုလ်ကြီး ယူနီဖောင်းနဲ့ မို့ လို့ လာပြောတာပါ။
တခြားအရပ်သားတွေကိုလဲမပြောရဲဘူး။ စစ်သားချင်းမို့ လို့ ကျတော်ပြောပြတာပါ။
တခြားသူတွေကိုပြောရင် ကျတော့်ကိုသူတောင်းစားလို့ ထင်မှာစိုးလို့ ပါ။
ကျတော် ပိုက်ဆံတောင်းတာမဟုတ်ပါဘူး။ ဗိုလ်ကြီး ကျတော့်ကိုထမင်းလေးကျွေးရင်ကျေနပ်ပါတယ် ဗိုလ်ကြီးရယ်"

ကျတော်အမှန်တိုင်းဝန်ခံရရင် ရင်ထဲစို့ တက်လာပြီး မျက်ရည်ဝိုင်းသွားတယ်။

"ဖြစ်ရလေဗျာ"

"ခင်ဗျားခြေထောက်ကဘယ်မှာပြတ်တာလဲ"

"ထီးမူခီး အ၀င်မှာပါဗိုလ်ကြီး"

"သြော်...အခုဘယ်သူနဲ့ နေလဲ"

"ကျတော်တစ်ယောက်ထဲပဲနေပါတယ်။ ဆွေမျိုးလဲမရှိဘူးလေ"

ကျတော်သိချင်တာလေးတွေသူ့ ကိုမေးနေမိတယ်။
ကျတော်တို့ စကားပြောနေတာကို ဘေးက၀ပ်ရှော့ ကကောင်လေးတွေနဲ့ ကားပြင်ဆ
ရာတွေက၀ိုင်းကြည့်နေတယ်။ သူတို့ စိတ်ထဲမှာ အထင်သေးနေတာလား
ဝမ်းနည်းနေတာလား ကျတော်မသိဘူး။ ကျတော်စိတ်ထဲမှာအဲဒီအချိန်ကျတော်သိတာတစ်ခုပဲရှိတယ်။
ကျတော်သူ့ အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ

ကျတော်ပြောပြောဆိုဆိုနဲ့ ။ သူ့ လက်ထဲပိုက်ဆံတစ်သောင်းထဲ့ပေးလိုက်တယ်။
ကျတော့်မှာလဲသိပ်ရှိလွန်းလို့ တော့မဟုတ်ပါဘူး တတ်နိုင်သလောက်ပါပဲ။

"ကျေးဇူးတင်လိုက်တာဗိုလ်ကြီးရယ် ဗိုလ်ကြီးကျေးဇူးကျတော်မမေ့ပါဘူး"

"ရပါတယ်ဗျာ စစ်သားအချင်းချင်းပဲ"

"ခင်ဗျားမှတ်ထား စစ်သားဆိုတာ အရင်ကစစ်သားပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုစစ်သားပဲဖြစ်နေဖြစ်နေ အားလုံးဟာ ရဲဘော်ရဲဘက်ပဲ"

ကျတော်တို့ ပြောနေတာကိုကြည့်ပြီး ဘေးကကားပြင်နေတဲ့ကားပြင်ဆရာက
သူ့ လက်ထဲကို ပိုက်ဆံတစ်သောင်းထပ်ထဲ့ပေးတယ်။

ကျတော်ကအမြင်လွဲသွားမှာဆိုးလို့ 

"သူ သူတောင်းစားမဟုတ်ဘူး ကားဆရာ"

"ကျတော် ဗိုလ်ကြီးတို့ ပြောနေတာတွေအကုန်ကြားပါတယ်။ ဒါလဲကျတော်တတ်နိုင်သလောက်ကူညီတာပါ"

ကျတော်အရမ်းဝမ်းသာသွားပါတယ်

သူ့ ကိုယ်စားကျေးဇူးတင်ပါတယ်လို့ လဲ ကားပြင်ဆရာကိုပြောလိုက်တယ်။

စစ်ထွက်ကြီးကတော့ ကျတော့်ကို ချိုင်းထောက်တစ်ဘက်နဲ့ အလေးပြုတယ်။
ကျတော်သတိကိုမတ်နေအောင်ဆွဲပြီး ပြန်အလေးပြုလိုက်တယ်။

ကျတော့်ပုံစုံက ကြောင်ရင်ကြောင်သွားနိုင်တယ်။ ဒါပေမယ့်ကျတော်မရှက်ပါဘူး

"ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည် "

One time Soldier everytime Soldier

ထူးဝေ
From:Htoo Wai

Monday 24 February 2014

မြန်မာနိုင်ငံရေးဖေ့စ်ဘုတ်ဆိုက်ဘာတိုက်ပွဲများ



MSF ထွက်ခွာရေး စစ်တွေမှာ ဒုတိယမြောက်နေ့ ဆန္ဒပြ

RFA Burmese 

ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ

 

ကျိုက္ခမီရေလယ်ဘုရားကို 6/9/2013 ရက်နေ့မှာ ရောက်လာပီး ပင်လယ်ထဲကို ပြန်ထွက်သွားတဲ့ ဝေလငါး


ပုဂံအွန်လိုင်းမီဒီယာမှ

Friday 21 February 2014

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး



ပြည်သူမှဂုဏ်ပြုချီးမြှင့် ခံရသောယာဉ်ထိန်းရဲ



မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်



ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်အပေါ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်



မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းသည့် ထိုင်းနှင့်အင်ဒို ငါးဖမ်းသင်္ဘော (၅)စင်းအား မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းဆီး



BM ကားတစ်စီး နဝဒေးခုံးတံတားပေါ်မှပြုတ်ကျ

ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့နံနက် ၁

နာရီခွဲအချိန်ခန့်က မြောက်ဥက္ကာအဝိုင်းဘက်မှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ မောင်းနှင်လာသော ဈေးကြို BM ကားတစ်စီး
နဝဒေးခုံးတံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ကျန် ကားပေါ်ပါလာသူ ၅ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 
 




သတင်း၊ ဓာတ်ပုံ - အောင်ဇော်မင်း
Popular Myanmar News Journal

ရန်ကုန်မြို့ တွင်းမှ ဘတ်စ်ကားယာဉ်လိုင်းတစ်ခုမှ အမြင်မတော်ခရီးသွားတစ်ဦးရင်ဖွင့် ညည်းတွားသံ

လူကြီး မင်း's photo.  

ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်..ဆိုသောထ္မင်းဆိုင်

Thursday, February 20, 2014






Tuesday 4 February 2014

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်

 

ဆေးဖက်ဝင် မရမ်းသီးအကြောင်းဖတ်ရအောင်



မြန်မာ့ တပ်မတော်က ရေငုတ်သင်္ဘောဝယ်တယ်ဆိုတာ စစ်မှန်ရဲ့ လား



ယနေ့ စစ်တွေ လူလုဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုချက် (၇)ချက်မှာ



ထက်မြက်သူနဲ့ ညံ့ဖျင်းသူ


ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရရှိမည်ဟုပြောဆိုကာ ငွေများ လိမ်လည်ရယူသွားသူအား ဖမ်းဆီးရမိ


 ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ထူးဆန်းသောကမ္ဘာကျော်ပညာရှင်များ



ဝန်ကြီး ဦးအုံးမြင့်၏ပြောစကားနှင့်ပတ်သက်၍ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆို ယနေ့တင်သွင်း



ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်အခုတင်ပြမဲ့  

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်