သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday, 26 January 2015

ဦးတေဇ အပါအ၀င် ခရိုနီလုပ်ငန်းရှင်ကြီးများ သတင်းစာရှင်းမယ်ဆိုရင် . . .

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံသည့်ပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတေဇ ဖြေကြားနေစဉ် - See more at: http://www.news-eleven.com/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8/%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%90%E1%80%87-%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%81%80%E1%80%84%E1%80%B9-%E1%80%81%E1%82%90%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%84%E1%80%B9#sthash.QtZCxD11.dpuf
   

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံသည့်ပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတေဇ ဖြေကြားနေစဉ်

ဇန်နဝါရီ ၁၉ ရက်မှာ ခရိုနီလုပ်ငန်းရှင်ကြီး ဦးတေဇက သူ့အိမ်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် လုပ်ခဲ့ပါတယ်။

Tuesday, 13 January 2015

တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ

 
12.1.2015
အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းတစ်ပုဒ်ကတော့ အစိုးရ စစ်တပ်ကနေ ကချင်ပြည်နယ်မှာ သစ်မှောင်ခို ၀င်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အပါအ၀င် သစ်တင်ကား၊ အခြား ယာဉ်နဲ့ ယန္တယား အများအပြား ဖမ်းဆီးလိုက်တဲ့ သတင်းပါ။ အစိုးရရဲ့ သစ်မှောင်ခို ဖမ်းဆီးမှု သမိုင်းမှာ နိုင်ငံခြားသား အများဆုံးနဲ့ သစ်တင်ကား အများဆုံး ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ တဆက်တည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ 

UNFC တင်ပဲ စင်ပြိုင်တပ်လား UWSA “ ၀ “ အဖွဲ့ အပါဝင် ကျန်အဖွဲ့တွေ ကကော စင်ပြိုင်တပ် မဟုတ်ဘူးလား


 
UNFC တင်ပဲ စင်ပြိုင်တပ်လား UWSA “ ၀ “ အဖွဲ့ အပါဝင် ကျန်အဖွဲ့တွေ ကကော စင်ပြိုင်တပ် မဟုတ်ဘူးလား
==================================================
ကိုစိုင်း( ရှမ်းမောမြေ)
စင်ပြိုင်တပ်မတော်ဆိုတဲ့ စကားလုံးဟာ အခုနောက်ပိုင်း သတင်းမီဒီယာတွေမှာ တခါတရံမြင်တွေ့လာတဲ့ စကားလုံးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာပါ မကြာမကြာမြင်တွေ့လာရတဲ့ စကားလုံးဖြစ်ပါတယ်။ ပထမဆုံးဒီစကားလုံးကို ထင်ထင်ရှားရှား သတိပြုမိလာတာကတော့ တပ်မတော် 

ရီးသည်တင် MH17လေယာဉ်ကို ပစ်ချသူဟုဆိုသည့် လေယာဉ်မှူး၏ ဓာတ်ပုံ ထွက်ပေါ်လာ

 

 ရီးသည်တင် MH17လေယာဉ်ကို ပစ်ချသူဟုဆိုသည့် လေယာဉ်မှူး၏ ဓာတ်ပုံ ထွက်ပေါ်လာရုရှားထောက်လှမ်းရေးက မုသားဖော်စက်ဖြင့် စစ်ဆေးပေးရန် တောင်းဆို
Written by မဇ္ဈိမ

လာပြန်ပြီနောက်တစ်ယောက် ဓမ္မစေတီခေါင်းကြီးဆယ်မည့်သူ( ဦးကျော်ဝင်း)


ဓမ္မစေတီ ခေါင်းလောင်း
        ( ဆယ်မည့်သူ ဦးကျော်ဝင်း )

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း မြန်မာနည်း မြန်မာဟန်ဖြင့် ပထမဆုံးအကြိမ် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေခဲ့သူ ဦးစံလင်းပြီးနောက် ယခု ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယအကြိမ်မြောက် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူခွင့်ကို သင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်းက ရရှိခဲ့သည်။

ရေထဲတွင် နှစ်ပေါင်း ၄၀၀ ကျော် နှစ်မြှပ်နေသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ၀ိဇ္ဇာနှင့် သိပ္ပံနည်းလမ်း ၂ မျိုးစလုံး အသုံးပြုပြီး ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်ဝင်းက ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို ဇန်န၀ါရီလ ၁၂ ရက်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း ၃ ခု ဆုံရာ သန်လျင်ရေနံချက်စက်ရုံ ဆိပ်ကမ်းအနီးတွင် စတင်နေပြီ ဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ဒုတိယအကြိမ် ရှာဖွေခွင့်ရသူ ဦးကျော်ဝင်းအား ဧရာဝတီ သတင်းဌာန သတင်းထောက် ဘုန်းမြတ်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။     ။ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ဖို့ ဘယ်လို စိတ်ကူး ဖြစ်ခဲ့တာပါလဲ။
ဖြေ။     ။ ကျနော် ၁၉၉၇ ခုနှစ်၊ သီလ၀ါ စတားဘိလပ်မြေ စက်ရုံ၊ အခု (Lavice) ဘိလပ်မြေ စက်ရုံ တည်တုန်းကပေါ့။ အဲဒီတုန်းက စသိတာပါ။ အဲဒီတုန်းက ဘယ်သူမှ  ဆယ်လို့ မအောင်မြင်တဲ့ အချိန်ပေါ့လေ။
မေး။     ။ အခုအချိန်မှ ခေါင်းလောင်းဆယ်ဖို့ ဖြစ်လာတာက ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။
ဖြေ။     ။ အိမ်မက်တွေ၊ အတိတ်နိမိတ်တွေလည်း ပါတာပေါ့။ နောက် ဒါက တကယ့် လူစွမ်းကောင်း ရွေးပွဲကြီးလိုပေါ့။ အဲဒါလည်း ပါတာပေါ့။
မေး။     ။ ဘယ်လို အိမ်မက်တွေ၊ ဘယ်လို အတိတ်နိမိတ်တွေကြောင့် ဆယ်ဖြစ်သွားတာပါလဲ။
ဖြေ။     ။ ဦးက ရန်ကုန်မြစ်ကြီးကို Google Earth ကနေ အမြဲကြည့်နေတာ၊ တရက်မှာ အဲဒီ နေရာတခုကို သံသယ ရှိတယ်ပေါ့နော်။ ညဘက် အိမ်မက်မက်တော့ ကောင်းကင်မှာ ကြယ်ကြီးတလုံးပေါ။့ အဲဒီကြယ်က “လ” နားမှာ ရှိတယ်။ သူက “လ” လောက် အရွယ်အစား ရှိတယ်။ သူထဲမှာ ကြယ်လေးတွေ အပြည့်ရှိတယ်။ နောက်အဲဒီ ကြယ်ကို မတွေ့တော့ တိမ်ညွန့်လေးတွေ ကြည့်ပြီး လိုက်ရှာတော့ အဲဒီ ကြယ်ဟာ ရေထဲကျသွားတယ်။ အဲဒီ ရေပြင်ကြီးက လှပနေတယ်၊ ပန်းကန်ပြားပျံကြီး ကျသလို။ ဘာနဲ့တူလဲဆိုရင် ၅ ထောင်တန်ထဲမှာပါတဲ့ ဆင်ဖြူတော်ကြီးက ရှေ့မှာ ရေထဲကျတဲ့ ကြယ်တခုကို ရှာတဲ့ပုံစံနဲ့ ဦးအဖြစ်နဲ့ တူပါတယ်။
မေး။     ။ ခေါင်းလောင်း ရှာဖွေမှု လုပ်ငန်းတွေအတွက် လောလောဆယ် ငွေကြေးသုံးစွဲမှု ဘယ်လောက် ရှိသွားပါပြီလဲ။
ဖြေ။     ။ စက်လှေ ငှားခကတော့ တရက်ကို ၄ သောင်းပါ။ နောက် ကားခတွေ ကုန်တာတွေ ရှိတယ်။ ဒါတွေကတော့ အသေးအဖွဲပါ။ ရှာတဲ့စက် (ရေအောက် တိုင်းတာရေးစက်) ကတော့ ၈ သိန်း ပေးရပါတယ်။ ဒါလည်း သိပ်ဈေးကြီးတယ်လို့ မဆိုသာပါဘူး။ ခေါင်းလောင်း တွေ့ရင်ပေါ့။
မေး။     ။ တကယ်လို့ ခေါင်းလောင်းကြီးကို တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုနည်းနဲ့ ဆယ်ယူမှာပါလဲ။
ဖြေ။     ။ တွေ့ခဲ့မယ်ဆိုရင် နိုင်ငံတော်ကို ပထမဆုံး သတင်းပို့မယ်။ သူတို့ ကျနော်ကို ဘာတာဝန်ပေးမလဲပေါ့။ တကယ်လို့ ဦးကျော်ဝင်းပဲ ဆက်လုပ်ပါဆို ကျနော်မှာ အစီအစဉ် ရှိပြီးသားပါ။ တကယ်လို့ ကမ်းနားဘက်မှာ ရှာတွေ့ခဲ့မယ် ဆိုရင် ဘာမှ သိပ်ခဲယဉ်းတဲ့အလုပ် မဟုတ်ပါဘူး။ ပထမဆုံး သောင်စုပ်တဲ့ စက်လှေတွေနဲ့ စုပ်မယ်။ ကျနော် စက်အကြီးကြီးတွေ မသုံးပါဘူး။ ဘာလို့လဲဆိုတော့ တခြား ပစ္စည်းတွေလည်းပါရင် ထိခိုက်သွားမှာ စိုးလို့ပါ။ ပြီးရင် မြစ်ထဲမှာ ဘော်ယာဆယ်တဲ့ ဆင်ပြောင် သင်္ဘောကြီးတွေ ရှိပါတယ်။ ၀န်ချီစက် အကြီးစားကြီးတွေပါတဲ့ သင်္ဘောကြီးတွေနဲ့ ဆယ်ဖို့ အစီအစဉ် ရှိပါတယ်။
မေး။     ။ ခေါင်းလောင်းကြီး ရှာဖွေဖို့အတွက် ရက် ဘယ်လောက် သတ်မှတ်ထားပါလဲ။
ဖြေ။     ။ အခုစက်က ကျနော် စိတ်တိုင်း မကျသေးဘူး။ ကျနော် လိုချင်တဲ့ပုံစံ မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ ရေအတိမ်အနက် ပြတာလည်း မမှန်ဘူး။ ကမ်းစပ်ကို တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ရေအနက်မှာ တိုင်းတော့လည်း ဒီအတိုင်း ပြတယ်။ ၀ယ်ထားတဲ့ဆိုင်ကို သေချာပြန်ပြပြီး  စက်စိတ်တိုင်းကျမှ ပြန်ရှာမယ်။
မေး။     ။ ဒီရှာဖွေမှုနဲ့ ပတ်သက်ပြီး ၀ိဇ္ဇာတွေအနေနဲ့ ပြောထား၊ ဆိုထားတာများရော ရှိပါလား။
ဖြေ။     ။ အကြားအမြင် ဆရာမ တယောက်တော့ ပြောဖူးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကပေါ့။ ပစ္စည်းတခု ရှာရမယ်။ အဲဒီပစ္စည်းက ခေါင်းလောင်း ဒါမှမဟုတ် ကျောက်စာ၊ ဒါမှမဟုတ် ရွှေသရဖူပေါ့။ အဲဒီနေရာကို လှေနဲ့တဆင့် သွားရမယ်။ အချိန် မကျသေးဘူးတဲ့။ အဲဒါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောတာပေါ့။ ပြောတာက ၀င်းစိန်တောရ ကျောင်းက အကြားအမြင် ဆရာမပါ။ သူက ကျနော် မမေးဘဲ ပြောတာပါ။ ဒါနဲ့ ကျနော်လည်း အားတက်ပြီး ဆယ်ဖြစ်သွားတာပါ။
မေး။     ။ ခေါင်းလောင်းက သန်လျင် ရေနံချက်စက်ရုံ ဆိပ်ကမ်းရဲ့ ဘယ်နှစ်ကိုက် အကွာလောက်မှာ ရှိမယ်လို့ ထင်ပါလဲ။
ဖြေ။     ။ ကျနော် ထင်တယ်၊ ကိုက် ၁၀၀ အကွာလောက်မှာပဲ ရှိမယ်ထင်တယ်။ သိပ်ဝေးဝေးကြီးတော့ မဟုတ်ဘူး။ ကျနော်က Google Earth က ပုံတွေနဲ့ ရေကြောင်း တိုင်းတာရေး စက်တွေနဲ့ ရှာတာလေ။ ဒါပေမယ့် ဘာပုံရိပ်မှ မပေါ်ဘူး။ တခုခုများ ချို့ယွင်းချက် ရှိနေမလားလို့ ကျနော် ထင်တယ်။
မေး။     ။ ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က ခေါ်တွေ့တယ်ဆိုတော့ ဘာတွေများ ညွှန်ကြားတာလဲ။
ဖြေ။     ။ ဒါသူတို့နဲ့ မပတ်သက်ဘူးပေါ့။ ဆယ်ချင်လွန်းလို့သာ ခွင့်ပြုလိုက်တာပေါ့လေ။ ကျနော်ကလည်း အကျဉ်းချုပ်ပြီး ဆယ်မယ်။ ငွေကုန်ကြေးကျလည်း မများဘူး။ နောက် ခေတ်မီစက်နဲ့ ရှာတယ်ဆိုတော့ အဲဒါ သူတို့ ခွင့်ပြုလိုက်တာ ပါပါတယ်။
မေး။     ။ ခေါင်းလောင်း ဆယ်ယူမှုနဲ့ ပတ်သက်ပြီး အလှူငွေတွေ ရရှိထားတာများ ရှိလား။ ကိုယ်ပိုင်  ပိုက်ဆံနဲ့ပဲ လုပ်တာလား။
ဖြေ။     ။ အရင် ၁၀နှစ် လောက်ကလည်း ဆယ်ဖို့ ကျနော် လုပ်သေးတယ်။ အဲဒီလိုမျိုးလုပ်တော့                    ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက ပိုက်ဆံ လာလှူတာ ရှိတယ်။ အဲဒီတုန်းက ကျနော် ဘုန်းကြီးဝတ်ကြီးနဲ့ ရွှေတိဂုံဘုရား ဇရပ်မှာ သွားနေတယ်။ ကျနော်ကို ပေးမနေဘူး။ ကျနော် မဆယ်ဖြစ်ဘူး။ နောက်တော့ အဲဒီ ပိုက်ဆံတွေနဲ့ ခေါင်းလောင်းတလုံးလုပ်ပြီး ၀င်းစိန်တောရကို လှူလိုက်တယ်။
အခုက ကိုယ်ပိုင် ပိုက်ဆံနဲ့ပါ။ အလှူလည်း မခံပါဘူး။ သူတို့ (ရန်ကုန်တိုင်း အစိုးရအဖွဲ့) ကလည်း ပြောပါတယ်။ အလှူခံခွင့် မရှိဘူးတဲ့။ ဒါဖြူစင်တဲ့ ပိုက်ဆံနဲ့ပေါ့ဗျာ။ ကျနော် သင်္ဘောလိုက်တုန်းက ရတဲ့ပိုက်ဆံနဲ့ အမေကို အိမ်တလုံး ဆောက်ပေးခဲ့ဖူးပါတယ်။ အခု အဲဒီအိမ်က အမွေဆိုင် ဖြစ်ပြီးတော့ ရောင်းချတဲ့အခါ ကျနော် ပိုက်ဆံရပါတယ်။ ကျနော် ၂ ပုံ ရပါတယ်။ အဲဒီ ပိုက်ဆံနဲ့ ကျနော် လုပ်တာပါ။
မေး။     ။ ခေါင်းလောင်းကြီး ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါလား။
ဖြေ။     ။ လမ်းဆုံးရင်တော့ ရွာရောက်မှာပဲလေ။ ကျနော်တို့ အခက်အခဲတွေ ဖြေရှင်းနိုင်ရင်ပေါ့။ ဥပမာ ရှာဖွေတဲ့စက်က အလုပ်မလုပ်ဘူး။ ဒါတွေကို ဖြေရှင်းနိုင်မယ်။ နောက်တခုက ဆိုင်ရာ၊ ပိုင်ရာတွေနဲ့ သူတို့ကို ခွင့်တောင်းပြီးတော့ အကူအညီနဲ့ပေါ့။ ကျနော် လုပ်လို့ မအောင်မြင်တာ မရှိသေးပါဘူး။ ကျနော် ဆယ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။
မေး။     ။ ခေါင်းလောင်း ရှာဖွေမှုကို အချိန်အတိုင်းအတာ ဘယ်လောက်အထိ ဆောင်ရွက်သွားမလဲ။
ဖြေ။     ။  ဒီအလုပ်ကို မပြီးသ၍ လုပ်သွားမှာပေါ့။ မအောင်မြင်သရွေ့ လုပ်သွားမယ်။ ဦးရဲ့ ကံအရတော့ ရမှာပါ။ မခဲယဉ်းပါဘူး။ သိပ်ကြာမယ်လို့လည်း မထင်ပါဘူး။ လူစွမ်းရင်တော့ နတ်တွေလည်း မနေသာပါဘူး။     ။
ဧရာဝတီဆိုဒ်မှ......

Saturday, 10 January 2015

မိတ်ကတ်လိမ်းဝါသနာရှင် အမျိုးသမီးများသတိပြုရန်




 


 
ဟင်္သာတမြို့မှ အမျိုးသမီးတစ်ဦး Dr’s Secret အလုကုန်ပစ္စည်းသုံးပြီး မျက်နှာမှာ အဖုအပိန့်တွေထွက်လာလို့ ဆေးကုသနေရတဲ့အကြောင်းပါ။ အမျိုးသမီးက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ 

မနောပွဲသို့ တက်ရောက်၍ ဦးသိန်းစိန် မနောအက က


Byအေးသူစံမရန်On Sun, 2015-01-11 06:23Locationရန်ကုန်Issue No.No.620 Sunday, January 11, 2015

မြစ်ကြီးနားမြို့တွင် ကျင်းပနေသော မနောပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတကို ကချင်တိုင်းရင်းသား ကလေးငယ်နှစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ− MOI)
နယ်မြေမတည်ငြိမ်သ ဖြင့် သုံးနှစ်ကြာမကျင်းပဖြစ်ခဲ့ရာ မှ ပြန်လည်ကျင်းပသော 


ဖုန်ကြားရှင်၏ တပ်ဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်

Byငြိမ်းငြိမ်းပြည့်On Sun, 2015-01-11 06:23Location ရန်ကုန်Issue No.No.620 Sunday, January 11, 2015
 
တစ်စခန်းပြန်ထလာသည့် ဖုန်ကြားရှင်ကို တွေ့ရစဉ်(ဓာတ်ပုံ - news.qq)
ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင် ဖုန်ကြားရှင်၏ တပ် ဖွဲ့နှင့် ပါတီက ကြေညာချက်တစ် စောင် ထုတ်ပြန်လိုက်ပြီး ပြည် တွင်းစစ်၏ နောက်ဆက်တွဲပြဿ နာများကို အစိုးရတပ်မတော်က တာဝန်ယူရန်၊ လက်နက်အင်အား ဖြင့် ကိုးကန့်ဒေသကို ပြန်လည် သိမ်းယူခြင်းသည် မတတ်သာ သော နည်းလမ်းတစ်ခုသာဖြစ် ပြီး အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စိတ်ရင်း စေတနာမှန်ဖြင့် ဖော်ဆောင်ရန် စသည့်အချက်တို့ကို မေတ္တာရပ်ခံလိုက်သည်။
ယင်းကြေညာချက်မှာ မြန် မာအစိုးရတပ်မတော်ကို ပြန်လည် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း

သနပ်ခါးများ မပုပ်မသိုးစေရန်အတွက် ထည့်သွင်းသော ဖော်မလင် ဓာတ်ကြောင့် ရေရှည်တွင် အရေပြားကင်ဆာဖြစ်နိုင်••••••



အချို့သော သနပ်ခါးအရည်ဘူး၊ အနှစ်ဘူးများထဲမှ သနပ်ခါးများ မပုပ် မသိုးစေရန်အတွက် ထည့်သွင်း သော ဖော်မလင်ဓာတ်ကြောင့် ရေရှည်တွင် အရေပြား ကင်ဆာအထိ ဖြစ်ပွားနိုင် ကြောင်း အရေပြား အထူးကု ဆရာဝန် ကြီးတစ်ဦးက ပြောကြားသည်။

အကယ်ဒမီ ခိုင်သင်းကြည်နဲ့ တွေ့ဆုံခြင်း

ခိုင်သင်းကြည်, ရုပ်ရှင်, အကယ်ဒမီ, ဇာတ်ဆောင်ဆု,ဇာတ်ပို့ဆု, ရုပ်ရှင်အစည်းအရုံး,
၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သူက ခိုင်သင်းကြည် ပါ။ ခိုင်သင်းကြည် အကယ်ဒမီရတာကို ပျော်ရွှင်ကြတဲ့ ပရိသတ်ကို ကြည့်ပြီး သူ့ရဲ့ ပရိသတ်တွေက သူ့ကို ဘယ်လောက်တောင် အကယ်ဒမီဆု ရစေချင်တယ်ဆိုတာ ပြောပြစရာမလိုလောက်အောင် ထင်ရှားမြင်သာ နေတာ အမှန်ပါပဲ။ ဆုတောင်းပေးတဲ့ ပရိသတ်တွေ ဆုတောင်းပြည့်တဲ့ ဒီနှစ်အတွက် အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ အနုပညာ ဖြတ်သန်းမှု အကြောင်းများနဲ့ အကယ်ဒမီ ခံစားချက်များကို ပရိသတ်များ အတွက် ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က မေးမြန်းဖော်ပြလိုက် ပါတယ်။

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဧပြီလအတွင်း မူဆလင် အမျိုးသမီး ၂၂ ဦး သတ်ဖြတ်ခံရ



ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ၊ မူဆလင် ဓလေ့ထုံးတမ်းအရ အိမ်ထောင်ပြုစဉ် အမျိုးသမီးများဘက်က လင်ယောင်္ကျား ဖြစ်သူများထံ ပေးဆောင်ရမည့် အသွင်း ကြေးငွေများကို အကျေအလည် မပေးဆပ်နိုင်သဖြင့် ဧပြီလ တစ်လအတွင်း အမျိုးသမီး ၂၂ ဦးကို ယောင်္ကျားဖြစ်သူများက သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။

Friday, 9 January 2015

ထူးဆန်းဖွယ် မိန်းခလေးဘဝမှမှ အမျိုးသားဘ၀သို့ အလိုအလျောက် လိင်ပြောင်းလဲသွားသည့် စိုးစန္ဒာထွန်း••••••

အဘစိန် နှင့် အမေစု ဆိုသူများ ဖြေ ကြ ဖို့ ။


   

မြန်မာလို ပြောသော မြန်မာ သမ္မတ ကြီး ဦးသိန်းစိန် ၂၀၁၅ တွင် ဆက် ရန် ရှိသေးသည်

Ashin Vicara added 3 new photos.
မြန်မာလို ပြောသော မြန်မာ သမ္မတ
*******************************
 


တစ်ကျော့ပြန် ဖုန်ကြားရှင် နောက်မှာ ဘယ်သူရှိမလဲ ?


Thursday, January 8, 2015
နှစ်အတန်ကြာ ထွက်ပြေးတိမ်းရှောင်နေသော ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အနေဖြင့် မကြာမီ ရက်ပိုင်းက အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု တရုတ်အစိုးရ၏အာဘော်များအား မကြာခဏဖော်ပြ လေ့ရှိသည့် Global Times တရုတ်သတင်းစာနှင့် ပြုလုပ်သည့် Interview တစ်ခုတွင်ပြောကြားခဲ့သည်။

ကမ္ဘာ့ ရာသက်ပန် အချမ်းသာဆုံး သူကြွယ်ကြီး ခြောက်ဦး

ကမ္ဘာပေါ်တွင် လူမျိုပေါင်းစုံ၊ စရိုက်ပေါင်းစုံနှင့် အဆင့် အတန်းပေါင်းစုံ ရှိနေသည်။ ထိုထိုသော လူများ၏ ကိုယ်ပိုင်ဘဝများ၊ ကိုယ်ပိုင် အယူအဆများ၊ ကိုယ်ပိုင် စွမ်းဆောင် ချက်များကို မသိရှိနိုင်သော်လည်း စွမ်းဆောင်ပေါက်မြောက် ၍အောင်မြင်မှု တလူလူ လွင့်ထူ လာနိုင်သူ များကိုတော့ သိရှိနိုင် ကြသည်။
ထိုသို့ အောင်မြင်သူများစွာမှ စီးပွားရေးတွင် သရဖူဆောင်းကာ ကမ္ဘာ့ရာသက်ပန် သူဌေး သူကြွယ်အဖြစ် သတ်မှတ် ခံထားရ သည့်ဇောတိက သူကြွယ် ကြီးရှစ် ဦး အကြောင်းကို အကျဉ်းချုံး မျှဝေလိုက်ပါသည်။

ဖေ့စ်ဘုတ်ထဲမှ သူသူ ငါငါ ရေးနေကြသော သတင်းအပိုင်းအစများ ၊

 
Khin Mgoo shared Su Su Chi's post. Posted by PNSjapan at 12:28 AM
Labels: သတင်း
Rachanok Min Burma's photo.
----------------------------------------
လက်ပတောင်းတောင် သတ္ထုသိုက်အတွတ်
သတ္ထုရိုင်း တန်ချိန်ပေါင်း = 186 သန်းငွေ (Silver) ပါဝင်မှု =1903.9 တန်= ကာလတန်
ဘိုး အမေရိကန်ဒေါ်လာ 1903 သန်းရွှေ (Gold)ပါဝင်မှု = 605.98 တန် = ကာလတန်ဘိုး အမေရိကန် ဒေါ်လာ 23885 သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း 25788
သန်း သည် ပြည်သူတွေ ခံစားရမှုမရှိပဲ လက်သိပ်ထိုး ခံရပြီး ပျောက်ဆုံးနေပါတယ်၊
 

Friday, 2 January 2015

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် မြန်မာအစိုးရကို တိုက်ဖို့ ပြန်လာပြီ


| - မင်းညီ ဘာသာပြန်ဆိုသည် |

ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့တစ်ခုဖြစ်သော KIA အဖွဲ့အပေါ် မြန်မာ့တပ်မတော်က တိုက်ခိုက်နေသည်ကို လက်မခံနိုင်သော ကြောင့် ကိုးကန့်အဖွဲ့သည်လည်း မြန်မာအစိုးရ အား ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ် သွားတော့မည်ဟု အဖွဲ့ခေါင်းဆောင် ဖုန်ကြား ရှင်က Global Times နှင့် သီးသန့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားလိုက်ရာ . . .

မြန်မာ့ပါတီနိုင်ငံရေး (ဖေ့စ်ဘုတ်မှ)



1-1-2015 မနက် ဖေ့စ်ဘုတ်မှပေါက်ကွဲသံ ပို့ စ်

 

 

ISIS အဖွဲ့ဝင်တဦး လျှို့ဝှက်တည်နေရာကို တွစ်တာတွင် မတော်တဆ ဖော်ပြမိ••••••



ဗေဒင်ဆရာများဟောတဲ့ ၂၀၁၅ နိုင်ငံရေး၊ စီးပွားရေး

 


ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည်။


KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

Byအောင်သူရအေးသူစံOn Sat, 2015-01-03 06:10Locationရန်ကုန်Issue No.No.612 Saturday, January 3, 2015

ဗိုလ်ရှုခံအခမ်းအနားအတွက် ၀တ်စုံပြည့် လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် ဗိုလ်ရှုခံ အခမ်း အနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့ရာတွင် ၁၃ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှ သတင်းရရှိသည်။

၂၀၁၅ ခုနှစ် အိမ်ခြံမြေ အကြောင်း အတင်း အဖျင်း သတင်းစကား ။



ဖုန်းခရေဇီမလုပ်နဲ့ နော် ကြာလာရင်ဂိန်သွားလိမ့် မယ် ။



အဝတ်စားဆင်းရဲသော ၂၀၁၅ နှစ်သစ်ကြို မျှော်စင်ကျွန်းမြန်မာ့ ဂီတပွဲတော် အဆိုရှင်များ

 

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်