သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday, 29 June 2015

မြန်မာနိုင်ငံမှာ Global Growth ကုမ္ပဏီ ဒေါ်လာသန်းချီ ဘယ်လိုလိမ်လည်ခဲ့လဲ


အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဗီယက်နမ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားပြီး အလိုရှိနေသော Global Growth ကုမ္ပဏီ တည်ထောင်သူ တရုတ်နိုင်ငံသား NG Kwok  


  
ဧရာဝတီဘလောက်မှကူးယူဝေမျှခြင်း
-------------------------------------------

ရန်ကုန်မြို့လယ်ခေါင်ရှိ ရုံးခန်းငှားရမ်းခနှုန်း အမြင့်ဆုံးဖြစ်သော ဆာကူရာတာဝါ ၃ လွာတွင် ရုံးခန်းဖွင့်လှစ်ပြီး ဒေါ်လာ သန်းချီ လိမ်လည်သွားသော ငွေလိမ်လည်မှုကြီးတခု ယခုရက်ပိုင်းအတွင်းဖြစ်ပွားသွားပြီး လိမ်လည်သော ကုမ္ပဏီမှာ Global Growth ဆိုသော ကုမ္ပဏီဖြစ်သည်။
အဆိုပါကုမ္ပဏီသည် နိုင်ငံတကာ ရွှေပေါက်ဈေးအတက်အကျ၊ ငွေလဲလှယ်နှုန်း အတက်အကျ ပေါ်တွင် ၀င်ရောက် ကစား ခြင်းဖြင့် ကျိုး အမြတ်ရရှိစေရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ 

Sunday, 28 June 2015

ဖွဲ့စည်းပုံပြင်ရေး ဘယ်သူက နိုင်ပြီး၊ ဘယ်သူက ရှုံးသွားတာလဲ


29 June 2015 

ခုဆိုရင် မြန်မာနိုင်ငံသားအားလုံး၊ မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားသူ အားလုံး စောင့်ကြည့်နေကြတဲ့ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အဖြေ တစ်ခု ထွက်လာပါပြီ။ ဖွဲ့စည်းပုံထဲက ပြင်ဆင်ဖို့ အခက်ဆုံး ပုဒ်မ တွေထဲက အပိုဒ် (၆) ခုကို ပြင်ဆင်ဖို့ တင်ထားတာမှာ တစ်ခုကလွဲရင် ကျန်တာအားလုံး အဆို ရှုံးနိမ့်ခဲ့ပါတယ်။ ဘယ်သူက အနိုင်ရပြီး ဘယ်သူက ရှုံးနိမ့်တာပါလဲ၊ လက်ရှိ လွှတ်တော်ထဲ ဖြစ်ပွားခဲ့တဲ့ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှုရဲ့ တကယ့် အဓိပ္ပါယ်က ဘာပါလဲ၊ ဒီ အဖြစ်အပျက်ကနေ ဘာတွေ သင်ခန်းစာ ယူသင့်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ နှစ်လအတွင်း ကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ရှိ



 
Monday, June 29, 2015

ပြည်ပရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော ကမ်းလွန်စွမ်းအင်စီမံကိန်းတစ်ခုကို တွေ့ရစဉ် (theoilandgasyear)
ယခုဘဏ္ဍာနှစ်အစဧပြီ လမှ မေလကုန်အထိ နှစ်လအ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ ကန်ဒေါ်လာ သန်း၂,၃၀၀ ခန့် ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်မှသတင်းရရှိသည်။

ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ



ကျွန်တော်အရင်ဆုံးပရိတ်သတ် ညီအကိုမောင်နှမတွေ အားလုံးကို တောင်းပန် ချင်ပါတယ် ကျွန်တော်စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့ မရတဲ့အခါ မာနကြီးတယ်လို့ ထင်ကြတယ် အမှန်ကျွန်တော့မှာ အဲ့လို စိတ်မျိုး ဒကယ် မရှိပါဘူး။
ကျွန်တော့ငယ်ဘဝမှာ စာပေအတန်းပညာဘက်မှာ အားနည်းခဲ့တယ်ဗျ ၇တန်းအောင်ပြီး ၈တန်းနဲ့ ကျောင်းထွက်ခဲ့ရတယ် ကျွန်တော့ အမေ ခေါင်းရွက်ဈေးရောင်းပြီးရှာကြွေးနေတာမကြည့်ရက်လို့ ကျွန်တော် ပန်းရံအကူ လိုက်လုပ်ရပါတယ်။ လုပ်ခနှစ်ထောင်ရတာကိုအမေ့ကိုပေးလို့ ထမင်းကြမ်းခဲနဲ့ ငါးပိရည်ကျဲ နဲ့ စားခဲ့ရတဲ့ရက်တွေ မနည်းခဲ့ပါဘူး။


မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီး လက်နက်ကြီးကျည် ကျရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အနီး နေရာသုံးခုမှာ ဒီနေ့ (ဇွန်လ ၂၈ ရက်နေ့) နံနက် ၁ နာရီခွဲလောက်က လက်နက်ကြီးကျည်ဆံတွေ ကျရောက်ခဲ့တာကြောင့် ခလရ ၄၅ တပ်စုတစ်ခု အပါအဝင် တခြား လုံခြုံရေးအင်အား ၁၀၀ အထိ တိုးမြှင့်ချထားတယ်လို့ မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေက ဆိုပါတယ်။
“မနေ့ည တစ်နာရီကျော်က လက်နက်ကြီး သုံးနေရာကျတယ်။ မိန်းကလေးတစ်ယောက်တော့ နည်းနည်းဒဏ်ရာ ရတယ်။ အသေအပျောက် မရှိဘူး။ ဘယ်အဖွဲ့ကမှန်းတော့ မသိဘူး။ စုံစမ်းဆဲပဲ” လို့ မူဆယ်မြို့မ ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် အောင်မျိုးခိုင်က ဆိုပါတယ်။
အဲ့ဒီလက်နက်ကြီး ကျည်ဆံတွေဟာ မူဆယ်-ပန်ဆန်း လမ်းမပေါ်ရှိ ရွှေလိပ်ပြာ စားသောက်ဆိုင် တံစက်မြိတ်ကို တစ်ချက်၊ မြန်မာနိုင်ငံသားများဘဏ် အရှေ့ဘက် မြက်ခင်းပြင်မှာ တစ်ချက်၊ ၁၀၅ ကုန်သွယ်ဇုံအနီးရှိ ပဲပြောင်းနှမ်း ကုန်စည်ဒိုင်ဘေးမှာ တစ်ချက်နဲ့ စုစုပေါင်း လက်နက်ကြီး ကျည်ဆံ သုံးချက် ကျရောက်ခဲ့ပြီး ကျည်ဆံတွေမှာ RPG (ပုခုံးထမ်း လောင်ချာအမျိုးအစား) ဖြစ်တယ်လို့ မူဆယ်မြို့မ ရဲစခန်းမှ သိရပါတယ်။
ရွှေလိပ်ပြာစားသောက်ဆိုင် တံစက်မြိတ်ကို လက်နက်ကြီး ကျည်ဆံကျရောက်ခဲ့ရာမှာ ဆိုင်အတွင်းမှာရှိတဲ့ အသက် ၂၆ နှစ်အရွယ် မနန်းခမ်းဝမ်မှာ လက်ထိမှန်ဒဏ်ရာ ရရှိသွားပြီး အနီးရှိ ဟွန်ဒါကားတစ်စီး မှန်တွေလည်း ကွဲကြေခဲ့တယ်လို့ အဲ့ဒီရဲစခန်းထံမှ သိရပါတယ်။
The Voice Weekly

ထိုင်းနိုင်ငံရောက်မြန်မာများသတင်းတိုထွာ ၂၈-၆-၂၀၁၅


 

Wednesday, 17 June 2015

မစ်ဆိုင်းဒုံးတွေ ထပ်ဖြည့်မယ့် ရုရှားကို နေတိုး ရှုတ်ချ

 
BBC NEWS

ကမ္ဘာ့တိုက်ကြီးတွေ အကြား အကွာအဝေး ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း မစ်ဆိုင်းဒုံးတွေနဲ့ ရုရှား နိုင်ငံရဲ့ နျူကလီးယား လက်နက်ပမာဏကို ဖြည့်တင်းသွားမယ့် အစီအစဉ်အပေါ် နေတိုးအဖွဲ့နဲ့ အနောက်အုပ်စု နိုင်ငံတွေက ဝေဖန် ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်အတွင်း IS တို့၏ လှုပ်ရှားမှုများအား သတိကြီးစွာ ဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆို


စိုးမြင့်နိုင်

ရန်ကုန်၊ ဇွန် ၁၂

မြန်မာနိုင်ငံအပေါ် ဘာ သာရေးအရ ခြိမ်းခြောက်နေသည့် အစွန်း ရောက်အစ္စလာမ္မစ်(IS)အဖွဲ့များ၏ လှုပ်ရှား မှုများကို သတိကြီးစွာဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ကျွန်းတုတည်ဆောက်ရေး ပရောဂျက်တစ်


တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ကျွန်းတုတည်ဆောက်ရေး ပရောဂျက်တစ်ခု မကြာမီ အပြီးသတ်မည်ဟုဆို

တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက် ထိန်းချုပ်ရေးအတွက် ကျွန်းတုများ ဆောက်လုပ်နေသည့် စီမံကိန်းတစ်ရပ် မကြာမီ ပြီးဆုံးမည်ဟု တရုတ် အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

Tuesday, 16 June 2015

အောင်မြင်ချင်ရင်တော့ သူများနိုင်ငံလိုပဲ ပံ့ပိုး ဖြည့်ဆည်းပေးဖို့ လိုတယ် လို. ပြောကြားလိုက်တဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ. အင်တာဗျူး။

 


၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ ယူ-၂၃ ဘောလုံး အသင်းကို မြန်မာပြည်သူ
သန်းပေါင်းများစွာက အားပေးခဲ့ကြသော်လည်း ထိုင်းအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် 

ယူ ၂၃ - ယူ ၂၀ -မိုးပေါ်က ကျလာတဲ့ နတ်သားတွေမဟုတ်ပါ



၁၆..၆..၁၅
-
မနေ့ညက ဗိုလ်လုပွဲ ယူ ၂၃ ထိုင်းကို ၃ ဂိုးနဲ့၇ှုံးသွားတော့ ထုံစံအတိုင်း
ဆရာကြီးလေသံတွေနဲ့ ဆုံးမလိုက်ကြပါလေရော့ ..လာ ဗျ
-
လွန်ခဲ့တဲ့ နှစ်ပေါင် ၂၀ လုံးလုံး မြန်မာအားကစားဘောလုံးပွဲ
ဘယ်အချိန် ကန်မလဲလို့တောင်စိတ်မ၀င်စား ခဲ့ဘူး..မဟုတ်လား
-

"ထိုင်းအသင်း၏ ရွှေတံဆိပ်ဆု ပြန်ရုတ်သိမ်းရန် MFFမှ AFC အာရှဘောလုံးအဖွဲ့ချုပ်သို့ အယူခံဝင်ထား"


 

Saturday, 13 June 2015

ဘောလုံးဥက္ကဌကြီးဦးဇော်ဇော်အလှူ


ဒီနေ့မနက်ပိုင်း လေ့ကျင့်မှုအပြီးမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ မြန်မာ ယူ၂၃ အသင်းဟာ ဒုတိယအကြိမ် လှူ ဒါန်းမှု အဖြစ် န၀ကမ္မအလှူ ငွေ ဒေါ်လာ (၅၀၀၀)နဲ့သင်္ကန်းကပ်လှူ ခဲ့ပါတယ်။ စင်ကာပူရှိ သာသန ဓမ္မရံသီ မြန်မာဘုန်းတော်ကြီးကျောင်း ကိုပါ။
အွန်လိုင်းမှ

Friday, 12 June 2015

ရွှေတိဂုံစေတီထိန်းသိမ်းကာကွယ်ရေး ဥပဒေရေးဆွဲရန် လွှတ်တော်ပယ်ချ

Friday, 12 June 2015 00:02 

Written by မင်းမင်း
Print Email
သမိုင်းမှတ်တမ်းများအရ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ကျော်ကတည်းက တည်ရှိခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ရွှေတိဂုံစေတီအား ထိန်းသိမ်းကာကွယ်ရေး ဥပဒေ တစ်ရပ်ရေးဆွဲရန် ဇွန်လ ၁၁ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်က ပယ်ချလိုက်သည်။

အီရန် Nuclear ဆွေးနွေးပွဲ Cyber တိုက်ခိုက်ခံ ရသလား



Friday, 12 June 2015
ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ပြုလုပ်နေတဲ့ အီရန်နျူကလီးယားအရေး ညှိနှိုင်း ဆွေးနွေးပွဲတွေကို အဆင့်မြင့် Cyber တိုက်ခိုက်မှု ပြုလုပ်ဖို့ ကြံစည်ခဲ့ခြင်း ရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း ဆွစ်ဇာလန်နဲ့ သြစတြီးယားနိုင်ငံတို့က အရာရှိတွေက ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်မှာကို လက်ခံပေမယ့် ပြင်ဆင်ချက် ဥပဒေကြမ်းကို လက်မခံဟု အင်န်အယ်လ်ဒီ ပြော

 

Friday, June 12, 2015အာဏာရပါတီက ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်သို့  ယမန်နေ့က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတိုက်အခံ NLD ပါတီက လက်မခံနိုင်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပုသိမ်မြို့နယ် အမတ် ဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင်

တရုတ် လုံခြုံရေး အကြီးအကဲဟောင်း တစ်ကျွန်းကျ


Friday, 12 June 2015 

တရုတ်နိုင်ငံမှာ ကွန်မြူနစ် အုပ်စိုးမှုကာလအတွင်း ခြစားမှုနဲ့ စွဲဆိုခံရသူတွေထဲမှာ အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး အကြီးအကဲဟောင်း ဂျိုယုံခန်း Zhou Yongkangကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက မြောက်ကိုရီးယားကို လူဆိုးနိုင်ငံဟု တံဆိပ်ကပ် သတ်မှတ်

 

ဒါဖာပဋိပက္ခအတွင်းလူပေါင်း ၇၈၀၀၀ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ



Thursday, 11 June 2015

"ဦးသန်းရွှေ ကျေးဇူးကိုမမေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော့်အမြင် ပြောဖို့ခက်တယ်" (Text Report)


Kamayut Media

အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တပ်မတော်ရဲ့ဖခင်ကောင်းဖြစ်တယ်လို့ လက်ရှိစစ်ခေါင်းဆောင်က The Mainichi သတင်းစာနဲ့တွေ့ဆုံခန်းမှာ ထုတ်ဖော်ချီးကျုးလိုက်ပြီး ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်လာသလို ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်