သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday, 31 July 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဇူလိုင် ၃၀
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်း အဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာ စကားပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၆ ရက်မှစတင်၍ တစ်နိုင်ငံ လုံးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အချို့တိုင်းဒေသ ကြီးနှင့် ပြည်နယ် များတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်း၊ ရထားလမ်းနှင့် တံတားများ၊ စိုက်ခင်းများနှင့် လူနေ အိမ်အချို့ ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အဆက်မပြတ်မိုးရွာသွန်းလျက် ရှိသဖြင့် နိုင်ငံ နေရာ အနှံ့အပြား တွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ် ပြီး လမ်း၊ တံတားများနှင့် စိုက်ခင်းများ ထပ်မံပျက်စီးခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းနေချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခုဖြစ်လာပါကြောင်း၊

ယနေ့ မြန်မာနိုင်ငံမိုးသီးထန်စွာရွှာ၍ ရေကြီးသောပုံရိပ်များ

 

စစ်ကိုင်း၊ မကွေးမှာ မိုးများလို့ ရေကြီးနေ



31 July 2015
ကလေးမြို့ထဲက ရပ်ကွက်အတော်များများ ရေလွှမ်းနေ
မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဆက်တိုက် ရွာသွန်း ခဲ့တဲ့ မိုးကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အတွင်းက ဆည်တွေ၊ ရေလှောင်တမံတွေ အများစုဟာ စိုးရိမ်ရေ အမှတ်ကို ကျော်နေ ကြပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆိုရင် ချင်းတောင်ပေါ်က ကျလာတဲ့ မိုးရေတွေများလို့ ကလေးမြို့ရဲ့ ရပ်ကွက် ငါးခု ရေမြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျေးရွာပေါင်း ၂၀ ကျော်လည်း ရွေ့ပြောင်း နေရပါတယ်။

မြန်မာနိုင်ငံကို ၄ရက်ကြာ ရောက်ရှိနေတဲ့ ဟောလီးဝုဒ်မင်းသမီး

 

မြန်မာနိုင်ငံကို ၄ရက်ကြာ ရောက်ရှိနေတဲ့ ဟောလီးဝုဒ်မင်းသမီးလည်းဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံတမန်လည်းဖြစ်တဲ့ အန်ဂျလီနာဂျိုလီဟာ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒီကနေ့ နေ့လည်မှာ ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။
အွန်လိုင်းမှ

ယနေ့ ဖေ့စ်ဘုတ်တွင်လူအကြည့်များသောသတင်း ၃၁-၇-၂၀၁၅


သစ်ခိုးတရုတ်များ လွတ်မြောက်ရေး မြန်မာအစိုးရနှင် ဆက်သွယ်ဟု
တရုတ်ပြော

ဧရာဝတီ

သစ်ခိုးတရုတ် ၁၅၅ ဦးလွတ်မြောက်ရေး အတွက် တရုတ်အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်းတရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟုန်လီက မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဒီသစ်ခိုးတရုတ်တွေဟာ မြန်မာပိုင် ကချင်ပြည်နယ်အတွင်းမှာ ၀င်ရောက်ကာ သစ်ခိုးထုတ်နေသူများဖြစ်တဲ့အတွက် လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာအာဏာပိုင်တို့က တသက်တကျွန်းထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုသို့ချမှတ်ခြင်းကို တရုတ်ပြည်သူနှင့် မီဒီယာက စောင့်ကြည့်နေကြောင်း တရုတ်သတင်းများက ရေးသားခဲ့သလို၊ တရုတ်အစိုးရပိုင်းကလည်း ပြစ်ဒဏ်မှာ မမျှတ ကြောင်း ပြောခဲ့ပြီးနောက် ထောင်ထဲတွင် ၈ရက်ခန့်နေထိုင်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်၊ ထို့သို့ တရုတ်သစ်သူခိုးများအား ပြန်လွှတ်ပေးခြင်းအပေါ် တရုတ်အစိုးရက အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ပါသေးတယ်။

Thursday, 30 July 2015

စစ်တွေမှာ လေပြင်းတိုက်ပြီး မိုးဆက်တိုက်ရွာနေသဖြင့် သစ်ပင်များ ပြိုလဲ

Photo from Ko Ni


သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော မန္တလေး အိုးဘိုထောင်မှ အကျဉ်းသားများ


ဧရာဝတီ
အိုးဘိုထောင်မှ အကျဉ်းသား ၄၄၅ ဦး ပြန်လည် လွှတ်ပေးသည်။ အလားတူ မုံရွာထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ထောင်လှမ်းရေးအရာဟောင်း ဗိုလ်မှူးချုပ်သန်းထွန်းလည်း လွတ်မြောက်လာရာ မိသားစု မိတ်ဆွေများက သွားရောက်ခေါ်နေယူနေကြောင်း နီးစပ်သူများကပြောသည်။ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်လောင်းနေရာချန်လှပ်ထား

သမ္မတ၏သဘောဆန္ဒသာဖြစ်ကြောင်းပါတီအထွေထွေအတွင်းရေးမှူးပြောကြား
============================================
ချားလ်ကိုး
ရန်ကုန် ဇူလိုင် ၂၉
============================================
နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ ၂ဝ၁ဝ ရွေးကောက်ပွဲယှဉ်ပြိုင် ခဲ့သည့် ဇမ္ဗူသီရိမဲဆန္ဒနယ်၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်လောင်း လျာထားခြင်းမရှိသေးဘဲ ချန်လှပ် 


ကိုယ်ကံကောင်း မကောင်း ကိုယ့်စေတနာ ကိုယ်ကြည့်


စေတနာဆိုးရင် ကံဆိုးတာပါပဲ။ စေတနာကောင်းရင် ကံကောင်းတာပါပဲ။ ကံကောင်းဖို့ ဘာမျှအခက်အခဲမရှိဘူး။ ငါ့ကံ ကောင်းသလား ၊ မကောင်းဘူးလားဆိုတာကို ဗေဒင်မတွက်နဲ့ သိတယ်။ လက္ခဏာမမေးနဲ့ သိတယ်။ ကံကောင်းသလား ၊ မကောင်းသလား ဆိုတာကို ကိုယ့်စေတနာကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်ဟာကိုယ်တွက်ကြည့်ရင် မသိဘူးလား။ စေတနာဆိုးကြရင် ကံဆိုးတာပါပဲ။ စေတနာကောင်းကြရင် ကံကောင်းကြတာပါပဲ။ စေတနာကို ကံလို့ ခေါ်ကြတာ မဟုတ်ဘူးလား။

ကိုယ့်စေတနာ ကိုယ်တွက်မှ သိတာ။ သူများတွက်လို့ ကိုယ့်စေတနာကို သိပါ့မလား။ မသိဘူး။ အေးဗျာ။ အဲဒါ ကိုယ့်စေတနာ ကိုယ့်ဟာကိုယ်တွက်ရင် သိနိုင်လျက်နဲ့ ဟိုလူသွားမေးရ ၊ ဒီလူသွားမေးရနဲ့ ဘယ်နှယ့်ကြောင့် သူများသွားသွားပြီး ကိုယ့်စေတနာကို မေးနေရတာလဲ။

ကံကောင်း ကံဆိုး သူများမမေးနဲ့ ။ ကိုယ့်ကိုကိုယ်မေး။ ဘုန်းကြီးတို့ ပရိတ်သတ်များ ကိုးကွယ်မှု အဆင့်အတန်းမြင့်ဖို့ ဟုတ်လား။ အပြင်ဘက်မှာ အကူအညီမရှာရဘူး။ မိမိမှာ အကူအညီတွေ အပြည့်အစုံရှိပါတယ်။
(စိတ်ကူးပျော်ရာဆိုဒ်မှ)

အင်းစိန်ထောင်မှ အကျဉ်းသား ၅၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်၃ဝ ရက်နေ့ နေ့လည် ၁နာရီမှစတင်ကာ အသုတ်လိုက်လွှတ်ပေးနေစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

 


ကျားဖြူပါတီကိုယ်စားလှယ်လောင်းများ တခြားပါတီသို့ မကူးပြောင်းရေး ၀န်ခံကတိပြုရ


သျှမ်းသံတော်ဆင့်
ဂျူလိုင်လ ၃၀ ရက် ၂၀၁၅

တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ရှိ ဝေဠုဝန် ကျောင်းတိုက်တွင် ကျားဖြူ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့်လွှတ် တော်ကိုယ် စားလှယ်ေ လာင်းများ တွေ့ဆုံရာ ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း များ အနေနှင့် ပါတီအကူးအပြောင်းမလုပ်ရဟူသည့် ပဋိဥာဉ်စာချုပ်ချုပ်ဆို ခဲ့သည်ဟု သိရသည်။

မြန်မာကာချုပ် အိန္ဒိယ၀န်ကြီးချုပ်နဲ့တွေ့ဆုံ

 

30 July 2015
အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီးရောက်နေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒီကနေ့မှာတော့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား လုံခြုံရေးကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ajit Doval နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar အိန္ဒိယလေတပ်ဦးစီးချုပ် Arup Raha တို့နဲ့အတူ အိန္ဒိယ၀န်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နယူးဒေလီမြို့တော်မှာ တွေ့ဆုံခဲ့တာပါ။

မြေပုံတွင် မုန်တိုင်းနှင့် ရေတက်လာရာမှ လမ်းအချို့ရေမြုပ်


ရန်ကုန်၊ ဇူလှိုင် ၃၀

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် တစ်နာရီ ၄၅ မိုင်၊ ၅၀ နုန်းဖြင့် မုန်တိုင်း ၀င်ရောက် တိုက်ခတ်နေပြီး မုန်တိုင်းနှင့် အတူ ရေတက်လာရာမှ ကမ်းနားလမ်း အပါအ၀င် လမ်းအချို့ ရေမြုပ်နေသည်ဟု သိရသည်။

မုန်တိုင်းငယ်မှာ ဆိုင်ကလုန်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် Komen အမည်ပေး


ရန်ကုန်၊ ဇူလှိုင် ၃၀

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ အင်အားပြင်း ဆိုင်ကလုန်မုန်တိုင်း အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ယခုအခါ ယင်းဆိုင်ကလုန် မုန်တိုင်းအား Komen ဟု အမည်ပေးလိုက်ပြီဟု ဘင်္ဂလာဒေ့ရှ် မိုးလေ၀သနှင့် ဇလ ဗေဒမှ ကြေငြာသည်။

ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြားသိန်းနှင့်ချီတွေ့ရှိမှု ဇေကမ္ဘာနှင့်မသက်ဆိုင်ဟု ဦးခင်ရွှေပြောကြား


30/7/2015

မင်္ဂလာဒုံစက်မှုဇုန်ရှိ ဇေကမ္ဘာဝင်းအတွင်း ကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိသည့် စိတ် ကြွရူးသွပ်ဆေးပြားများရှာဖွေ တွေ့ရှိမှုသည် ဇေကမ္ဘာကုမ္ပဏီ နှင့် သက်ဆိုင်မှုမရှိကြောင်း ဇေကမ္ဘာကုမ္ပဏီတည်ထောင်သူ ဦးခင်ရွှေက ပြောကြားသည်။

Wednesday, 29 July 2015

ကားတော့ ကားပဲ



ကားတော့ ကားပဲ 
ပြည်သူ့အတွက် 
အကျိုးပြု့တဲ့ ကား
ပုဂ္ဂိုအတွက် 
အကျိုးပြု့တဲ့ကား
ကားခြင်းတူတာတောင်
တန်ဘိုးခြင်းမတူဘူး
ကျုပ်အတွေး ကျုပ်အမြင်ပါ။ 


copy- online

ငါးအရိုးမျက်ခြင်းအတွက် ဆေးမြီးတိုနည်းများ



Tuesday, 28 July 2015 


(၁)သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများထိုးဆွထား၍ ခေတ္တမျှငုံထားပါ။ အရည်ကို တဖြေးဖြေးမျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွား ပေလိမ့်မည်။

(၂)ငှက်ပျောသီးစားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။

နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော UNHCR အထူးကိုယ်စားလှယ် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ တွေ့ ဆုံ....

 

29 July 2015
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မစ္စစ် အင်ဂျလီနာဂျိုလီ တို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ဆွဲနှုတ်ဆက် နေစဉ် (ဓာတ်ပုံ- Myanmar President's Office )
ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်



29.7.2015

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ၄င်းနှင့် အတူနေညီမ၀မ်းကွဲတော်စပ်သူ

မနုနုယဉ် ( ခ ) တေးနုယဉ်( ၃၃)နှစ်အားလူမှုရေးကိစ္စမေးမြန်းရာမှစကားများ

Tuesday, 28 July 2015

နောက်တခါစစ်ဖြစ်လျှင် အမေရိကန်တယောက်မှ မကျန်စေရဘူးလို့ မြောက်ကိုရီးယား ဗိုလ်ချုပ် လေလုံးထွား


28 July 2015 

ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ်စစ်ပွဲကြီးတပွဲဖြစ်လာပါက အမေရိကန်ဘက်မှ လက်နက်ချကြေညာစာတမ်းကို လက်မှတ်ရေးထိုးမည့်သူပင် ကျန်တော့မည်မဟုတ်ကြောင်း မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးတဦးက ၆၂ နှစ်မြောက် ကိုရီးယားစစ်ပွဲအပစ်အခတ်စစ်ပွဲရပ်စဲသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ကိုရီးယားစစ်ပွဲကို ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြသည့် နှစ်ပတ်လည်နေ့၌ မြောက်ကိုရီးယား ပြည်သူများက မျိုးချစ်စိတ်ဓာတ်ဖြင့် စုဝေးကခုန်ရင်း ဂုဏ်ပြုခဲ့ကြသည်။

Thursday, 9 July 2015

ဦးအောင်သောင်းကို စင်ကာပူပို့ပြီ

 
ဧရာဝတီ

သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် အရေးပေါ် ဆေးကု သမှု ခံယူနေရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ 

ဗဟိုအလုပ်အမှုဆောင်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို ယခု 

စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် 

ဖွံ့ဖြိုးရေးပါတီမှ လယ်ဝေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ဧရာဝတီသို့ 

ယနေ့နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။


ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများ သွားရောက် 


သတင်းမေးမြန်း နေကြကြောင်း သိရှိရသည်။ ၁၉၄၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ မွေးဖွားသော 

ဦးအောင်သောင်းသည် လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အသက် ၇၅ နှစ်ပြည့်မည်ဖြစ်သည်။

----------------
စိတ်ပျက်စရာ ကွန့် မက်များဖတ်ရန် များပြားနေသည့်အတွက်

Wednesday, 8 July 2015

{{{ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း "" ဝိရောစန "" စေတီတော်ကြီး ၊ အံ့ဖွယ်အလှူရှင် နှင့် ခေတ်ကာလ ကျောက်စိမ်းတန်ဖိုး }}}




‪#‎အလှူရှင်အမည်‬ >>> ဦးစိုးနိုင်+ဒေါ်အေးအေးခိုင် ( တစ်ဦးတည်း ပုဂ္ဂလိကလှူဒါန်းခြင်း )
ကျောက်လောကသို့ သာမန် ကျောက်လုပ်သားဘဝကတည်းကပင် စုဆောင်းထားခဲ့ပြီး ယခုခေတ်တွင် မမြင်ဖူးတော့သော ကျောက်များပါရှိနေ ။

ဂေါတမမြတ်စွာဘုရား၏ စွယ်တော် ၄ဆူ အစစ်ဖြစ်စဉ်နှင့်  အတိကျနေရာများ( ကူးယူကြပါ ဝေမျှပါကြပါ ပုံတော်ကို ဖူးကြပါ )

 


မလ္လာမင်းတို့ စိုးစံရာ ကုသိနာရုံပြည်၌ ဗုဒ္ဓရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူလေရာ ရာဇဂြိုလ်ပြည် အဇာတသတ်မင်းအမူးရှိသော ရှစ်ပြည်ထောင်သော ဗုဒ္ဒသာသနာဝင်တို့ သည် ၊
ဓာတ်တော်များကိုတောင်းဆိုလာသဖြင့်  ဘုရင်တို့ ၏ ဆရာဖြစ်သော ဒေါဏပုဏ္ဍား ကြီးသည် ၊ အသမ္ဘိန္နဓာတ်တော်ဖြစ်တော်မူသော

ဒီမိုကရေစီဖြစ်ပေါ်လာပုံခန့် မှန်းချက်(ဒီမိုကရေစီအားစတင် ချေလှမ်းခဲ့သူ) ဆိုလွန် (ဘီစီ ၆၃၈-၅၅၈)



ယနေ့ မြန်မာနိုင်ငံတွင် တိုးတက်ထွန်းကားလာသော အနောက် နိုင်ငံကြီးများရပ်တည်မှု့ နည်းစနစ်ကို ကြည့်ပြီး ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလည်းလိုလားကြသည် ၊
သို့ ပေသော်ငြား ဒီမိုကရေစီစနစ် လူတန်းစား ၊ နေထိုင်ကျင့် သုံးမှု့ ကို ၊ နက်ရှိုင်းစွာ ၊ မသိနားမလည်သေးကြသဖြင့် ၊ လူနေမှု့ စနစ် ၊ စရိုက် ၊ ပါတ်ဝန်းကျင် ၊ ပါတီ အမျိုးမျိုးကွဲပြားခြားနားနေကြသည် ၊
ထိုစနစ်ကို ၊ လူတိုင်းနှစ်သက်ကြပေမည့် ၊ နိုင်ငံရေးသမားများ ၏ မှိုင်းတိုက်ခြင်း ၊ တိကျစွာ အခြေခံကျကျ တိကျစွာရှင်းလင်းမပြနိုင်ခြင်း မလိုလားအပ်သော လူမျိုးများရောထွေးနေခြင်း ၊ ဝါဒဖြန့် ခြင်းကြောင့် ၊ အချိန်မတိုင် ၊ အရွယ်မတိုင် ၊ လူငယ်ကျောင်းသားအတော်မျာများ ၊ အလင်းလောကမှ ၊ အလင်းပျောက်လောကသို့ ၊ယနေ့ 
ရောက်သွားတာ ၊စာဖတ်သူတို့  နေ့ စဉ်နှင့် အမျှ ၊ သတင်းမီဒီယာများ ၊ ပြန့် လွှင့်မှု့ ပေါ်တွင်


သူ့ နာမည်မှာ (အဆို အကရှင် )ဆင်ခိုးမလေး


ရှေးမင်းခေတ် လက်ထက် သီပေါမင်းလက်ကဖြစ်သည် ၊ အဆို အက သဘင်ပညာရှင်ဖြစ်ပြီး ငယ်နာမည်
မရွှေမြင့်ဖြစ်သည် ။ သက္ကရစ် ၁၂၁၄ ခုနှစ်တောင်တွင်းကြီးမြို့ တွင် ဖွားမြင်သည် ။

ကိုယ်လုံးကိုယ်ပေါက်သေးသွယ် ၊ အသားရည် ညိုစိမ့် ၊ ချောမောလှပသူဖြစ်သည် ၊ ငယ်စဉ်တည်းက အကတတ်မြောက်၍ မြေဝိုင်းမင်းသမီးဖြစ်ခဲ့ သည် ၊ 

ကွန်ပျူတာဝယ်တော့ မယ်ဆိုလျှင် ဒါလေးတော့ သိထားရမယ်


Computer -ကွန်ပျူတာ တလုံး Desktop ဒက်စ်တော့ (သံပုံးကြီး)ပဲဖြစ်ဖြစ် ၊ Laptop စားပွဲတင် ခရီးဆောင် 
လက်တော့ပ် ကွန်ပျူတာပဲ ဖြစ်ဖြစ် ၊ မိမိ တစ်လုံးဝယ်ယူ ပိုင်ဆိုင်တော့မည်ဆိုသော်၎င်း ၊
===============================
အဓိက ရည်ညွန်းချက် လုပ်ဆောင်နိုင်ရည် သတ်မှတ်ချက်တို့ ကို ၊ ဝယ်ယူပိုင် ဆိုင်သူတို့ ကမဖြစ်မနေအကျဉ်းချုံး သဘောနားလည်ထားရပေမည် ၊
ယနေ့ ကွန်ပျူတာလောကတွင် ၊ ခံနိုင်ရည်ဒဏ် နှင့် သက်တမ်းရှည် သုံးချနိုင်သော ကွန်ပျုတာနှစ်မျိုးသာ ၊ထင်ရှားနေပေသည် ၊

Windows X:P နှင့် Windows 7 သာဖြစ်ပေသည် ၊ ဘယ် မော်ဒယ်လ် ၊ ဘယ်ဝင်းဒိုး ဗားရှင်း အသစ်ပဲလာလာ
သိထားရမှာက ။

မြှေက်ပင့်ပေးခံ သူရဲကောင်းဆန်ဆန် နောက်ဆုံးတော့ ရှုတ်ချ အဖမ်းခံသွားရသည့်ကျောင်းသား ပြောဆိုခံရသံများ



..အာ့ပြောတာပေါ့ ..ဒင်းတို့လေးတွေ ခွေးလှေးအဆင့်ပဲရှိ
ပါတယ်လ်ု့....တနားလိုလွှတ်ပေးထားတာ..ခုတော့ .....
အင်းစိန် ..ကျောင်းတော်ကြီးမှာလူအတော်စုံသွားပြီ
အာရာဖတ်ကြီးမစီးရတော့ပဲ..ပိတ်ဖြူဝတ် လုံးတီးစား
ဆိုင်ကယ်စီး ထော်လာဂျီ မောင်းရမယ့် ဘဝ ပြောင်းသွား
ပြီ..အပြင်မှာ ဖုန်ထမဲ့ကောင် သိပ်ရှိတော့ဝူး... ကုလား
စည်သူမောင်ရယ် ခေါကြီးတို့ နအို အုပ်စုပဲရှိတော့တယ်
အာ့မောင်တွေ ကတော့ ထောင်ထဲပြန်ဝင်မဲ့အလုပ်တော့
လုပ်တော့ဝူး......တပဲ့ထပ်ရှာပေါ့...
သေချာတာတော့ ကျောင်းတော်ကြီးထဲရောက်နေတဲ့
မောင်တွေ မယ်တွေက ရွေးကောက်ပွဲ ပြီးမှ အပြင်ပြန်
ထွက်ဖို့ စိတ်ကူးယဉ်ပေတော့ .......မြို့ပေါ်ပွဲကတော့
ပြီးသလောက်ရှိသွားပြီ.တောထဲပွဲလဲပြတ်တော့မယ်..
ကဲ....ဘွားတော်ရေ...ကုလားပွဲ ပဲခညားလုပ်ဖို့ကျန်တော့
တယ်.......ဆက်ကြိုးစားလိုက်ဦး.ပြည်ဖျက်ဖို့ကို နော..
ဖေ့စ်ဘုတ်မှ

Wednesday, 1 July 2015

တကသမှရရှိလိုက်သောသိမ်ကြီးဈေး သင်ခန်းစာ

 

မြွေအဆိပ်ဖြေဆေးအပင်ပါ




(သုံးကြိမ်မြောက် ဇီဝိတဒါန အဖြစ်မျှဝေပါသည်)
သုတေသနပြုနိုင်ပါလျှင် အကျိုးကျေးဇူးများနိုင်ပါသည်။
မသိသူကျော်သွားသိသူဖော်စား
ဤဆေးပင်သည်မြန်မာနိုင်ငံ
အနှံ့အပြားတွင်ပေါက်ရောက်ပြီး
ဒန္တသုခ&တောဓားပြဆေးပင်ဟုခေါ်သည်။
ဤဆေးပင်သည်မြွေပွေးမြွေဟောက်စသော
အဆိပ်ရှိသတ္တဝါများ၏အဆိပ်နှင့်
အညှော်ဝင်အညှော်မိ၍ကိုက်ခဲရောင်ရမ်းမှုမှန်သမျှကို
(၅)မိနစ်အတွင်းအလျင်အမြန်ပျောက်ကင်းစေပါသည်။
လက်တွေ့စမ်းသပ်ထားပြီးဖြစ်သဖြင့်
ယုံကြည်စွာသုံးစွဲနိုင်ပါသည်။
အသက်ရှိသေးလျင်လုံလောက်ပါသည်။
ပဉ္စငါးပါးတခုခုကိုဝါး၍အရည်ဖြင့်အနာဝကိုသုတ်လိမ်းပေးပြီး
အဖတ်ကိုမျိုချလိုက်ပါ။
ဖေ့စ်ဘုတ်မှ

ယားမှုပုဒ်မ အာမခံမရပါ )))))))))

ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ်မုခ်ဦး၌
မှုတ်ဆေးဗူးများဖြင့် သရုပ်ပျက်ဆန္ဒပြခဲ့သော ကိစ္စနှင့်
ပတ်သက်ပြီး ယနေ့ နေ့လည် ၃ နာရီခန့်က ရတနာပုံ
ကျောင်းသားသမဂ္ဂ နိုင်ရဲဝေ အပါအ၀င်
ကျောင်းသား ၃ ဦးကို အမရပူရ ရဲစခန်းကဖမ်းဆီးပြီး
အိုးဘိုထောင်သို့ ချက်ချင်းပို့လိုက်သည်။
ကျန်ကျောင်းသားများဖြစ်ကြသည့် အောင်ဆန်းဦးနှင့်
ဂျစ်တူး တို့ကိုလည်းထပ်မံဖမ်ဆီိးလိုက်ပါပြီ.........
.
ကျားမောင်မောင် မှ

ထိုင်းနယ်စပ်ရှိ ၀ တပ်စခန်းကြီး ၇ ခု ရုပ်ပေးရန် မြန်မာစစ်တပ်ထံ ထိုင်းတောင်းဆို

   
သျှမ်းသံတော်ဆင့်
ဂျူလိုင် ၁ ရက် ၂၀၁၅

၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြား ကော် မတီများ နယ်စပ်ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ်မျဉ်းပေါ် ရှိ ၀ တပ် စ ခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို ထိုင်းအာဏာပိုင်က တောင်းဆိုလိုက် သည်။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်