သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday, 14 August 2015

ပြည်သူလူထုထံသို့  သူရဦးရွှေမန်းပြောသောစကား



❖ စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအားမေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။
❖ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး၊ ပြည်သူများ၏ 


ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ 

ဆက်လက်ဆောင်ရွက်သွားပါမယ်။

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။

သူရဦးရွှေမန်း


သူရဦးရွှေမန်းဖေ့စ်ဘုတ်မှ

Tuesday, 11 August 2015

ဆည်ကြောင့်ရေကြီးရတာပါလို့ နားမလည်ပဲ အများသူငှာ ထိတ်လန့်အောင် ပြောနေကြသူများအတွက် သေသေချာချာ ဖတ်ကြည့်ပါ

ရေကြီးရခြင်း အကြောင်းအရင်းမျာ
~~~~~~~~~~~~~~~~~~~~~~~
ရေကြီးမှုကို အမျိုးအစား ပုံမှန်အားဖြင့် သုံးမျိုး ခွဲခြားထားပါတယ်


၁) Coastal flood or storm surge flood (ကမ်းရိုးတန်းပင်လယ်ရေလှိုင်း ရိုက်ခတ်ပြီး ရေကြီးမှု)


၂) Riverine flood (မြစ်ရေကြီး ရေလျှံမှု) {တအိအိရေတက်ပါမယ်}


၃) Flash flood (ရုတ်တရက်ရေကြီးမှု) {ရေအလုံးအရင်း နဲ့ washing away ဖြစ်ပါမယ်}


တို့ဖြစ်ပါတယ်..


coastal flood အခုမုန်တိုင်းနဲ့ အတူ ရခိုင်မှာ ဖြစ်သွားခဲ့ပါတယ် ရခိုင်ရဲ့ကုန်းတွင်းပိုင်းတွေမှာ riverine 


flood ကတွဲဖြစ်ပါတယ် ချင်းပြည်နယ်တောင်ပေါ်ဒေသတွေမှာ မိုးကြီးပြီး landslide တွေဖြစ်ပါတယ် forest

 cover မရှိတဲ့ soil မှာ rainfall ကြောင့် soil stability ပျက်စီးပြီး landslide ဖြစ်ပါတယ်

အခုအညာဘက် ကုန်းတွင်းပိုင်းမှာ မိုးကြီးပြီး riverine flood ဖြစ်နေပါတယ် Hydrology cycle မှာ 


မရှိမဖြစ် အရေးကြီးတဲ့ သစ်တောတွေ ဒီမြစ်ချောင်းတွေရဲ့ watershed မှာ နဲသွား/မရှိတော့တာကြောင့် 

မိုးရေက interception , infiltration, percolation ကောင်းကောင်း လုပ်တာမခံရပဲ ချောင်းထဲကို 

တိုက်ရိုက် surface runoff အနေနဲ့ စီးသွားရတယ်.. စီးတာမှ ရိုးရိုးမစီးပဲ တစ်ခါတည်း 

မြေကြီးတွေပါတိုက်စားပြီး စီးသွားရင် ဒီချောင်းထဲကို ရေတွေတင်မကပဲ တိုက်စားလာတဲ့ မြေကြီးတွေ 

နှုန်းတွေ ပါလာပါမယ်.. ဒီ နှုန်းတွေက တစ်နေရာမှာ အနယ်ကျသွားရင် ချောင်းရဲ့ ရေစီးဆင်းမှုကို 

အနှောက်အယှက် ပေးပါတော့မယ်.. ချောင်းရဲ့ ရေစီးအားနှေးသွားရင် ရေတဖြည်းဖြည်းတက်လာပြီး 

ချောင်းကမ်းပြည့်လာပါမယ်.. ဒီအတိုင်းဆက်ပြီးမိုးကြီးနေရင် ချောင်းဘေးရေလျှံပါမယ်.. နေရာစုံမှာ 

ဒီလိုဖြစ်ရင် သက်ဆိုင်တဲ့ river system/network ကြီးတစ်ခုလုံး ရေကြီးရေလျှံပါမယ်....

သဘာဝတရားက ဒီလိုဖြစ်လာပြီးဆိုရင် ဘာတွေလုပ်မလဲ

Saturday, 8 August 2015

ထပ်လောင်ပြန်ပြီ မီးးးးးးးးးးးးးးး


ညောင်တုန်းမြို့၌ မီးလောင်မှုဖြစ်ပွား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®
ညောင်တုန်း ၊ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အမှတ်(၇)ရပ် ကွက်၊ ရွှေဟင်္သာတောရကျောင်းလမ်း၌ သြဂုတ်လ (၈) ရက် နံနက် (၈)နာရီ(၃)မိနစ်အချိန်က အိမ်ရှင် ဦးဝင်းမောင်ထွန်း(ဘ)ဦးဆာမိ၏ သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင် များ၊ ဒေသခံပြည်သူများ၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် အိမ်တစ်လုံး သာလောင်ကျွမ်းပြီး ပတ်ဝန်းကျင်အိမ်များသို့ ကူးဆက်လောင် ကျွမ်းခြင်းမရှိဘဲ နံနက်(၈)နာရီ(၃၀)မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်းသိရှိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ ၀ါယာမှတဆင့်မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ချိန်တွင် အိမ်ရှင်မိသားစုများ မရှိသည့်အချိန်ဖြစ်ကြောင်းနှင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းသိရှိရသည်။
ညောင်တုန်းမြို့နယ် (ပြန်/ဆက်)

ရေဘေးသင့် နေရာသို့  ပရဟိတသွားရောက်လုပ်ဆောင်ရင်းစက်လှေတိမ်းမှောက်သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ရေဘေးကျရောက်လျက်ရှိသော ရတနာပုံကျွန်းကျေးရွာရှိ

ရေဘေးသင့်ပြည်သူများထံ 


ထမင်းထုပ်များ၊ သောက်သုံးရေဗူးများကို သွားရောက်ကူညီပံ့ပိုးပေးခဲ့သော မုံရွာမြို့နယ်၊ ကံမကျေးရွာနေ မရီရီထွန်း အသက်(၂၅)

နှစ်ဆိုသူသည် သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် 

စက်လှေတိမ်းမှောက်၍ 

ကွယ်လွန်သွားခဲ့ပါသည်။
ကိုတိုး-ချင်းတွင်း

Wednesday, 5 August 2015

ယခုဖတ်နေသော အလင်းရောင်ကြယ်များ ဘလောက်ဂါပိုင်ရှင်မှ မြန်မာပြည်ရေးဘေးအတွက် ကိုယ်တိုင်တင်ပြ ကြော်ငြာခြင်း။

 
ထိုဘလောက်စပေါ့ အား  အစဉ်မပြတ်ရေးသားနေသော( အလင်းရောင်ကြယ်များ ဘလောက်ဂါ
ပိုင်ရှင်) မှ ယနေ့  မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခ အသီးသီး ကြုံနေရသော မိဘ ပြည်သူများအား
မိမိတတ်နိုင်သလောက် လှူဒါန်း ကူညီစေရန် ။
       တတ်သည့်ပညာဖြင့်  ပရဟိတ မေတ္တာ စေတနာ ဂရုနာများထား၍ 
မိမိကိုယ်တိုင် ဆိုင်းဘုတ်ကိုင် ကြေငြာလိုက်ပါတယ် ။

ကျွန်တော့်ဖေ့စ်ဘုတ်မှာလည်း ထိုကဲ့သို့ ကြေငြာ တင်ပြထားပါတယ် ၊
ဖေ့စ်ဘုတ်အကောင့်ကတော့  ဇော်ဂျီဖောင့်ဖြင့် ( လူကြီးမင်းပါ)
သို့ မဟုတ် aungbogyi@gmail.com လို့ ထည့်ရိုက်ရှာနိုင်ပါတယ် ၊ ဒီဘလောက်မှာလည်း ချိတ်ထားပါတယ် ၊
၅ရက်၈လ၂၀၁၅ ည ၁၀နာရီ၃၀မီးနစ် တင်ပြချိန် ၊
 ကျေးဇူးအထူးတင်ပါတယ် ၊ 
ကျွန်တော် ဖုန်းနံပါတ် ၀၉ ၄၂၁၁၅၁၂၇၈ ပါ -အားလုံးမင်္ဂလာပါ....

Monday, 3 August 2015

စေတုတ္တရာမြို့အနီး မုန်းချောင်းတစ်လျှောက်ရေနစ်မြုပ်နေသောကျေးရွာစုစုပေါင်း(၁၅)ရွာရှိသည်။

 

ပုံမှာမြင်တဲ့အတိုင်းပါပဲ ထို့ကြောင့် နိုင်ငံခြားရောက်နေသော မြန်မာများ တတ်နိုင်သလောက်လှူကြပါ ။



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်များကို သြဂုတ်လ ၂ရက်နေ့တွင် တွေ့မြင်ရသည့်မြင်ကွင်းများ။
ယမန်နေ့ည ၁၂နာရီမှ ယနေ့ညနေ ၄နာရီအထိ တိုင်းထွာချက်အရ ရေမှာ ၂ပေခန့် ကျဆင်းပြီး တက်ခြင်း၊ကျခြင်းမရှိ တန့်နေကြောင်း သိရသည်။
ကျေးရွာအုပ်စုပေါင်း၂၄ ရွာမှ ပြည်သူများ ရေဘေးသင့်နေကြပြီး မြို့ပေါ်ရပ်ကွက် ၇ရပ်ကက်မှ ပြည်သူပေါင်း ခုနစ်သောင်းကျော် ရေဘေးသင့်နေကြသည်ဟု တရားဝင် စာရင်းဇယားအများအရ သိရသည်။ Credit - Nge Htwe- Kalaymyo

Sunday, 2 August 2015

တစ်ကယ်တော့  သမ္မတကြီးကိုလေးစားကြသလို - ဖွဘို့  အကြံသမားတွေ ဒီအထဲမှာရောနေမှာပဲ







ကလေးမြို့ခရီးစဉ်မှာ သမ္မတကြီးကို မိုဘိုင်းဖုန်းနဲ့မှတ်တမ်းတင်နေသူတွေ
အွန်လိုင်းမှ

သမ္မတကြီးအား ဝေဘန်ပြောဆိုသံများ




တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်သူမရှိဟု သမ္မတဦးသိန်းစိန်ပြောဆိုသည်မှာ အာဏာကို လက်မလွတ်နိုင်၍ ဆင်ခြေပေးနေခြင်းသာဖြစ်ဟု ဝေဖန်မှုများရှိနေ
------------

ရေဘေးသင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဟတ်ယာဉ်ပေါ်တွင်ခလေးမွေး



ပွင့်ဖြူမြို့မှ ရေဘေးသင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ရဟတ်ယာဉ်စောင့်ရင်း

ကလေး မွေးဖွားခဲ့ရာ တာဝန်ရှိသူများက မိခင်နှင့်ကလေးအား ဘေးကင်းလုံခြုံရာသို့ ရဟတ်ယာဉ်ဖြင့် 
ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။
Credit Zaw Myo Thein
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Saturday, 1 August 2015

၈လပိုင်း၁ရက်၂၀၁၅ ခုနှစ် အွန်လိုင်းပေါ်မှအထွေထွေ သတင်း၅ပုဒ်စာ အစုလိုက်ဖတ်ရန်

ပိုင်လုပ်ငန်းများ လိုင်စင်ရှိမှသာ လုပ်ကိုင်ခွင့်ပြုတော့မည်

-------------------------------------------------------

Saturday, August 1, 2015

ရန်ကုန်မြို့တော် စည် ပင်သာယာနယ်နိမိတ်အတွင်း အ ဆောက်အအုံ ဆောက်လုပ်ရန် ဖောင်ဒေးရှင်းတူးသည့်ပိုင် (Pile) လုပ်ငန်းများကို လိုင်စင်လျှောက် ထားရမည်ဖြစ်ပြီး လိုင်စင် မ လျှောက်ပါက လုပ်ကိုင်ခွင့် ပြု တော့မည်မဟုတ်ဟု သတင်းရရှိ သည်။

ပိုင်လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်ရန် ဘေးပတ်ဝန်း ကျင်ရှိ အဆောက်အအုံများ၊ လမ်းများ၊ ရေမြောင်းနှင့်ပလက် ဖောင်းများ ထိခိုက်မှုမရှိစေရန်နှင့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာ ၀န်ခံမှု ရှိစေရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်သည်ဟု YCDC က ဇူလိုင် ၃၁ ရက်၌ ထုတ်ပြန် ကြေညာခဲ့သည်။



နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်