သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday, 27 December 2015

ကျန်းမာရေးအတွက်အထောက်ကူပြု"ခွေးလှေးယားသီး"


အလင်းရောင်ကြယ်များ ဘလောက်ဂါပိုင်ရှင်ကိုယ်တိုင် ရှာဖွေတင်ပြသည် ။


ခွေးလှေးယားသီး ဘယ်လိုအစွမ်းထက်တယ်ဆိုတာ ကိုယ်တိုင်ရှာဖွေ ခူးဆွတ်၍ ၊ ကုသိုလ်ဖြစ်ဆေးနည်း ဝေမျှလိုက်ပါတယ် ။
ခွေးလှေးယားသီးတွင် အရိုင်းပင်နှင့် အယဉ်ပင် ဟူ၍ ၂မျိုးရှိပါတယ် ၊ အရိုင်းပင်လည်း အယဉ်ပင်နှင့် အာနိသင်တူပါတယ် ၊ မျိုးဖေါက်စိုက်မည်ဆိုပါကလည်း ၊ အရိုင်းပင်အစေ့ကို အပင်အားအသီးမသီးခင် အညွန့် ကိုဖြတ်၍ ၊

ထိုင်းနိုင်ငံတွင်သေဒဏ်အပြစ်ပေးခံနေရသော မြန်မာ၂ဦးလွတ်မြောက်ရေး ရန်ကုန် မြန်မာနိုင်ငံ ထိုင်းသံရုံးရှေ့  မိမိလက်အားဓါးဖြင့်လှီးသွေးဖြင့်ရေးဆန္ဒထုတ်ဖေါ်ပုံရိပ်


  



ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင်
၁၀ နာရီ ၃၀ အချိန်ထိုင်းသံရုံးရှေ့ မင်္ဂလာဒုံ
နေထိုင်သူ မထက်ထက်ဆိုသူက သူမ၏ ဝဲလက်ဖျံအား ဓားဖြင့်လှီးကား သေဒဏ်အပေးခံရတဲ့ ဝင်း နှင့် ဇော်
အတွက် ထိုင်းဘုရင်ထံ သွေးဖြင့်သစ္စာ တိုင်တည်၍
အသနားခံတောင်ပါသည်။ 


လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံခဲ့ရတဲ့ မြန်မာ လူငယ်နှစ်ဦးအတွက် မှန်ကန်တဲ့ တရား စီရင် ရေး ဖြစ်စေဖို့ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးအနီး လေးရက်မြောက် ဆန္ဒ ထုတ်ဖော်ခဲ့သူများထဲမှာ မ ထက်ထက် အမည်ရှိတဲ့ အမျိုးသမီး တစ်ဦးက သူမရဲ့ ဗယ်ဘက် လက်မှ သွေးဖောက် ထုတ်ခဲ့ပြီး အဆိုပါ သွေးဖြင့် စာကို ရေး သား တောင်း ဆိုမှု ပြုလုပ်ခဲ့ပါတယ်။
သွေးဖြင့်ရေးသားထားတဲ့ဆိုင်းဘုတ်မှာ သမီးတို့ မြန်မာ ၂ ဦး အသက်ကို ပြန်ပေးပါ။ ထိုင်းဘုရင်ကြီးစီမှာ အသနားခံပါတယ်" ဆိုတဲ့ စာသားကိုရေးသားထားခဲ့တာဖြစ်ပါတယ်။
မထက်ထက်ဟာ မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ထိုင်း အထည်ချုပ်စက်ရုံတစ်ရုံမှာ လုပ်ကိုင်တဲ့ အလုပ်သမား တစ်ဦးဖြစ်ပြီး လေးရက်မြောက်နေ့ ဆန္ဒ ထုတ်ဖော်မှု မှာ ပထမဆုံး ရောက်ရှိခဲ့သူ သုံးဦးအနက် တစ်ဦး ဖြစ်ပါတယ်။
အဲဒီလိုသွေးနဲ့စာရေးပြီး ဆန္ဒထုတ်ဖော်ခဲ့သူ မထက်ထက်က အသွေးအသား ထဲကတောင်းဆို လို့အခုလို ဆန္ဒထုတ်ဖော်တာ ဖြစ်ပြီး မြန်မာနိုင်ငံသားနှစ်ဦး မလွတ်မြောက်ပါက သူအလုပ်လုပ်နေတဲ့ စက်ရုံက အလုပ် ထွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
လေးစားပါတယ် ညီမလေးးးး
ုkyaw swar ဖေ့စ်ဘုတ်မှ

Thursday, 24 December 2015

လူသားခြင်းမစာနာသော ထိုင်းနိုင်ငံတရားရုံးမှ လိပ်ကျွန်း လူသတ်မှု မြန်မာလူမျိုးအပေါ် လူသားမဆန် တစ်ဘက်သတ်လုပ်ရပ်မှု့ပုံရိပ်များ

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့် ခရီးသွား ၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ မတရား စွဲချက် သေဒဏ်အပြစ်ပေးခံခဲ့ရတဲ့
ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း

ဆက်လက်ကြည့်ရန်

လိပ်ကျွန်း လူသတ်မှု အယူခံ မြန်မာ အစိုးရ ကူညီမည်



ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့အမှုမှာ အပြစ်ရှိတယ် ဆိုပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် စီရင်ချက် ကို အယူခံဝင်ရာမှာ ကူညီ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးပေါ် သေဒဏ်ချမှတ်ခဲ့တဲ့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လိပ်ကျွန်း လူသတ်မှု စီရင်ချက် ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြ



ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦးအပေါ် အမြင့်ဆုံးပြစ်ဒဏ် စီရင်လိုက်တဲ့အပေါ် မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က စိုးရိမ်မကင်းတဲ့ သဘောထားတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ အကြောင်းစုံ ကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ရန်ကုန်ကနေ သတင်းပေးပို့ ထားပါတယ်။
Koh Tao (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့ခင်း ၃နာရီလောက်မှာ 

ထိုင်းနိုင်ငံ၏တစ်ဘက်သတ်ကြီးလူပါးဝစီရင်ဆုံးဖြတ်ချက်

 


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးက - သူတို့ လွတ်မြောက်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း - တရားစွဲဆိုခံရထားသူတွေဘက်က လိုက်ပါ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်တင်သွင်းတဲ့ သက်သေခံပစ္စည်းတွေ၊ အချက်အလက်တွေကို 

Wednesday, 16 December 2015

တိုင်းပြည်အကျိုး ကြီးစွာ ထိခိုက်စေတဲ့အပြင် အစိုးရကိုလည်း အကြည်ညို ပျက်စေနိုင်တဲ့ သတင်းများ


(ဓာတ်ပုံ - SM၊ ဒီမိုဝေယံ)
ယခုတလော သတင်းမီဒီယာများမှာ ခေါင်းစီးစာလုံးကြီးများနဲ့ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်ဟာ မည်သူမျှ ကျော်ဖတ်မသွားနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်ကြပါတယ်။ ဥပမာ ဖါးကန့်ဒေသမှာ

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်