သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 29 June 2016

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်နှင့် တွေ့ဆုံခြင်း

 


“ကျိုက်ထီးရိုးတောင်ပေါ်ကို ကားပြေးဆွဲလာတာ ၂၃ နှစ်ကျော်ပြီ တောင်တုန်တာလည်း မရှိဘူး။ တောင်ခါတာလည်း မရှိဘူး။ တောင်ပြိုတာလည်း မရှိဘူး”

ပြည်တွင်းပြည်ပ ဘုရားဖူး နှစ်သန်းခန့် နှစ်စဉ် လာရောက်ဖူးမြော်နေသော ကျိုက်ထီးရိုးစေတီသို့ 

တောင်တက်ကားများကို ရင်ပြင်တော်မုခ်ဦးအနီးအထိ ပြေးဆွဲနေခြင်းကို ကန့်သတ်တော့မည်ဆိုသော 

သတင်းများအပေါ် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းဥက္ကဋ္ဌ ဦးဝိတင်နှင့်တွေ့ဆုံ၍ ဖြစ်ပေါ်လာနိုင်သည့် 

နောက်ဆက်တွဲ အကျိုးဆက်များနှင့် ၎င်းတို့၏ အမြင်များကို သိရှိစေရန် မေးမြန်းခဲ့သည်များမှ 

ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်မုခ်ဦး အနီးအထိ ကားပြေးဆွဲနေတာကို ကန့်သတ်ဖို့ စီစဉ်နေတဲ့ 

သတင်းတွေနဲ့ ပတ်သက်ပြီး ဦးဝိတင်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။ 

UWT : ကျွန်တော်တို့ တောင်တက်ကားတွေက ၁၉၉၃ ထဲကနေ ဒီတောင်တန်းတွေမှာ ပြေးဆွဲလာတာပါ။ အဲဒီလို 

ဆွဲလာတာ ဒီနေ့ ဒီအချိန်အထိ ဘာမှလည်း တစ်စုံတစ်ရာ မဖြစ်ဘူး။ တောင်တုန်တာလည်း မရှိဘူး။ တောင်ခါတာလည်

 မရှိဘူး။ တောင်ပြိုတာလည်း မရှိခဲ့ဘူး။ အဲဒီလို ၂၃ နှစ်ကျော် ပြေးဆွဲခဲ့တာ ဘာမှမဖြစ်ဘဲနဲ့ ဒီနေ့အချိန်ကျမှ 

တောင်တုန်တယ်၊ တောင်လှုပ်တယ်ဆိုပြီး ပြောတယ်ဆိုတော့ ဒီကိစ္စနောက်ကွယ်မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးရဲ့ 

ပယောဂတွေ ပါနေတယ်ဆိုတာ သိသာနေတယ်။ ဒီနေ့ ဒီရက်ထိ မဖြစ်ခဲ့တဲ့ဟာကို သူက တောင်တုန်တယ် 

ပြောရအောင်၊ အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းကိုလည်း ရသေ့တောင်အထိပဲ ဆွဲရမယ်။ ဒါဆို ရသေ့တောင်နဲ့ ရင်ပြင်တော်

 လမ်းကြောင်းကို သူတို့ တစ်ခုခု အသုံးချချင်လို့ပဲ ဒီအကြောင်းအရာကို လုပ်ကြံဖန်တီး သတင်းလွှင့်တယ်လို့ 

ထင်ပါတယ်။ 

Voice : တောင်တက် ကားခတွေကလည်း ဈေးကြီးတယ်လို့ ပြောကြပါတယ်။ နောက်ခန်းက စီးတဲ့သူတွေ အတွက်လည်း 

ကျပ်ကျပ်သပ်သပ် စီးရတယ်လို့ ပြောကြပါတယ်။ အဲဒီလို ပြောဆိုနေကြတဲ့ အပေါ်မှာကော တောင်တက် 

မော်တော်ယာဉ် အသင်းအနေနဲ့ ဈေးလျှော့ချဖို့ အစီအစဉ်ရှိလား။ နောက်ခန်းလူကိုကော ထိုင်ရတာ အဆင်ပြေအောင် 

လုပ်ပေးဖို့ အစီအစဉ် ရှိပါသလား။

UWT : လက်ရှိ ပြေးဆွဲနေတာက ခေါင်းခန်း ၃ဝဝဝ။ နောက်ခန်း ၂၅ဝဝ ပါ။ တောင်ပေါ်ကားတွေရဲ့ အင်ဂျင်က 

နှစ်နှစ်လောက်ပဲ သုံးရပါတယ်။ တာရာကလည်း သုံးလလောက်ပဲ သုံးရတယ်။ အခုလို မိုးရာသီမှာဆိုရင် တောင်ပေါ်ကို 

တစ်နေ့ ၁၅ စီးလောက်ပဲ တက်ပါတယ်။ ကျန်တဲ့ကားတွေက ရပ်ထားရတာပါ။ ဒါက ၁ဝ လပိုင်းအထိ သွားရမှာပါ။ 

လူတွေကတော့ ကားခ ဈေးကြီးတယ်လို့ ပြောကြပါတယ်။ ၁၉၉၃ က တောင်တက်ကား စဆွဲလာတာ လူတစ်ယောက်ကို 

၉ဝ ကျပ် (ရသေ့တောင်အထိကို)။ အဲဒီအချိန်တုန်းက ကျိုက်ထို - ကင်ပွန်း စခန်း ကားခက ၅ ကျပ်။ ဒီနေ့ 

ဒီအချိန်မှာဆိုရင် ကျိုက်ထိုနဲ့ ကင်ပွန်းစခန်းလမ်းက လူတစ်ယောက်ကို ၅ဝဝ ကျပ်။ ကျွန်တော်တို့တောင် တက်ကားတွေ

 ပြေးဆွဲနေတာက ရသေ့တောင်အထိကို ၁၅ဝဝ ကျပ်။ တောင်ပေါ်ထိကို ၂၅ဝဝ ကျပ်။ ပြောရမယ်ဆိုရင် 

ကျွန်တော်တို့အနေနဲ့ ဈေးများတယ်လို့ မယူဆပါဘူး။ ဒါပေမဲ့ အခုလာမယ့် ဘုရားပွဲရာသီဆိုရင် ဘုရားဖူး လာတဲ့သူတွေ

 ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုင်ပင်နေကြပါတယ်။ 

Voice : ကျိုက်ထီးရိုးရင်ပြင်အထိ ကားတွေကို ပေး မတက်တော့ဘူး။ ရသေ့တောင်အထိပဲ ကားကို ပေးတက် မယ်ဆိုရင် 

အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်မလဲ။

UWT : ဘုရားဖူးတွေ လျော့နည်းသွားမှာပါ။ အခုလို ရသေ့တောင်အထိပဲ ကားတက်လို့ ရမယ်။ အပေါ်ရင်ပြင်တော် 

မုခ်ဦးအထိ ကားတက်လို့ မရဘူးဆိုရင်တော့ ကျိုက်ထီးရိုး ဘုရားဖူး တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာတော့ 

အသေအချာပဲ။ သက်ကြီးရွယ်အိုတွေ အလာနည်းသွားမယ်။ အဲဒီအတွက် နိုင်ငံ့ဝင်ငွေ ထိခိုက်နိုင်တယ်။ အခြေအနေ 

ကောင်းလေး တစ်ခုကို တည်ငြိမ်နေတဲ့ အရာတစ်ခုကို ဘယ်လို စိတ်ကူးတွေနဲ့များ လုပ်ဆောင်ပြောဆို 

နေကြသလဲဆိုတာ ကျွန်တော်တော့ စဉ်းစားမရဘူး။

Voice : တောင်တက် မော်တော်ယာဉ် အသင်းက ကင်ပွန်းစခန်း ဒေသဖွံ့ဖြိုးရေးအတွက် ဘာမှမလုပ်ပေး ဘူးတို့၊ သူတို့ 

အကျိုးစီးပွားပဲ လာလုပ်ကြတယ်လို့ ကင်ပွန်း စခန်းဒေသခံတွေက လူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေ 

ပြောဆိုကြပါတယ်။ အဲဒီလို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။ ။

UWT : ကျွန်တော်တို့ တောင်တက် မော်တော်ယာဉ် အသင်းက မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ လှူဒါန်းခဲ့တာ ၂ဝ၁၃ 

ကနေ ၂ဝ၁၆ ထိ သုံးနှစ်အတွင်း သိန်းပေါင်း နှစ်သောင်းကျော် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တောင်တက် မော်တော်ယာဉ်

 အသင်းကို ပြောဆိုနေကြတာတွေက အပုပ်ချ နေကြတာပါ။ ကင်ပွန်းစခန်း ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးနှစ်အတွင်း 

သိန်း ၃၅ဝဝ လှူမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ မနေ့ကပဲ သိန်း ၅ဝဝ ကျေးရွာအတွက် လှူလိုက်တယ်။ 

မီးလင်းရေး ကိစ္စတွေကို စလုပ်နေကြပြီ။ မိုးမကျခင် ကာလမှာ ရေစီးရေလာ ကောင်းအောင် ကျွန်တော်တို့ 

ကင်ပွန်းစခန်းမှာ ဆောင်ရွက်ခဲ့တယ်။ လူတွေကတော့ အပြစ်ကို ရှာကြံ ပြောကြတာပါ။ ကျွန်တော်တို့လည်း ကျေးရွာဆို 

ကျေးရွာ၊ မြို့နယ်ဆို မြို့နယ် သူ့နေရာနဲ့သူ အလှူအတန်း လုပ်နေတာ ကျိုက်ထိုတစ်မြို့လုံး သိပါတယ်။ အဓိက 

ပြောနေကြတာကတော့ ကျွန်တော်တို့ တောင်တက် မော်တော်ယာဉ်လိုင်းကို မလိုမုန်းထားနဲ့ ပြောနေကြတာပါ။ ရပ်ရေး/

 ရွာရေးအတွက် လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်တယ်၊ မဆောင်ရွက်ဘူးဆိုတာ ကျေးရွာက လူကြီးတွေ အသိဆုံးပါ။ 

ကင်းဝေးတဲ့ လူတွေကတော့ သိမှာ မဟုတ်ပါဘူး။

Voice : တောင်တက် မော်တော်ယာဉ် အသင်းဥက္ကဋ္ဌ အနေနဲ့ ဘုရားဖူးပြည်သူတွေကို ဘာ Message ပေး ချင်လဲ။ 

UWT : ကျွန်တော်တို့ဆီမှာ မတည်မငြိမ် မရှိဘူး။ နယ်မြေအေးချမ်း သာယာတယ်။ ယာဉ် မတော်တဆမှု မဖြစ်တာ ၈ 

နှစ် ရှိပြီ။ ခရီးသည် ထိခိုက်ဒဏ်ရာရမှုလည်း မရှိဘူး။ အားလုံးလည်း လုံခြုံစိတ်ချရတယ်။ အခုတစ်လောမှ 

စီးပွားရေးသမားနဲ့ သူတို့နဲ့ရင်းနှီးတဲ့ လူကြီးတချို့နဲ့ ပေါင်းပြီးတော့မှ အခုလို ကားက ရသေ့ တောင်ထိ တက်ရမှာတို့၊ 

ဈေးဆိုင်တွေကို လေလံပေး မှာတို့ အမျိုးမျိုး အသံတွေလွှင့်ပြီးတော့ မတည်မငြိမ် ဖြစ်အောင် လုပ်တာကတော့ 

တစ်နယ်တစ်ကျေးက လာတဲ့သူတွေ ပြောတဲ့အသံတွေပါ။ ကျွန်တော်တို့ ကျိုက်ထီးရိုး ဒေသကတော့ အေးချမ်းတည်ငြိမ် 

နေလျက်ရှိပါတယ်။ လာမယ့် တောင်ဖွင့် ရာသီမှာလည်း အရင် နှစ်တုန်းကလို ဘုရားဖူးတွေ လာရောက် ဖူးမြော်မယ်လို့ 

ဆိုတာကိုလည်း ယုံကြည်နေပါတယ်ဗျာ။
The Voice

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်