သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday, 14 July 2016

မြန်မာပြည်၏ ၂၀၁၆ -၇လ-၁၄ ရက် ပြည်သူတစ်ချို့ရင်ထဲမှလှိုင်းခတ်သံ


အမှား များ ။ ။
ပလက်ဖောင်း ပေါ် ဈေးရောင်း နေတဲ့
ဈေးသည် ကလည်း မှား တယ်။ ။
ပလက်ဖောင်း ဈေးသည် အပေါ် မှာ
ဈေး ကောက် ကောက် နေတဲ့
စည်ပင် ဝန်ထမ်း ကလည်း မှားတယ် ။ ။
ပလက်ဖောင်း ဈေးသည် နဲ့
ကွမ်းယာဆိုင် တွေ ကို ဖမ်းခိုင်း ဖယ်ခိုင်းနေတဲ့
သခင် အားရ ကျွန်ပါးဝ တွေ ကလဲ မှား တယ် ။ ။ဲ
ပလက်ဖောင်း ပေါ် မှာ
မီးစက် တွေ ချ
ကားပါ ကင် တွေ ထိုး နေတဲ့
မျက်နှာ ကြီး လူတန်းစား ကလဲ မှား တယ်။ ။
အဲဒီ လို အခွင့် အရေး ယူ နေတဲ့
မျက်နှာကြီး အသိုင်းအဝိုင်း တွေ ကို
အရင်ဆုံး မဖမ်းခိုင်း တဲ့
မြို့ဝန်ပေါက်စ
မျက်စိ ဆရာ ဝန် ကလည်း မှားတယ် ။ ။
ရေဘူးပေါက်တာ မလိုချင်ဘူး
ရေ ပါ ဖို့ ဘဲ လိုတယ် ဆိုတဲ့
စံနစ်ဟောင်း အတွေး အခေါ် တွေ
ရိုက် သွင်း ခံထား ရတဲ့
ညွှန်မှုး တွေ
ဌာနမှုး တွေ လဲ မှား တယ် ။ ။
အဲဒီ လိုဘဲ
အဘ တွေပြော ရင် အမှန် ဘဲ
အဘ ခိုင်း တာဘဲ လုပ်မယ်
နယ်မပြောင်း ရ ရင် ပီး ရော
ဌာန အပြောင်း မခံရ ရင် ပီးတာဘဲ ဆိုတဲ့
တစ်နပ်စား ဝန်ထမ်း တွေ လည်း မှား တယ် ။ ။
အဲဒီ လို အမှား များစွာ ထဲ မှာ
မနေနိုင် မထိုင် နိုင်
ကိုယ့် ထမင်း ကိုယ်စား ပီး
လူမုန်း များအောင်
ရေးနေတဲ့
ကျနော် လည်း မှားတယ် ။ ။
ဘယ်သူ တွေ
ဘယ်လောက်ထိ
ဆက်မှား ကြ မှာ လဲ ? ?
NLD ကို မဲပေးခဲ့တယ် ဆိုတာ
မကြိုက်ရင်
မကြိုက် တဲ့ အကြောင်း
မကောင်းရင်
မကောင်း တဲ့ အကြောင်း
အ ဝေ ဖန် ခံ နိုင်တယ် ထင်လို့
မဲပေး ခဲ့ တာ ပါ ။
ပြုပြင် ပြောင်း လဲ နိုင်မယ် ထင် လို့
မဲ ပေး ခဲ့တာ ပါ ။ ။
အောက်ခြေ ကို ဆင်းပါ ။
ပြည်သူ တွေရဲ့
အသံ ကို နားထောင် ပါ ။ ။
ရက်တစ်ရာ ကို မေ့လိုက် ပါ ။ ။
အစိုးရ ဟာ အစိုးရ ပါ ဘဲ ။
လေ့ကျင့် နေရုံ နဲ့ မပီး ပါဘူး
ကွင်း ဆင်း ဖို့ လဲ လို လာ ပါ ပီ ။ ။
ကွင်း ဆင်း ခဲ့ ရင် တော့ . . .
ပြောင်း လဲ ချင် စရာ တွေ
အလို လို တွေ့ လာ ပါ လိမ့် မယ် ။ ။
ထိုင်ခုံ ပေါ် မှာ ထိုင်ရင်း
စာရွက် တွေ ကို ဖတ်ရင်း
ဘေးက လူ တွေ ပြောတာ နားထောင်ရင်း
ပြောင်းလဲ ဖို့ မကြိုး စား ပါ နဲ့ ။ ။
ထိုင်ခုံ တွေ နဲ့ ပန်ကာ တွေက
သင့် ကို အမှန်တရား တွေ
ပြောပြ မှာ မဟုတ် ပါ ဘူး ။ ။
ချစ်ခြင်းအားဖြင့် ။ ။

စိုင်းသန်းထိုက် ။ ။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်