သတင္းအေထြေထြဖတ္ျခင္းသည္အေကာင္းႏွင္ ့အဆိုးအျမင္ေဝဖန္ခဲြျခားနိုင္ရန္ျဖစ္ပါသည္..

Tuesday, 1 May 2012

ျမန္မာမိန္းခေလးမ်ား မေလးရွားတြင္ အိမ္ေဖၚလာမလုပ္ရန္မ်ဳိးခ်စ္စိတ္ျဖင္ ့သတိေပးျခင္း


 












ျမန္မာမိန္းခေလးမ်ားမေလးရွားသို ့အိမ္အကူ(အိမ္ေဖၚ)ကန္ ့ကြက္ေသာေဆာင္းပါး
ျပည္ပသို႔ အိမ္အကူအျဖစ္ ေစလႊတ္ပါက ထိေရာက္စြာ အေရးယူမည္ ဆိုတဲ့ ေဆာင္းပါးကို The Voice weekly မွာ ဖတ္ရေတာ့ သိပ္ကို ဝမ္းသာသြားပါတယ္။ ျမန္မာေတြဟာ အိမ္ေဖာ္ အဆင့္အတန္း မဟုတ္ဘူး ဆိုတာကို ျပသႏိုင္လိုက္တဲ့ ႏိုင္ငံဂုဏ္ပါပဲ။ ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ျမန္မာအလုပ္သမားေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတာမ်ဳိး မျဖစ္ရေအာင္ ႀကိဳတင္ကာကြယ္ေပးတဲ့ သေဘာလည္း ျဖစ္သြားပါတယ္။


အျခားတဘက္မွာ ျဖစ္လာတဲ့ေကာင္းက်ဳိးကေတာ့ ျပည္တြင္းမွာ အလုပ္အကိုင္သစ္ေတြ ဖန္တီးေပးဖို႔ အေျခအေနေကာင္းေတြ ရွိလာႏိုင္တာ ျဖစ္ပါတယ္။ ျပည္တြင္းမွာသာ စံခ်ိန္မီ အလုပ္ေတြ လုပ္ႏိုင္ရင္ ႏိုင္ငံျခား ဆိုတာ အလည္အပတ္သြားဖို႔၊ တခ်ဳိ႕ စာသင္ဖို႔ေလာက္သာ ျဖစ္သြားမွာပါ။  

ျပည္ပႏိုင္ငံေတြမွာ အိမ္အကူအျဖစ္ အလုပ္လာမလုပ္ၾကဖို႔၊ အထူးသျဖင့္ လူ႔အခြင့္အေရးကို ခ်ဳိးေဖာက္တာကို လစ္လ်ဴရႈထားတဲ့ မေလးရွားႏိုင္ငံမွာ လာေရာက္ အလုပ္မလုပ္ၾကဖို႔ သတိေပး ႏိႈးေဆာ္ေပးသူေတြကို ေက်းဇူးတင္ရပါတယ္။ ကုိယ့္ထမင္းကိုယ္စားၿပီး Activist အေနနဲ႔ တက္တက္ႂကြႂကြ လႈပ္ရွားသူေတြဟာ သူတို႔မွာ ရွိထား၊ သိထားတဲ့ အေတြ႔အၾကံဳေတြအရ ျပည္ပမွာ ျမန္မာအမ်ဳိးသမီးေတြ အႏွိမ္ခံရမွာ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမွာကို မျဖစ္ေစလိုတာေၾကာင့္ အေျမာ္အျမင္ရွိရွိ သတိေပး ႏိႈးေဆာ္ရင္း ကန္႔ကြက္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ကန္႔ကြက္သံေတြ အေတာ္ပဲ က်ယ္ေလာင္လာေနခဲ့တဲ့ ေနာက္ဆံုးမွာေတာ့ The Voice weekly မွာ ဖတ္ရတဲ့အတိုင္း အလုပ္သမားဝန္ႀကီးဌာနက အရာထမ္းတဦးရဲ႕ ေျပာၾကားခ်က္ ထြက္ေပၚလာပါတယ္။ အမွန္ေတာ့ ဥပေဒ ရွိေနၿပီး ျဖစ္ပါတယ္။ ဥပေဒကို ေဖာက္ဖ်က္သူေတြဟာ ထိေရာက္စြာ အေရးယူခံရမယ့္ အေၾကာင္း အတိအလင္း ထပ္မံ သတိေပးလိုက္တဲ့ သေဘာပါပဲ။

အင္တာနက္ မသံုးတဲ့သူ၊ သံုးေပမယ့္ မသိလိုက္သူ၊ ျပည္တြင္းထုတ္ ဂ်ာနယ္ေတြကို မဖတ္ျဖစ္ခဲ့တဲ့သူေတြ အဖို႔မွာေတာ့ တဆင့္ျပန္ေျပာသူေတြသာ မရွိခဲ့ရင္ မေလးရွားမွာ အိမ္ေဖာ္လုပ္ရလို႔ ၾကံဳရတဲ့ ဒုကၡဆိုးေတြကို သိၾကမွာ မဟုတ္ပါဘူး။

ပညာေပးေရးအပိုင္းမွာလည္း အရင္ကတည္းက အားနည္းေနခဲ့ရပါတယ္။ ရုတ္တရက္ ထၿပီး ႏိႈးေဆာ္ တိုက္တြန္း ပညာေပးၾကတာေတာင္ အစိုးရဘက္ကသာ ၾကားဝင္မကူရင္ ထိေရာက္ဖို႔ ရွိႏိုင္မွာ မဟုတ္ပါဘူး။ အစိုးရဘက္က အေလးအနက္ထားၿပီး ဥပေဒနဲ႔ ထိေရာက္စြာ အေရးယူဖို႔ သတိေပးလာေတာ့ ပြဲစားေတြကိုပါ တခါတည္း ထိန္းခ်ဳပ္ႏိုင္မယ့္သေဘာ ရွိသြားတယ္လို႔ ယူဆပါတယ္။

ကိုယ့္ႏိုင္ငံအေၾကာင္း၊ ကိုယ့္လူမ်ဳိးေတြစရိုက္အေၾကာင္း အသိဆံုးျဖစ္ေနၾကတာေၾကာင့္ ဥပေဒ လက္တလံုးျခား လုပ္လာမွာေတြ ရွိႏိုင္ေသးတယ္လို႔ ဆိုရမလားပါပဲ။ စတုတၳမ႑ိုင္ရဲ႕ ေစာင့္ၾကည့္မႈက အေရးပါလာပါၿပီ။ ျပည္ပကို အိမ္အကူ ပို႔မယ့္ကိစၥမွာ ေအာင္ျမင္သြားရင္ လူကုန္ကူးတာေတြကိုပါ တဆက္တည္း ေအာင္ျမင္လာႏိုင္ဖို႔ ရွိမွာပါ။ တကယ္ေတာ့ အစိုးရနဲ႔ ျပည္သူ လက္တြဲ ပူးေပါင္း လုပ္ေဆာင္ႏိုင္သမွ် တိုင္းျပည္ကို ပ်က္စီးေစမယ့္ အဖ်က္ အႏၱရာယ္မွန္သမွ် တားဆီး ဖယ္ရွားႏိုင္မွာ အေသအခ်ာပါပဲ။

အရင္တုန္းက စစ္အာဏာရွင္ေခတ္ဆိုေတာ့ အုပ္ခ်ဳပ္သူ အာဏာပိုင္ေတြနဲ႔ ျပည္သူေတြဟာ လက္တြဲပူးေပါင္းဖို႔ သိပ္အဆင္မေျပခဲ့ၾကပါဘူး။ ဒီကေန႔ ေခတ္ကာလကေတာ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းလာခ်ိန္ျဖစ္လို႔ အစိုးရနဲ႔ ျပည္သူေတြမွာ အျပန္အလွန္ အက်ဳိးျပဳ မွီခိုအားထားၾကတဲ့ ဆက္ဆံေရးပံုစံသစ္ ျဖစ္လာပါတယ္။ အစိုးရဟာ ျပည္သူေတြရဲ႕ ေကာင္းက်ဳိးေတြကို အခက္အခဲေတြၾကားက ျဖစ္ႏုိင္သမွ် စီမံေပးသလို တခ်ိန္တည္းမွာ ျပည္သူေတြရဲ႕ ထိန္းေက်ာင္းတည့္မတ္ေပးတာကိုလည္း အေျမာ္အျမင္ရွိရွိ ခံယူက်င့္သံုးလာပါတယ္။ ဒီမိုကေရစီရဲ႕ ေကာင္းက်ဴိးတခုလို႔ ဆိုႏိုင္ပါတယ္။

လြင္ေအာင္စိုး
ေမလ ၁ ရက္ ၂ဝ၁၂ ခုႏွစ္

ကိုးကား - The Voice weekly (စာမ်က္ႏွာ ၁၃) ျပည္ပသို႔ အိမ္အကူအျဖစ္ ေစလႊတ္ပါက ထိေရာက္စြာ အေရးယူမည္  <--- ဒီစာကေလးကိုေမာက္ျဖင္ ့နိပ္လိုက္ပါ ဆက္စပ္ေနေသာ ဘေလာက္ဆိုဒ္တစ္ခု ဖတ္ရန္ေပၚလာမည္၊
--------------------------------------------------
 
အျခားဘေလာက္ဂါတစ္ဦးမွစုစည္းတင္ျပရျခင္းရည္ရႊယ္ခ်က္။
 ယေန႔ ျမန္ မာႏိုင္ုင္ငံ နိုင္င္ငံေရး၊  စီ းပြ ားေရး ပြင္  ့လင္ းရာသီ ကာလတြင္  မေလးရွ ား၀န္ ၾကီ းခ်ဳပ္နာဂ်စ္အဗၺဒူရာဇတ္ မွ  ျမန္ မာႏိုင္ငံသိ  ု ႔ လာေရာက္ ျပီ းႏွစ္ႏိုင္ငံ စီ းပြ ားေရးကိ စၥ မ်ား ေဆြ းေႏြ းၾကရာ ျမန္ မာႏိ ုင္ငံ မွအမ်ိဳးသမီ းမ်ားကိုမေလးရွ ားႏိုင္ငံသိ ့႔အိ မ္ေဖာ္အျဖစ္ေခၚယူရန္အစီအစဥ္ လည္ းပါ၀င္ေၾကာင္ း  ၾကားသိရပါသည္။ မေလးရွ ားအစို းရဥပေဒသည္ေရြ႕ေျပာင္ းအလု ပ္သမားမ်ားအတြ က္သတ္သတ္ မွ တ္ မွ တ္ မရွ ိ ျခင္ း ၊ရွ ိေသာ္ လည္ း  မေလးရွ ားအစိုးရမွ  ထိေရာက္ စြ ာအ ကာအ ကြ ယ္ မေပးျခင္ း၊ စသည္ တိ  ု ႔ေၾကာင္  ့ေရြ႕ေျပာင္ းအလု ပ္သမားမ်ားသည္ အိ မ္ရွင္ မ ေလးရွ ားလူ မ်ိဳးတိ  ု ႔၏ ညွင္ းပန္ းႏွ ိပ္ စက္ မႈ မ်ားကိ  ု ခါးစည္ းခံ ၾကရသည္။
  ယခု စုေဆာင္ းတင္ ျပထားေသာ  ျဖစ္ရပ္ မွန္ မ်ားသည္ မိ မိ တို ့လက္ လွ မ္ းမီသေလာက္ စု စည္ းထားျခင္ းသာျဖစ္ ျပီ း ထိ  ု ကဲ့သိ  ု ႔ေသာျဖစ္ရပ္ မ်ား
 အမ်ားအျပားက်န္ရွ  ိေနေသးမည္  မွ ာလည္ း မုခ်မေသြ ျဖစ္ ပါသည္။ ျမန္ မာႏိ  ုင္ငံသည္ေျပာင္ းလဲ မႈအရွ  ိန္အဟုန္ ျမင္  ့ တက္ လာသည္ဆိ  ုေသာ္ လည္ း ေအာက္ေျခလူ တန္ းစားအမ်ားစု မွ ာမူ  ကုန္ေစ်းႏႈန္ းၾကီ းျမင္  ့ မႈ၊အလုပ္အကိုင္ရွ ားပါးမႈ၊ လစာ၀င္ေငြ မလံ ုေလာက္ မႈ မ်ားကိ  ု ရင္ဆိုင္ ၾကံဳေတြ႕ေနရဆဲသာ  ျဖစ္ ပါသည္။ႏိုင္ငံေတာ္အစိုးရမွ  ထို ျပႆနာမ်ားကိ  ု
 တျခားေသာနည္ းလမ္ းမ်ားျဖင္  ့ ေျဖရွင္ းရန္ မၾကိဳးစားဘဲ မေလးရွ ားသိ  ု ႔ အိ မ္ေဖာ္ေပးပို ့ရန္အစီအစဥ္ ကို ု အေကာင္အထည္ေဖာ္ မည္ဆိ ု ပါက
  ျမန္ မာအမ်ိဳးသမီ းငယ္ေလးမ်ား၏ဘ၀ကို လူ မဆန္ေအာင္ရက္ စက္သည္  ့
 လူ မ်ိဳးျခားမ်ား၏လက္ ထဲ  ထိုးေကၽြ းသည္ႏွင္  ့ မျခားသာ ရွ ိ ပါေတာ့ မည္။  ထိ  ု ႔ေၾကာင္  ့
  လက္ရွ  ိ ၾကံ ဖြ  ံ႕အစိ  ု းရ၏ အိ မ္ေဖာ္ စီ မံ ကိန္ းကိ  ု ရပ္ တန္ ႔ေပးေစလိုပါေၾကာင္ း
 ရည္ရြ ယ္ရင္ းျဖင္  ့ စုေဆာင္ းတင္ ျပရျခင္ း  ျဖစ္ ပါသည္။ ထုိ ႔ ျပင္ တစ္ခ်ဳိ ့ျမန္ မာအမ်ိဳးသမီ းငယ္ မ်ားသည္မိ မိ တုိ  ု႔ဘ၀အေၾကာင္ းအမ်ိဳးမ်ိဳး
ေၾကာင္  ့ အိ မ္ေဖာ္အေနျဖင္  ့ ျပည္ ပထြ က္အ လု ပ္ရမည္ရွ  ိေသာ္ ရပ္ေ၀းေျမျခားတိုင္ းတပါးတြင္
  ၾကံဳေတြ႕ရင္ဆိုင္ရႏိုင္ မည္  ့ အျဖစ္ဆို းမ်ားကို မသြ ားခင္၊
 မၾကံဳေတြ႕ရခင္သိရွိေစ ျပီ း  ထည္  ့သြင္ းစဥ္ းစား ခ်င္  ့ခ်ိန္ဆံ ုးျဖတ္ႏိုင္ ၾကေစရန္  ျဖစ္ ပါသည္။တိုင္္ းတပါးသိ ု ႔သြ ားေရာက္အလု ပ္ လု ပ္ ၾကရန္ ျမဴဆြ ယ္ေနၾကသည္  ့ 
 ပြ ဲ စားမ်ားစု မွ  မိ မိ၏အက်ိဳးစီ းပြ ား  တခု တည္ းကိုသာ ေရွ းရႈ႕လွ ်က္
အေျခအေနမွန္ ကို ဖုံးကြ ယ္ ျပီ း လိ မ္ လည္ေခၚယူခံရမည္  ့  
 မသိနားမလည္ေသာေတာစြန္နယ္ ဖ်ားမွ အမ်ိဳးသမီ းငယ္ မ်ားအတြ က္ လည္ း
 ယခု စုေဆာင္ းတင္ ျပျပီ း  ျဖန္ ႔ေ၀မႈ မ်ားသည္အသိ မွန္၊ အျမင္ မွန္ ျဖစ္ေစႏို ုင္သည္  ့ အေထာက္
 အပံ  ့ တခုျဖစ္ေစလိ  ု ပါသည္။ စုေဆာင္ းတင္ ျပမႈ မ်ားသည္  တစံုု တေယာက္အား
 အက်ိဳးတရားအနည္ းငယ္ မွ် ရိွ  ေစခဲ  ့သည္ ျဖစ္အံ  ့။ က်ေနာ္ တို ့ အားထု တ္
 ရက်ိဳးနပ္ မည္အမွန္ ျဖစ္ ပါသည္။
 ၀ံသာႏု စိ တ္ ဓာတ္ ျဖင္  ့…
-------------------------------------------------------------------------
 
ဘေလာက္ဂါ ေဂၚလီ၏ အမ်ဳိးခ်စ္သားေကာင္းစိတ္ ရင္းမွန္ေစတနာ။
မဂၤလာပါ ျမန္မာျပည္မွ ေသြးရင္းသားရင္း ညီကိုယ္ေမာင္ႏွမငယ္ မိဘရွင္အေပါင္းတို ့ယခုက်ေနာ္ေရးသာေသာ ပို ့စ္စာသားေလးကိုဖတ္ရႈ ့သူတိုင္းနီးစပ္ရာ မိတ္ေဆြ အေပါင္းတို ့အားေပးေဝမွ် ျပီး၊က်ေနာ္ရဲ ့ဘေလာက္ဂါထံမွလည္းတိုက္ရုိက္ ကူးယူဆင္ ့ပြားေပးႀကပါလို ့..
က်ေနာ္စာေရးသူ ေဂၚလီဟာ မေလးရွားန္ိုင္ငံတြင္ မိသားသားစု ဝမ္းေရးအတြက္ သက္ေမႊးဝမ္းေႀကာင္း ပညာျဖင္ ့(သံဂေဟ) လုပ္ကိုင္ရွာေဖြစားေသာက္ယင္း။အားလပ္ခ်ိန္ပိုင္းကေလးမွာ ဝါသနာရ သတင္းဘေလာက္ဂါေလးကို၊
ရွာေဖြတင္ျပေရးသားျပီး ေတာ္ေတာ္မ်ားမ်ားလည္းသိေနႀကပါျပီ။
ခုတစ္ေလာ မေလးရွားနိုင္ငံကို ျမန္မာျပည္မွ မိန္းခေလးမ်ား ကို ၊အိမ္ေဖၚ(ခ)အိမ္ေစခံ စကားဆန္းေလး…ေျပာရရင္ မိသားစုအိမ္အကူ…သတင္းအစအနႏွင္ ့စာေပဂ်ာနယ္တစ္ခ်ဳိ ့မွႀကားသိေနရပါတယ္၊ဒီအေႀကာင္းကို က်ေနာ္ေဂၚလီ မေလးရွားေနထိုင္မႈ ့သက္တမ္းကာ ၁၇ ႏွစ္ဝန္းက်င္ ကိုယ္တိုင္ျဖတ္သန္းေနေသာ အေတြ ့ႀကဳံႏွင္ ့၊တိက်မွန္ကန္ေရးသားလိုက္ပါတယ္၊
မေလးရွားနိုင္ငံသည္။လူမ်ဳိး၃မ်ဳိး မေလး၊တရုပ္၊အႏၵိယ။တို ့ႏွင္ ့။တည္ေထာင္ထားေသာနိုင္ငံျဖစ္ျပီး ၊အျခားအနည္းငယ္ေသာ နိုင္ငံသားအျခားလူမ်ဳိးမ်ားလည္းရွိပါတယ္ ၊အဓီကမေလးလူမ်ဳိး၏ ဥပေဒစီးကမ္းႏွင့္ အုပ္ခ်ဳပ္မႈ ့ရွိျပီး၊အစၥလမ္ဘာသာကို ကိုးကြယ္ႀကေသာနိုင္ငံျဖစ္၍၊တိုင္းျပည္ကို ဆိုရွယ္ +ဒီမို+ဘာသာေရးျဖင္ ့ထိမ္းကြတ္ထားႀကပါတယ္။တိုင္းျပည္ရဲ  ့ကုန္ထုတ္လုပ္မႈ ့စြမ္းအားမွာ ေခတ္အဆက္ဆက္က ယေန ့တိုင္ ျပည္ပမွ နိုင္ငံျခားသားတို ့ရဲ  ့စြမ္းအင္ျဖင္ ့လည္ပါတ္ေနေသာ နိုင္ငံျဖစ္ပါတယ္ ။
ေငြေႀကးမွာနိုင္ငံတစ္ကာ အျပည္ျပည္ဆိုင္ရာတြင္ တရားဝင္သတ္မွတ္ထားေသာ USA ေဒၚလာႏွင္ ့သတ္မွတ္ထားျပီး ယေန ့ေပါက္ေဈးမေလးရွား ၁ ရင္းဂစ္ေငြ ျမန္မာ၂၅ဝ က်ပ္နီးပါးေလာက္သာ ရွိပါေတာ ့တယ္၊သာမာန္လုပ္သားတစ္ဦးမွာ တစ္ေန ့ကို ၁၈ ရင္းဂစ္ေငြမွ ၄ဝ ဝန္းက်င္ေလာက္သာ ရရွိျပီး ၊စားစာရိတ္ ။ပါမစ္ဘို းအခြန္ေငြ၊ေနထိုင္စားရိတ္၊ဖုန္းဘိုး ပ်မ္းမွ်၊နဳတ္ျပစ္လိုက္ယင္၊ရင္းဂစ္ေငြ ၁၈ ေဒၚလာမွ၊25ေဒၚလာရေသာနိုင္ငံသား လူမ်ားအဖို ့။လုံးဝျမန္မာျပည္ကို ေငြမေရာက္နိုင္ေတာ ့ပါ၊
ေကာင္းပါျပီ …မေလးရွားတြင္ အိမ္ေဖၚ အေစခံ မိန္းခေလးမ်ားကို ၊အင္ဒိုႏနီးရွား၊ကန္ေဘာယီးယား၊ဖီလစ္ပိုင္။နိုင္ငံတို ု ့မွ၊ေခၚယူဌားရမ္းသုံးစဲြႀကတယ္ဆိုတာမေလးရွားတြင္ေနဘူးေရာက္ဘူးေသာျမန္မာတိုင္းအကုန္သိပါတယ္၊မေလးရွားတြင္ေခတ္အဆက္ဆက္ ျမန္မာမိန္းခေလးမ်ားကို၊အိမ္ေဖၚလာေရာက္လုပ္ကိုင္ျခင္းယေန ့ခ်ိန္ထိမေတြ ့ဘူးေသးပါ။ကုန္မဏီ စက္ရုံ စားေသာက္ဆိုင္ မ်ေလာက္သာလာ ေရာက္လုပ္ကိုင္ႀကပါတယ္၊ေဂၚလီလည္း ေတာ္ယုံ ေန၇ာအႏွံ ့စုံခဲ့ျပီ ျမန္မာအိမ္ေဖၚ မေတြ ့ခဲ့ေသးဘူးပါ……………………………
ေဂၚလီသိသမွ် မေလးရွားအိမ္ေဖၚမ်ား ခံစားမႈ ့မ်ား
မေလးရွားတြင္ အိမ္ေဖၚမ်ား တနဂၤေႏြ ျပင္ပထြက္ခြင္ ့မေပး ခရစ္ယာန္ဘာသာဝင္သာလွ်င္ ခြင္ ့ေပးတာေတြ ့ရသည္။
မိမိနိုင္ငံ မွစတင္ထြက္ခြာ ျပီး ကုန္က်စာရိတ္ ေတာ္မ်ားလက္ငင္း ေပးေခ်ခဲ့ရတာ နည္းပါးျပီး
မေလးရွားေအးဂ်င္စီႏွင္ ့ မႈယင္းနိုင္ငံေအဂ်င္စီတို ့မွကုန္က်စာစရိတ္ စိုက္ထုတ္ေပးျခင္းမ်ားသည္၊
မေလးရွားနိုင္ငံသို ့ေရာက္လာျပီး တိုက္ရုိက္မိမိလုပ္ကိုင္ ရမည့္အိမ္ကို ပို ့ေဆာင္ေပးျခင္းမရွိပဲ။
အေဆာက္ဦးက်ယ္ ရုံးခန္းေဟာခန္းတြင္ ထားရွိျပီး ။မေလးရွားေအဂ်င္စီထံတြင္ အိမ္ေဖၚဌားရမ္းသူမ်ား  လာေရာက္ႀကည္ ့ရႈ ့ပါ ။တန္းစီျပရျပီး။ရုပ္ရည္အေနထားေပၚ မႈတည္၍
ေဈးတန္ဘိုးအနည္းမ်ား ေအးဂ်င္ ့ရရွိျခင္း၊
ဆံပင္မ်ားတိုစြာတန္းညီစြာ ျဖတ္ေတာက္ခံရျပီး သတ္မွတ္ေသာ အက်ီဝတ္၇ျပီးေက်ာ တြင္ MADE စာတန္းတံဆိပ္ေရးထားျခင္း မိန္းခေလးတစ္ကိုယ္ေရ လွပဆင္ျမန္းမႈ ့တားျမစ္ျခင္း
အိမ္ရွင္မႀကီးမွ မိမိခင္ပြန္းႏွင့္ ေဖါက္ျပန္မွာစိုးရိမ္မိျခင္း ၊မေလးရွားတြင္လူတိုင္းကိုယ္စီ မိုဘိုင္းဖုန္း ကိုင္ႀကပါသည္၊ျပင္ပႏွင္ ့ဆက္သြယ္မႈ ့ရွိမွာစိုး ရိမ္ေသာေႀကာင္ ့လုံးဝေပးမသုံးျခင္း၊
ေငြေႀကးကိုလက္ထဲတြင္တစ္ျပားမွေပး မကိုင္ထားျခင္း၊
ပိုက္ဆံေငြေက်းရွိပါေသာ္လည္း ျပင္ပမွာမိမိစိတ္လႊတ္ကိုယ္ ဝယ္ယူသုံးစဲြခြင္ ့မရျခင္း
က်ြန္လူေရာင္းဝယ္စနစ္ႏွင့္ထပ္တူညီေနပါသည္
၊လစာေငြမွာ မေလးရွားရင္းဂစ္ေငြ500ခန္ ့ျမန္မာေငြတစ္သိန္းေက်ာ္ခန္ ့ေလာက္သာရရွိျပီး။လစာေငြကို လစဥ္မိမိလက္ထဲတြင္တိက်လက္ခံမႈ ့နည္းျပီးေအဂ်င္စီထံမွ မိမိထြက္ခြာလာစရိတ္ လစဥ္ျဖတ္ေတာက္ျပီး ေနာက္ဆုံးက်န္ျမန္မာေငြ တစ္သိန္းေလာက္နီးေလာက္သာရ ရွိျခင္း ၊
ေပ်ာ္ရႊင္မႈ ့အလုပ္ကိုင္မွာ နံနက္၆ နာ၇ီေစာစြာထရမည္ အိမ္မႈ ့ဝတၱရားစတင္လုပ္ အကုန္လုပ္ရမည္ ၊ခေလးမ်ားေလ ေသဘို ့သာျပင္။ကံမေကာင္းအခမသင္ ့ယင္ ဆဲဆိုရုိက္ႏွက္ခံရတပ္ပါသည္။အိမ္ရွင္ႏွင္ ့တန္းတူမစားရပါ၊
ပုံမွန္ည ၁၂ နာရီ အိပ္ရပါသည္၊မိမိအိမ္တြင္းမွ ျပင္ပလုံးဝမထြက္ရပါ၊သူငယ္ခ်င္းမိတ္ေဆြ လာေရာက္လည္ပါတ္ျခင္းကို အိမ္ရွင္မွလုံးဝမႀကိဳက္ပါ တားျမစ္ထားသည္၊ တရုပ္အိမ္တြင္ေခြးမ်ား ေမြးေလ ့ရွိျပီး ၊ေန ့စဥ္ပုံမွန္ေခြးခ်ီးက်ဳံးရပါသည္၊အိမ္မႈ့ ့ကိစၥနည္းလ်င္ အိမ္ရွင္လုင္န္းကိုလိုက္ပါျပီး
လုပ္ေပေတာ့ ရွိသမ်အလုုပ္အကုန္ ဖရီး……………………….မေလးရွားေရာက္ ျမန္မာလူမ်ဳိးမ်ားတို ့ရဲ

လုံျခဳံမႈ ့မွာ ေအးဂ်င္စီထံ လာေရာက္ဌားရမ္းေသာအိမ္ရွင္မ်ားမွာ၊အႀကံစီေကာင္းေတြနဲ ့လာတာပါ။
အာရွမွာ ျမန္မာမိန္းခေလး ဟာအသားေရက်စ္လစ္ေခ်ာေမႊ ့ျပီး အင္မတန္ႀကည္ ့ရႈ ့ေပ်ာ္ပါတယ္၊
လာျပီအိုႀကီးအိုမ ႏွာဗူးသူေဌးေတြက စားဘို ့ဝါးဘို ့ရည္ရြယ္ခ်က္ေတြနဲ ့တစ္ပုံႀကီး
မေလး၇ွားတြင္ နိုင္ငံသားတစ္ဦးေနနဲ ့ မိန္းမယူဘို ့ အိမ္၊။ကား ။လုပ္ငန္း ။ရွိမွ ေငြေပါင္းေျမာက္မ်ားစြာ
တင္ေတာင္းနိုင္မွ ရတာပါ။မရွိတဲ့လူကေတာ ့ဟန္က်တာေပါ ့ဂြင္ပဲ……
တရုပ္နဲ့ ့၊ငမဲတူးမက်ီးသီးေခၚအႏၵိယ ထံေရာက္ဘို ့ ၉၉.၉% ေသခ်ာပါတယ္၊
နိဂုံးခ်ဳပ္ရင္ဆိုင္ရမည့္ ငရဲ ျပသနာ
မိမိမွာ အေႀကာင္းမ်ဳိးမ်ဳိးေႀကာင္ ့။လုပ္ငန္းေငြေႀကး။လူမႈ ့ေရးတစ္စုံတစ္ရာ ျပသနာ ျဖစ္လာပါ။
မေလးရွားအေျခစိုက္ ျမန္မာသံရုံးမွလည္း ။လိုက္လံ ကူညီ့ရွင္းေပးမည္မဟုတ္ပါ။အမ်ားနဲ့ဆက္ဆံေနရတယ္ေလ။တစ္ခ်ဳိ ့အေျဖေကာင္းေပးတပ္ပါတယ္
နင္တို ့ကို ဘယ္လူေတြက မေလးရွားကို အတင္းပို ့ေနလို ့လည္း။ေစာေစာတည္းက ႀကိဳတင္မေလ ့လာထားဘူးလား။အေမးခံရယုံသက္သက္ အဖတ္တင္မယ္ဆိုတာသတိျပဳပါ၊
အဲ….ေနာက္ဆုံးေတာ ့ က်ေနာ္တို ့လိုကိုကိုေရႊေတြ၊မ်ဳိးခ်စ္အာဇာနီေတြက၊ေတြ ့ေတာ ့၊ကယ္တင္ေခၚထုတ္ႀကတယ္။လြတ္ေအာင္။ဒါေပမဲ့ ဒီမိန္းခေလးလြတ္ေျမာက္လာျပန္ျပီဆိုေတာ ့လည္း။အလုပ္ကေတာ ့ရွာလို ့လြယ္ေပမဲ့။ေရရွည္မွာသူ ့ကိုလည္းေတာက္ေလ်ာက္ႀကီး မကူညီနိုင္ဘူးေလ။ေလာေလာဆယ္အိုဗာစေတး Overstay ျဖစ္ေနျပီေလ၊
အဲေနာက္တစ္ခုက အိမ္ရွင္ကဆဲဆိုျပီးထုႏွက္ေနတာ သတင္းႀကားရလို ့ ကိုေရႊေတြက မခံခ်င္စိတ္ေတြနဲ ့၊ဖိုက္တင္ပဲြ ျဖစ္ႀကမယ္ ၊ေနာက္ဆုံးေတာ ့လည္း၊အခ်ဳပ္က်ေထာင္က်၊ျမန္မာျပည္ျပန္မွာပဲ…
သတိေပးစရာမွတ္သားစရာမွာ
မေလးရွားဥပေဒသည္ ဘာပဲလုပ္လုပ္ ေငြမ်ားတရားနိုင္ ရဲပုလိပ္ဝန္ထမ္းအားလုံး လာဘ္စားႀကပါသည္။ေငြေပးယင္အကုန္ရပါသည္။
ဘယ္နိုင္ငံမဆို တစ္ကယ္ေတာ ့ကိုယ္ ့ရွိမွ ကိုယ္စား၊ကိုလုပ္မွကိုယ္ရ ျဖစ္လာယင္ ၇ပ္ႀကည္ ့ရု့ံကလဲြျပီး ဘာမွမကူညီဘူးဆိုတာ သတိျပဳပါ။
ေစာစီးႀကိဳတင္စဥ္းစားပါ။လုံးဝ အိမ္ေဖၚ အေစခံ၊လုပ္ဘို ့လာမယ္လို ့အႀကံစီရွိယင္ ဖ်က္သိမ္းလိုက္ပါ၊
ေနာက္ဆုံးဆင္ ့။
အိမ္က မိဘညီကိုယ္ေမာင္ႏွမ စိတ္ဆင္းရဲရသလို
သမၼတႀကီးဦးသိန္းစိန္လည္းမကယ္နိုင္ဘူး၊
NLDေခါင္းေဆာင္ႀကီးအေမစုလည္းကယ္နိုင္မွာမဟုတ္ဘူး
---------------------------------                                                  -----------------------------
ယခုက်ေနာ္ေဂၚလီေရးသားတဲ ့ ဘေလာက္စာပို ့ စ္ေလးအား ဖတ္ျပီးသူတိုင္း
လက္ဆင္ ့ကမ္းေဝမ်ျခင္း ၊ နွစ္သက္သေဘာက်မိပါက မိမိရဲ ့့ ့ကိုယ္ပိုင္ ဝက္ဘ္ဆိုက္။ဘေလာက္ဆိုက္မ်ား။ေဖ့စ္ဘုတ္မ်ားတြင္ လိုတိုးပိုေလ်ာ ့ ကူးယူတင္ျပေပးနိုင္ပါတယ္၊
နိုင္ငံကိုခ်စ္ပါ။မိမိလူမ်ဳိး ဘာသာ သာသနာကို ေစာင္ ့ထိန္းႀကပါ၊တစ္ဦးႏွင္ ့တစ္ေယာက္ရုိင္းပင္း ကူညီႀကပါ၊
မိတ္ေဆြတို ့ကလည္း ဒီအေႀကာင္းအရာကေလးမ်ားသိရွိယင္လည္းေမးလိပ္စာျဖင္ ့လည္း လာေရာက္ေပးပို ့ နိုင္ျပီး ဘေလာက္မွာတင္ျပေပးပါ့မယ္....

Sunday, 22 April 2012

နိုင္ငံတစ္ကာစစ္ေရးရာလက္နက္မ်ား VIDEO

တာလတ္ပစ္ ဒုံးခြင္းဒုံးအႀကီးစားမ်ား Play ဆိုေသာေနရာကို ေမာက္ျဖင္ ့နိပ္ႀကည္ ့ပါ၊

Friday, 20 April 2012

ကမာၻသစ္ ၿဂိဳဟ္သစ္ ရွာေဖြသူမ်ား




 









NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ္ေတာ့ သိပၸံပညာရွင္ေတြ  ရွာေဖြေနၾကတဲ့ ကမာၻသစ္ ၿဂိဳဟ္သစ္ေတြ အေၾကာင္း Illinois ျပည္နယ္ Spoon River ေကာလိပ္က နကၡတၱေဗဒပါေမာကၡ ေဒါက္တာ ၀င္းသာေထြးက ေျပာျပေပးမွာပါ။
"ပထမေတာ့ ေနမိသားစုထဲမွာ ၿဂိဳဟ္ ၉လံုး အျပင္ တျခားၿဂိဳဟ္မ်ား ရွိမလားလို႔ ရွာပါတယ္။ အဲဒီအခါမွာ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေလးေတြ ေနမိသားစုထဲမွာ ေတြ႔ပါတယ္။ ဒါေပမယ့္လို႔ ေနမိသားစု အျပင္ဘက္မွာ လူေတြေနႏိုင္မလား သက္ရွိသတၱ၀ါေတြ ရွင္သန္ ေနထိုင္ႏိုင္မလား ဆိုတဲ့ ေနရာေတြကိုလည္း ကၽြန္ေတာ္တို႔ ရွာၾကတယ္"
ဒီအာကာသပညာရွင္ေတြ လိုက္ရွာေနတာက လူေတြ ေနထိုင္ႏိုင္ေလာက္တဲ့ အေနထားရွိတဲ့ ၿဂိဳဟ္ေတြကို ရွာတာေပါ့ေနာ္
"လူေတြထက္ သက္ရွိေတြ ရွင္သန္ ေနထိုင္ႏို္င္တဲ့ နယ္ပယ္ထဲမွာ ရွိမယ့္ ၿဂိဳဟ္ေတြကို ရွာတာပါ။ အဓိက အားျဖင့္ေတာ့ အပူရွိန္ေပါ့။ ေနနဲ႔ သိပ္နီးတယ္ ဆိုရင္လည္း ပူလြန္းအားႀကီးတယ္။ သိပ္ေ၀းရင္လည္း  ေအးလြန္းအားႀကီးတယ္။ ဆိုေတာ့ ကၽြန္ေတာ္တို႔ ကမာၻနဲ႔ ခပ္ဆင္ဆင္တူတဲ့ အပူခ်ိန္ရွိတဲ့ ေနရာကို ရွာတာေပါ့။ ကမာၻကေတာ့ ၇၀- ၈၀ ဒီဂရီ ဖါရင္ဟိုက္ ဒါမွမဟုတ္ရင္လည္း  ၂၃- ၂၅ ဒီဂရီ Celcius ေပါ့။ ဒီေနရာေတြ မွာက အပူရွိန္အားျဖင့္ကလည္း သင့္ေတာ္တယ္။ ၿပီးေတာ့ ေလထုကလည္း ရွိေနရမယ္။ ေနာက္ ေရကလည္း ရွိေနရမယ္ဆိုတဲ့ ေနရာမ်ိဳးကို ရွာရမွာပါ"
အဲဒီလိုေနရာမ်ိဳး ဘယ္ႏွစ္ခုေလာက္ အခုေလာေလာဆယ္မွာ ေတြ႔ထားၿပီလဲ
"ေလာေလာဆယ္ အားျဖင့္ေတာ့ နာဆာ NASA ကေတြ႔ထားတာ ျဖစ္ႏိုင္တဲ့ ၿဂိဳဟ္ ၂၆ လံုးရွိတယ္။ ဒါေပမယ့္ ကမာၻနဲ႔ အဆင္တူဆံုး ကေတာ့ ကက္ပလာ ၂၂  သူက ကမာၻနဲ႔ ေတာ္ေတာ့္ကို တူူတယ္ ဆိုၿပီးေတာ့ ေကာက္ခ်က္ ခ်ထားပါတယ္။ ဥေရာပကေတာ့ ၂ခု ေတြ႔ထားတယ္။  ဥေရာပ ေတာင္ပိုင္းမွာ ရွိတဲ့အဖြဲ႔က ၃.၆ မီတာရွိတဲ့ မွန္ေျပာင္းႀကီးကို ခ်ီလီႏိုင္ငံ လာဆီးလားၿမိဳ႕  La Silla  ေတာင္ေပၚ တင္ထားပါတယ္။ သူက က်ေတာ့ နဂါးေငြ႔တန္း အထဲထဲမွာ ရွိေနတဲ့ ၾကယ္စုေတြကို ေလ့လာေနပါတယ္။ ဒီၾကယ္စုေတြထဲမွာ အမ်ားဆံုး ရွိေနတာက red dwarf လို႔ေခၚတဲ့ ေနအေသး ဆံုးေလးေတြေပါ့။ အဲဒါေတြက ၈၀%ေလာက္က နဂါးေငြ႔တန္းထဲမွာ ရွိေနတယ္။ သူက အဓိက အားျဖင့္ red dwarf လို႔ေခၚတဲ့ ေနအေသးစားေလးေတြမွာ ပတ္ေနတဲ့ ၿဂိဳဟ္ေတြကို လိုက္ရွာ ၾကတာေပါ့။  ၿဂိဳဟ္ ၂ခုကေတာ့ ကမာၻနဲ႔ ေတာ္ေတာ္ေလးဆင္ဆင္ တူတာ ေတြ႔ထား တာေတာ့ ရွိတယ္"
နာဆာက ေတြ႔ထားတဲ့ လူေတြ ေနတဲ့ ကမာၻနဲ႔ ေတာ္ေတာ္ ေလးကို တူတယ္ ဆိုတဲ့ ၿဂိဳဟ္က ဘယ္နားမွာ ရွိပါသလဲ
"ကၽြန္ေတာ္တို႔ ေျမာက္ပိုင္း အာကာသျပင္ကို ၾကည့္လိုက္မယ္ ဆိုလို႔ ရွိရင္ Northern Cross လို႔ ေခၚပါတယ္။ ၾကက္ေျခခတ္ ပံုသဏာန္ ရွိေနတဲ့  ၾကယ္စုထဲမွာ ရွိပါတယ္။ အပူရွိန္ကလည္း ၇၁ ဒီဂရီ ဖါရင္ဟိုက္ ဒါမွမဟုတ္ ၂၃ ဒီဂရီ Celcius ဆိုေတာ့ ကမာၻနဲ႔ ေတာ္ေတာ္ေလး ဆင္တူတာ ေတြ႔တယ္။ ဒါေပမယ့္ သူက ကမာၻထက္  ၂ဆခြဲေလာက္ ပိုႀကီးတဲ့ ၿဂိဳဟ္ပါ"
အဲဒီေနရာက ကမာၻကေန ဘယ္ေလာက္ေ၀းပါလဲ
"အဲဒါက အလင္းႏွစ္ေပါင္း ၆၀၀ ေ၀းပါတယ္။ အလင္းႏွစ္ ဆိုတာက အလင္းေရာင္ တႏွစ္မွာ ဘယ္ေလာက္ သြားသလဲ ဆိုတဲ့ အကြာေ၀းကို အလင္းႏွစ္ တႏွစ္ လို႔ ေခၚတာကိုး။ ဆိုေတာ့ အလင္းရဲ့ အလ်င္နဲ႔သြားရင္ ႏွစ္ ၆၀၀ ၾကာမွ အဲဒီေနရာကို ေရာက္မွာပါ"
ေနမိသားစု ထဲမွာ ဘယ္ၿဂိဳဟ္ေတြ ပါပါသလဲ
"ေနမိသားးစုက ခုနေျပာသလိုပဲ ၿဂိဳဟ္ႀကီး ၉လံုး ရွိတာကိုး။ မာက်ဴရီကေန ဗီးနပ္စ္တို႔၊ ကမာၻတို႔ အဂၤါၿဂိဳဟ္တို႔ ၾကာသပေတးၿဂိဳဟ္တို႔ ဟိုးေနာက္ဆံုး ပလူတို အထိပါတယ္။ ဒါေပမယ့္ ပလူတို က်ေတာ့ စာရင္းထဲကေန ပယ္ထားတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူ႔ရဲ့ သိပ္သည္းျခင္းက နဲတဲ့ အတြက္ေၾကာင့္ မို႔ပါ။ ၿပီးေတာ့ သူက အစိုင္အခဲ တခုအေနမဟုတ္ပဲနဲ႔ ဓါတ္ေငြ႔ အစိုင္အခဲအေနနဲ႔ ရွိတယ္ဆိုၿပီးေတာ့ သိပံပညာရွင္ေတြက ဒီစာရင္းထဲကေန ပယ္ထားတယ္။ ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊား စာရင္းထဲကို ထည့္လိုက္တာပါ။ ဒီအေတာအတြင္းမွာ ထပ္ၿပီးေတာ့ အဂၤါၿဂိဳဟ္နဲ႔ ၾကာသပေတး ၿဂိဳဟ္ၾကားထဲမွာ ရွိတဲ့ ဥကၠာပ်ံ အစိုင္အခဲေတြ ၾကားထဲမွာ ေတာ္ေတာ္ေလး ႀကီးတဲ့ ၿဂိဳဟ္ တခု ေတြ႔ ထားတယ္။ အဲဒါက ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊား ေပါ့ေလ။ ဆဲလ္စ္ လို႔ ေခၚတယ္။  ေနာက္တခါ ပလူတို ပတ္၀န္းက်င္ မွာ က်ေတာ့ မာကီမာကီတို႔၊ ဟာမီဟူး ေမးယားတို႔ လို ၿဂိဳဟ္ေလးေတြ ထပ္ေတြ႔ေသးတယ္။ တျခား ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊား ေလးေတြလည္း ေတာ္ေတာ္မ်ားမ်ား ေတြ႔ထားတာ ရွိပါေသးတယ္"
ေနမိသားစုထဲမွာ ၿဂိဳဟ္သစ္ေတြ ေတြ႔ခဲ့တာပါ။ ေနမိသားစုရဲ့ အျပင္ဘက္မွာေရာ
"ေနမိသားစုမွာ ပလူတိုဆိုတဲ့ ၿဂိဳဟ္ပတ္၀န္းက်င္က ဟာကို က်ေတာ့ Kiper belt လို႔ေခၚတာကိုး။ ဘာလို႔လဲ ဆိုေတာ့ သူက ေရခဲမႈန္ေတြ မ်ားေနတဲ့ ပတ္လမ္းႀကီးေပါ့။ အဲဒီအျပင္  ေနနဲ႔ ကမာၻရဲ့ အကြာအေ၀း ထက္ အဆေပါင္း တေသာင္း ၅ေထာင္ ေလာက္ေ၀းတဲ့ေနရာ ေလာက္မွာ ၾကယ္တံခြန္ လို႔ေခၚတဲ့ comet ေတြ ခ်ည္းပဲ ျပည့္ေနတာ။ သူက ဘီလ်ံနဲ႔ ခ်ီၿပီးေတာ့ ရွိေနတာ သန္းေထာင္ေပါင္းမ်ားစြာ ရွိေနတာ။ အဲဒီမွာ က်ေတာ့ ဂ်ဴပီတာထက္ ျဒဗ္ထု ေလးဆေလာက္ရွိတဲ့ ၿဂိဳဟ္တခု ေတြ႔တယ္လို႔ လြန္ခဲ့တဲ့ ၂ႏွစ္ ေလာက္က လူ၀ီစီယားနား ျပည္နယ္က ရူပေဗဒ ပညာရွင္ တေယာက္က အဆိုျပဳထားပါတယ္။ အဲဒါကိုေတာ့ အခုထိ ေလ့လာေနတုန္းပါပဲ"
red dwarf လို႔ေခၚတဲ့ ေနအေသးေလးေတြကကုိ  cool stars လို႔လည္းေခၚတာေတြ႔ရပါတယ္။ ဘာျဖစ္လို႔ပါလဲ
"HR diagram လို႔ေခၚတဲ့ ေနေတြကို အတန္းအစား ခြဲတဲ့ အခါမွာ ႀကီးတဲ့ ၿဂိဳဟ္ေတြက ပိုၿပီးေတာ့ အလင္းေရာင္ မ်ားတယ္။ ပိုၿပီးေတာ့ ပူတယ္။ ေသးတဲ့ ၿဂိဳဟ္ေတြက အလင္းေရာင္နဲတယ္၊ ေအးတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔က သတ္မွတ္ထားတာက အပူခ်ိန္ကို Kelvin ကယ္လ္ဗင္ ဆိုတဲ့ absolute unit နဲ႔ တိုင္းမယ္ ဆိုရင္ ေသးတဲ့ ၿဂိဳဟ္ေတြက ၂၀၀၀ ကယ္လ္ဗင္ကေနၿပီးေတာ့ အမ်ားဆံုးၾကယ္က ၂ေသာင္း ကယ္လ္ဗင္ အထိသြားတယ္။  ကၽြန္ေတာ္တို႔ရဲ့ ေနႀကီးက ကယ္လ္ဗင္ ၅၈၀၀ အပူခ်ိန္ ရွိၿပီးေတာ့ ဒီ red dwarf ကက်ေတာ့ ၂၅၀၀ ေလာက္ ပတ္၀န္းက်င္ေလာက္မွာပဲ ရွိပါတယ္။ ဒါေၾကာင့္ ေသးလဲေသးတယ္။ အေရာင္ကလည္း မွိန္တယ္။ ၿပီးေတာ့ အပူခ်ိန္ကလည္း ေတာ္ေတာ္ေလး နဲပါတယ္။ ဒါေၾကာင့္မို႔ အနီေရာင္ ၾကယ္ေလးေတြလို႔ ေခၚတာပါ
ဒီလိုမ်ိဳး ၿဂိဳဟ္ေတြ လိုက္ရွာေနတာဟာ အခုေလာေလာဆယ္ လူသားေတြ အတြက္ အက်ိဳး ျဖစ္ထြန္းပါ့မလား
ဥေရာပ အဖြဲ႔က ေတြ႔ထားတာမ်ိဳးက်ေတာ့ အလင္းႏွစ္ ၃၀ ေနရာမွာ ရွိတဲ့ ၿဂိဳဟ္ ၂ခုကို ေတြ႔ထားတာ။ ဆိုတဲ့ သေဘာက ကၽြန္ေတာ္တို႔ ဒီကေန႔ အလင္း အလ်င္နဲ႔ သြားမယ္ ဆိုရင္ အဲဒီေနရာကို အႏွစ္ ၃၀ေလာက္မွာ ေရာက္မွာကိုး။  ဒါေပမယ့္ တခုရွိတာက အဲဒီေနရာေတြကို သြားႏိုင္ဖို႔ ျဖစ္ႏိုင္တာက ေလာေလာဆယ္ ကၽြန္ေတာ္တို႔မွာ ခုရွိတဲ့ နည္းပညာအရနဲ႔ ေရာ သက္တမ္းအရ ဆိုရင္ အခက္အခဲေလးေတြ ရွိေနေသးတယ္။ ဒါေပမယ့္လို႔ မၾကာခင္မွာေတာ့ ဒီထက္ ပိုေကာင္းတဲ့ နည္းပညာေတြ ရလို႔ ရွိရင္ ေနာက္  ကၽြန္ေတာ္တို႔ ဒီ့ထက္ ပိုၿပီး ေနႏိုင္မယ္ ဆိုရင္ေတာ့ သြားႏိုင္မယ့္ အေျခေနေတြ ရွိတာေပါ့"
ဒီလို ကမာၻသစ္ေတြ ၿဂိဳဟ္သစ္ေတြ ရွာတာ ဘာလုပ္ဖို႔ ပါလဲ
ကၽြန္ေတာ္တို႔က စူးစမ္းခ်င္တဲ့ စိတ္ေတြ ရွိေနတာကိုး။ စႀကၤာ၀ဠာထဲမွာ လူသားေတြ ခ်ည္းပဲ ရွိတာလား။  တျခား ၿဂိဳဟ္သားေတြေရာ မရွိႏိုင္ဘူးလား။  ဒါကစူးစမ္း ခ်င္တဲ့ စိတ္ေတြနဲ႔ ကၽြန္ေတာ္တို႔ ရွာတာပါ။ နာဆာကေနၿပီးေတာ့  ေရဒီယို တယ္လီ စကုပ္ေတြနဲ႔ ၾကည့္ေနပါတယ္။ ဘယ္ၿဂိဳဟ္ကမ်ား အခ်က္ျပ အဆက္အသြယ္ေတြ လုပ္မလဲ ဆိုၿပီးေတာ့ ကၽြန္ေတာ္တုိ႔ အခု ေလ့လာေနတယ္။ ေတာ္ေတာ္ေလး ၾကာေနပါၿပီ။  ဒီအခ်ိန္အထိ တခါမွ မေတြ႔ဘူးေသးပါဘူး။ ကၽြန္ေတာ္တို႔က ရွိမ်ုား ရွိမလား ဆိုၿပီး ရွာေနၾကတုန္းပါပဲ
ဘယ္ႏွစ္ႏွစ္ေလာက္ရွိၿပီလဲ ဆရာ ခန္႔မွန္းေျခဆိုရင္
ဟာ ဒါဟာ ၾကာၿပီ။ ၁၈ႏွစ္ေလာက္ ရွိေနပါၿပီ။ သူတို႔ ရွာေနၾကတာ။ ဆက္တီလို႔ ေခၚပါတယ္။ ဒီ ဆက္တီ ဆိုတဲ့ အစီအစဥ္က စႀကၤာ၀ဠာ ကေနၿပီးေတာ့ လာေနတဲ့ ေရဒီယို အဆက္အသြယ္ အခ်က္ျပေတြကို ဖမ္းယူေနတယ္။ ဒါေပမယ့္ ဒီ အခ်ိန္အထိ တခါမွ မေတြ႔ေသးပါဘူး
ဆရာေျပာသလို ေတာ္ေတာ္ အလွမ္းေ၀းေနလို႔ ျဖစ္မယ္
"ဟုတ္မယ့္ ေတာ္ေတာ္ ေ၀းမွာေပါ့။ တကယ္လို႔ ခုနေျပာသလိုေပါ့။ ကၽြန္ေတာ္တို႔ေတြ႔ထားတဲ့  ၿဂိဳဟ္သစ္ တလံုးက အလင္းႏွစ္ ၃၀ အကြာမွာ ရွိတယ္ ဆိုရင္ ကၽြန္ေတာ္တို႔ ဒီကေန႔ သူတို႔ ဆီကို ေနေကာင္းလား ဆိုၿပီးေတာ့ signal ပို႔လုိက္မယ္ ဆိုရင္ အႏွစ္ ၃၀ ေနၿပီးမွ သူတို႔ ဆီကိုေရာက္မယ္။ ေရာက္ၿပီး သူတို႔ ကလည္း သိပ္သေဘာေကာင္း ၿပီးေတာ့ သိပ္ၿပီးေတာ့လည္း မိတ္ေဆြ ျဖစ္ခ်င္တယ္ ဆို ခ်က္ခ်င္းျပန္ ပို႔လိုက္ရင္ ေနာက္ထပ္ အႏွစ္ ၃၀ ေနၿပီးမွ ကၽြန္ေတာ္တို႔ ဆီ ျပန္ေရာက္လာမွာျဖစ္ပါတယ္"
ေဒါက္တာ၀င္းသာေထြးပါ။

Saturday, 14 April 2012

Every Time You Go Away ....သီခ်င္း

ဒီသီခ်င္းေလးကို Paul Young ကသီဆိုထားျပီးEveryTimeYouGoAwayသီခ်င္းျဖစ္ျပီး ျမန္မာသံစဥ္ကို
အဆိုေတာ္ေဇာ္ဝင္းထြဋ္မွ ႀကယ္တံခြန္ ဟုျပန္လည္သီဆိုထားတာလည္းရွိပါသည္။
နားဆင္လိုက္ေနာ္...ဘီယာကေလးသာက္ယင္းေပါ ့...

Thursday, 12 April 2012

ကမာၻ ့အၾကီးဆံုး ဗုဒၶဘုရားေက်ာင္း



ကမာၻ ့အၾကီးဆံုး ဗုဒၶဘုရားေက်ာင္းသည္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကၽြန္း အလယ္ပိုင္း ေယာ့ယာကာတာ ၿမိဳ  ့ အနီးတြင္ရွိသည္။ ေအဒီ ၇၅၀ ႏွစ္ ေအဒီ ၈၄၂ ႏွစ္အၾကား တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ထုထည္ ၂,၁၁၈,၈၈၀ ကုဗေပ ရွိေသာ ေက်ာက္သားေဆာက္အအံုျဖစ္သည္။ ၁၁၃ ေပျမင့္ၿပီး ေအာက္ေျခ အတိုင္းအတာသည္ ၄၀၃ x ၄၀၃ ေပရွိသည္။ ၁၄ ရာစုႏွစ္တြင္ ျပန္လည္ျပင္ဆင္ခဲ့ဖူးၿပီး ယင္းကို ဂ်ားဗားကၽြန္းတြင္ ၿဗိတိန္သွ်အုပ္ခ်ဳပ္ေရးမွဴးလုပ္ခဲ့သူ Sir Thomas Stamford  ( ဆာေသာမတ္ စတတ္းဖို ့ဒ္) က ၁၈၁၄ ခုႏွစ္တြင္ ျပန္လည္ရွာေဖြ ေတြ ့ရွိခဲ့ျခင္း ျဖစ္သည္။

ေနာက္ဆုံးရပို ့စ္၂၀စာတင္ထား၍ဖတ္လိုပါကRead more သို ့ေခါင္းစဥ္စာသို ့အိုင္ကြန္အရုပ္ကေလးအားကလစ္လိုက္ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks