
မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။ အမှန်တော့ မြန်မာနိုင်ငံက မွေးတာက သာမန်မြန်မာပြည်သူတွေချည်းပါပဲ။ သူတို့ဘာသူတို့ကိုက ဒုက္ခသည်လုပ်ချင်နေကြတာပါ။ ဒုက္ခသည် ဘာလို့လုပ်ချင်တာလဲဆိုတာကတော့ ရှင်းပါတယ်။ အနေအစား ချောင်ပြီး အထောက်အပံ့တွေ ရလို့ပါပဲ။ ဒုက္ခသည်ဆိုတာ နာမည်ကသာ ဆိုးတာ အင်မတန် သက်သာတဲ့အလုပ်ပါ။ ဒါကြောင့်လည်း တစ်ကိုယ်ကောင်းဆန်ပြီး အပျင်းကြီးတဲ့ မြန်မာတွေအတွက် ခိုလုံရာနေရာ ကြီးတစ်ခု ဖြစ်လာတော့တာပါပဲ။သမီးက...
သမီးက ဘုရားစူး ဒုက္ခသည်ပါ၊ ဘောင်းဘီတောင် အရှည်မဝတ်နိုင်လို့ အတိုလေးပဲ ဝတ်ထားရတာပါ
မြန်မာတွေ ဘယ်လောက် အပျင်းကြီးလာပြီး တစ်ကိုယ်ကောင်းဆန်လာလဲဆိုရင် ကမ္ဘာမှာပဉ္စမမြောက် ဒုက္ခသည် အများဆုံးနိုင်ငံ ဖြစ်နေတာပဲကြည့်ပါ။
မြန်မာတွေ ဘယ်လောက် အပျင်းကြီးလာပြီး တစ်ကိုယ်ကောင်းဆန်လာလဲဆိုရင် ကမ္ဘာမှာပဉ္စမမြောက် ဒုက္ခသည် အများဆုံးနိုင်ငံ ဖြစ်နေတာပဲကြည့်ပါ။

ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

ကျွန်မကိုလည်း ရုရှားက စစ်ဗိုလ်လေးတစ်ယောက်က ၁၈ နှစ်တောင် မပြည့်သေးဘူး ရုရှားကို ခေါ်ပြီး မုဒိန်းထပ်ကျင့်တယ် (ရုရှားပြန် မေကိုလတ်)
လာလျှောက်တဲ့လူတွေကတော့ ထုံးစံအတိုင်း တိုင်းရင်းသားကဒ် ၇ ကဒ် ကိုင်ထားသူတွေ၊ ကိုယ့်ယောင်္ကျားနဲ့ကိုယ် ရတဲ့ ကိုယ်ဝန် ကို စစ်တပ်က မဒိန်းကျင့်လို့ရတဲ့ ကိုယ်ဝန် ဆိုပြီး ပြောသူတွေပါပဲ။ သေချာစဉ်းစားကြည့်ရင်တော့ ဒုက္ခသည် ၉ သောင်း၊ ၇ သောင်း ကို မုဒိန်းကျင့်နိုင်လောက်တဲ့ခွန်အားမျိုးတောင် မြန်မာ့တပ်မတော်မှာ ရှိမယ် မထင်ပါဘူး။

ဒါကြောင့် စစ်သားဆိုရင် မုန်းလွန်းလွန်းလို့ စစ်ခွေးတွေ ဆိုတဲ့ပိုစ့်တောင် တင်ခဲ့ပါတယ်
( မိုးသွေးငယ်နှင့် ဖောက်ပြန်သည်ဟု သတင်းထွက်နေသော အ်ာဇီရောက် ငယ်နိုင်)

နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြန်မာဒုက္ခသည်တွေရောက်လာကြတယ်။ ပြည်တွင်းကလည်း လာကြတယ်။ လေးငါးခြောက်လလောက်နေပြီးတော့ သူတို့က TV ဆိုရင် အပြားမှ။ ကြီးမှ ကြိုက်ကြတယ်။ Flat TV လို့ခေါ်တဲ့ TV အပြားက နောက်ဆုံးပေါ်ဖြစ်တော့ သြစီက မြန်မာတွေ အိမ်တိုင်းနီးနီးရှိကြတယ်။
တချို့ လည်း အပြိုင်အဆိုင် သူဝယ်ရင် ကိုယ်လည်းဝယ်တယ်။ ကိုယ်ကြီးရင် သူလည်းလိုက်ကြီးကြတယ်။ TV အပြားကလည်း High Defination က ကောင်းတော့ ရုပ်တော်တော်ရှင်းတယ်။ လူတော်တော်များများကြိုက်ကြတယ်ပေါ့။

ဒုက္ခသည်စခန်းနဲ့ မြန်မာပြည်မှာ နေတုန်းက TV အပြား မပြောနဲ့ ဂေါ်ပြားလောက်ပဲကိုင်ဖူးတဲ့လူက အခုဆိုရင် TV အလုံးမကြည့်ချင်။ အလုံးရှိနေရင် ဂုဏ်ငယ်သလိုမျိုး။ ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။
လုပ်တဲ့အလုပ်က စက်ရုံမှာ။ ဈေးဆိုင်တွေမှာ။ သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်သမား။ ၀င်ငွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာ။ အတူတူလောက်ပဲ။ ဒါကိုများ TV အပြားပြိုင်ရတာနဲ့ ဘာနဲ့။ (အော်ဇီရော် ဘုန်းကျော်)

တတိယနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေထဲမှာ ဒုက္ခသည် အတုတွေ များပါတယ်။ အများစုကတော့ အမေရိကန်ကို ရောက်သွားကြတာ များပါတယ်။ အမေရိကန်ရောက်ရင်တော့ သူတို့အချင်းချင်း စုပြီးတော့ပဲနေကြရပါတယ်။ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရောက်နေတဲ့ လူတွေကတော့ အဲ့လို အရှက်မရှိဝင်လာသူတွေနဲ့ ကင်းရှင်းစွာပဲနေကြပါတယ်။ အရောမဝင်ကြပါဘူး။
နိုင်ငံခြားမထွက်ခင်ကတော့ အမျိုးမျိုးပြောရတာပေါ့ နိုင်ငံခြားရောက်တော့လဲ ကိုယ့်စီးပွားရေးကိုယ်ပဲလုပ်ရတာပါ။ ကျန်တာတွေ သတိမရနိုင်ပါဘူး။ မြန်မာနိုင်ငံအတွက်ဆို အဝေးကြီးပေါ့။ ဘာပဲဖြစ်ဖြစ် လူရှိန်အောင်တော့ အင်တာနက်ပေါ်တက်ပြီး အလုပ်တွေပြရတာပေါ့။ အနီးကပ် လက်နက်ကိုင် တိုက်ပွဲဝင်လာတာက နိုင်ငံရပ်ခြားကနေ ကီးဘုတ်ကိုင်တိုက်ပဲဝင်တာလောက် အကျိုးမရှိဘူးလို့ အဝေးရောက် ဒုက္ခသည်အားလုံးက ယုံကြည်ကြပါတယ်

ဆင်းရဲပါလေ့ စေ ။ရွှေတိဂုံဘုရားကြီးနဲ့ ..အမေ့အိမ်ကို မခွဲနိုင်သလို့ ။မြန်မာ့သင်္ကြန်စစ်စစ်ရေကစား ပွဲတော်ကြီးကို အင်းလျားကန်မှာ ကဲနေကြမို့  ခွဲနိုင်ဘူး ဘာမှမသိနားမလည်တဲ့ တိုင်းတပါးလက်အောက်ခံ
က ဥပဒေ ဘောင်ကြီးထဲမှာ မနေချင်ဘူး ။အာရုံနောက်တယ် ....
အဲ....စစ်မှန်ပြီး တကယ့် နိုင်ငံရေးတော်လှန်ရေး ကိုယ်ကျိုးစွန့် သမားတွေ ကိုတော့ .....လေးစားအားပေးနေပါတယ် ..
ပိုပြီးလေးလေးစားစား အာပေးနေတာက မြန်မာနိုင်ငံပြည်တွင်းက နေစိတ်ဓါတ်ပြည့်ဝစွာနဲ့ ။တိုင်းပြည်အတွက် တိုးတက်ဘို့  ဆောင်ရွက်ကျိုးပမ်းနေသော ရဟန်းရှင် လူ ပုဒ်ကိုယ် ခေါင်းဆောင်ကောင်းတွေပါ။
ဒီပို့ လေးကို အများတကာဖတ်နေသော အတိုက်ခံ Myanmar Express ဝက်ဘ်ဆိုက်ထဲကနေ တဆင့် မှန်တာတွေ ထုတ်နုတ်ယူပြီး လက်ရှိဂေါ်လီ မြင်တွေ့ နေရသော အတွေ့ ကြုံတွေနဲ့  Syinthesizer
စုပေါင်းစပ်ပေါင်း ဟိုမွှေဒီမွှေMix ရောသမပြီး ရေးတင်ပြလိုက်ပါတယ်။
သူတို့အသုံးမကျလို့ ဆိုတာကို မေ့ထားပြီး အစိုးရ အသုံးမကျလို့ အနှိမ်ခံရတယ်လို့ပဲ ခံယူထားကြပါတယ်။ အနှိမ်ခံရတဲ့အပြင် အချင်းချင်းက ”အစည်းလုံးတော့ ပိုဆိုးပါတယ်။ ပြိုင်ကြ ဆိုင်ကြတာလည်း ရစရာမရှိပါဘူး။ ဒါကလည်း သြစတျေးလျတင်မဟုတ်ပါဘူး။ နိုင်ငံခြားရောက် မြန်မာအားလုံးက မြန်မာအချင်းချင်းတွေ့ဖို့ဆို အမြဲရှောင် ကြ ပြီး ဘာမဟုတ်တာလေးတွေနဲ့ အချင်းချင်းပြိုင်နေကြတာချည်းပါပဲ။ ပြည်တွင်း မှာ အမျိုးသားရင်ကြားစေ့ဖို့ဆိုတာထက် ပြည်ပမှာ မြန်မာချင်း အတွေ့ခံရဲ ဖို့နဲ့ ကိုယ့်ကိုယ်ကို မြန်မာလို့ထင်မှာ မကြောက်ဖို့က ပိုပြီးအရေးကြီးပါတယ်”--တဲ့ --အဲဒါ အမှန်တကယ်ပါပဲ ။
ReplyDelete