သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Friday 31 August 2012
အင်တာနက်အွန်လိုင်းပေါ်မှ ကွန်ပျုတာ နည်းပညာရေးသားနေသူ ညီနေမင်းနှင့် စကားပြောခြင်း
  ညီနေမင်းနည်းပညာ+ဘလောက်ဂါကိုဂေါ်လီ
55th Merdeka Day
 ယနေ့ မြန်မာနိုင်ငံ မှအင်တာနက်အွန်လိုင်းပေါ်တွင် ကွန်ပျုတာကို သုံးစွဲနေတဲ့ 
လူတိုင်း မြန်မာလူမျိုးများအတွက် တဘက်တစ်လမ်းကနေ တိုးတက်စေခြင်
တပ်စေခြင် သိစေခြင်သော မေတ္တာစေတနာတို့ ဖြင့် ။ကိုယ်ကျိုးမပါပဲ ဘဝတစ်ခုလုံးကိုနှစ်မြုတ်ပြီး
ဘာသာရေး နှင့် ကွန်ပျုတာ နည်းပညာနဲ့ ပါက်သက်ပြီးရေးသားနေသူ ၊ညီလေးမောင် ညီနေမင်း  နှင့် 
အွန်းလိုင်းပေါ်မှာ စကားလက်ဆုံ ပြောခန်းထဲမှ ညီလေးမောင်ညီနေမင်း ပြောသော
စကားလုံးများထဲမှ မှတ်သားစရာများ ဗဟုသုတဖြစ်တဆင့် ဝေမျှလိုက်ပါတယ် ၊
တဘက်သား၏ ပုဂိုလ် ရေး လူမှု့ ရေး စည်းကမ်းအရ၊ ညီလေး မောင်ညီနေမင်း ပုံတော့ ဖေါ်ထုတ်မပြထားပါဘူး..
ဒီလိုပါ.....
            ပုံမှန် နှုတ်ဆက်နေကြ ဖြစ်ပြီး ကိုယ်ကဘလောက်စပေါ့ ရေးတဲ့ လူဆိုတော့ 
စာပဲရေးတပ်တယ် ကွန်ပျုတာဆိုတာဝန်ခံရယင် ပါဝါအပိတ်ဖွင့် နဲ့ တော်လုပ်တောင်လုပ်
သာလုပ်တပ်ပြီး တစ်ကယ်ဖြစ်လာတော့ ကိုယ့် စက်ဘာဖြစ်မှန်းမသိဘူး ဟေ့ ကောင်ငါ့ ညီရေ..
လုပ်စမ်းပါအုန်းဟ ငါ့ စက်ကြီးဆိုပြီး...ခနခနTeam Viewer နဲ့ ပြင်ခိုင်းနေကြ..
မြန်မာပြည်က အင်တာနက်လိုင်းကလည်း သိတဲ့အတိုင်းပဲ မျောက်ရေနစ်နေသလိုပဲ..
ရအောင်လုပ်ပေးတယ်...
သတင်းစာတွေလိုက်ဖတ်ပြီး ...အင်တာနက်ကနေ ဝေမျှနေတဲ့ ဘလောက်ဂါသမားကို အားပေးအား
မြှောက် လိုက်လုပ်ပေးတဲ့  စိတ်ဓါတ်လုံးဝမပါပဲ... မသိနားမလည်တဲ့  ခလေးတစ်ယောက်ပမာ ..
ရိုးစင်းဖြူစင်စွာနဲ့ ... ဆောင်ရွက်ပေးတာ ထူးဆန်းတဲ့  ညီလေးရဲ့  စိတ်ဓါတ်ပါ..
ကြုံဘူးတဲ့ လူလည်းရှိမှာပါ..
တစ်နေ့ မှာ ၂၀၁၂ သြဂုတ်လကုန်ခါနီးပေါ့ ညဘက်...
စက်ပေါ်မှာ ဘာမှမလုပ်ပဲထိုင်နေယင်း..အကိုပျောက်နေပါလားးးးဂျီတောလ်မှာ ဝင်လာပြီး
အေးကွာ ငါ့ ညီရေ ငါလည်းအမေကြီးဆုံးလို့ ကွာ မြန်မာပြည်ပြန်သွားတယ် လွန်ခဲ့ တဲ့ ၂ရက်လောက်ကမှ
ပြန်ရောက်လာတယ်... စိတ်ထဲမှာ ဘယ်လိုကြီးဖေါ်မပြနိုင်သော ဝေဒနာခံစားရတယ်ကွာ..
အော်.. အေးဗျာ ကျွန်တော်လည်း အဖေဆုံးတုံးက Dz 10 လုံးသောက်တာတောင် အိပ်မပျော်ခဲ့ဘူး...
    အတော်လေးကို ဆို့နင့်ခဲ့ရတဲ့ အချိန်တွေပါ
  ဘ၀ကို စိတ်ဓါတ်ရေးရာတွေ မြင့်တင်ပေးခဲ့တာ ကျွန်တော့်ဖေဖေပါ။ 
  အေးညီလေးရာငါလေလောကကြီးကိုသံဝေဂရနေသလိုပဲ
  အတူ၂ပဲနော်...
: ကျွန်တော်လည်း အခု သမထ အလုပ်ကိုလုပ်နေပါတယ်
  မအိပ်ခင်ပေါ့
  ကောင်းတယ်ကွာ...ဘာပဲလုပ်လုပ် မျှတစွာလုပ်ကွာ မိမိအပေါ်မှာရော တစ်ဘက်သားမှာရော
ဘာပဲလုပ်လုပ်ကွာ အစွန်းမရောက်စေနဲ့ ...စကားလေးတစ်ခွန်း လက်ဆောင်ပေးလိုက်ယင်း..
ဘာသာရေးနဲ့ ပါက်သက်သောအကြောင်းရာ သူကမေး ကိုကမေးနဲ့ အပြန်လှန်ဆွေးနွေးကြယင်းနဲ့  
.. ဗုဒ္ဒသာသနာပြန့် ပွားရေးကို အစဉ်တစ်စိုက်လေ့ လာလိုက်စားနေသူ ဖြစ်နေတယ်ဆိုတာ
အကိုယ်ရယ် တစ်ချို့ ဆိုကျနော့် ကို ဝေဖန်တယ်.. ဆဲတောင်ဆဲကြသေးတယ်..
ဒါကတော့ ငါ့ ညီရယ်  လူ့ ဘဝဆိုတာ မင်းတို့ ငါတို့ မှာ တစ်ထောင့် တစ်နေရာ တစ်ခုခုမှာ
လိုအပ်ချက်ဆိုတာ အမြဲရှိနေမှာပါ...ဒီလိုလူကို မင်းတို့ ငါတို့ အပြစ်မမြင်ပဲ မိမိအတွက် လိုအပ်ချက်တွေကို
ဖြည့် ဆည်းပေးနေတဲ့ မိတ်ဆွေကောင်းလိုပဲ သဘောထားပါ.. နုတ်ကပြောတဲ့  ဝစီကံဆိုတာတော့ 
ရှိပြီးသားပါ အချိန်တန်သူတို့ ထိုက်နဲ့ သူတို့ ကံသူတို့ လမ်းကြောင်းသွားပါလိမ့် မယ်...
ဟုတ်ကဲ့ ပါ...
နေအုန်းကွ မင်းနဲ့ ငါ ဒီလောက်ကြီးနာရီတွေ အကြာကြီးပြော တစ်ခါမှလည်းမပြောခဲ့ ဘူး..
ကြုံတုန်း ကွာတစ်ခါတည်း မေးမယ်...
ငါ့ ညီမင်း ဘာ့ ကြောင့် ဒီကွန်ပျုတာ နည်းပညာတွေ အရေမရအဖတ်မရ အချိန်တွေကုန်ပြီး အခမဲ့ 
အွန်လိုင်းပေါ်မှာ ဝေမျှနေရတာလည်း..
အကိုကရော..တဲ့  ... အေးကွာငါကတော့  စာရေးတယ် သတင်းစာဖတ်ရတာဝါသနာပါတယ်
အင်တာနက်ကြီး အလကားအချိန်တွေပိုနေမဲ့  အတူ...မသိသေးတယ် မဖတ်ရသေးတယ် ထင်တဲ့ လူ
ဖတ်မိအောင် ဝေမျှပေးတယ်..ဒါကိုတစ်ချို့ သော စာဖတ်အားနည်းတဲ့ လူတွေက နိုင်ငံရေးသမားလို့ 
ထင်ကြသေးတယ်..ငါသာနိုင်ငံရေး သမာဆိုယင် ဂိတာကြာပြီ ...နောက်ကြုံယင်လည်း 
နိုင်ငံရေးဆိုတာဘာလည်းးးး ဘလောက်မှာရေးပြအုန်းမယ်..
ကျနော်လည်း ဒီအတိုင်းပဲလေ ... ခေတ်လူငယ်တွေ တိုးတက်စေချင်တယ် တပ်စေသိစေချင်တယ်
အခုဆိုယင် ကျနော်တို့ နိုင်ငံကြီးတိုးတက်တဲ့ လမ်းစတွေလက်တွေ့  ဖေါ်ထုတ်လာပြီ 
မိမိနိုင်ငံက အိုင်တီနည်းပညာ နောက်ကျနေပေမဲ့ ...တခြားနိုင်ငံတွေနဲ့  တန်းတူဖြစ်လာအောင်
ထုတ်ဖေါ်ချင်တဲ့  ကျနော့် ဆန္ဒရှိနေတယ်...
ဒီလိုနည်းပညာတွေ မိမိသိသလောက် ကျိုးစားတင်ပြခြင်လွန်းလို့  ကျနော်ဟာ..
10 တန်းဖြေပြီး အပြင်လောက ရောက်ပြီးကတည်းက မိဘကို အတတ်နိုငဆုံး ပြုစုခဲ့တာ ဒီနေ့အထိပဲ
ပထမနှစ်တောင် မတက်ခဲ့ဘူးကွန်ပျူတာလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ၊
ကျွန်တော် 10 တန်းတုန်းက ဆန်ပြုတ်တောင် သောက်ခဲ့ရတာ အဲ့လောက်အထိ
  ကိုယ့်ထူးကိုယ်ချွန်ပဲ ငယ်ငယ်က အရမ်းချမ်းသာတယ် အဖွားက
 မွဲချင်တော့လည်း အကြောင်းဖန်လာတာပေါ့ဗျာ အဲ့ဒါကြောင့် ငွေကြေးဆိုတာကို ကျွန်တော်  မမက်မောခဲ့ဘူး တတ်နိုင်သလောက် အများကို ကူညီမယ်မိဘကိုလုပ်ကျွေးမယ်
ဆိုတဲ့ စိတ်ဓါတ်ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်ဆုံးဖြတ်ခဲ့ တယ်..
ကျနော်ဟာ ဘယ်လောက်ထိ ကွန်ပျုတာကို လေ့ လာကျိုးစား စွဲမက်သွားတယ်ဆိုတာ
တစ်ခါတစ်လေ လုပ်ရင်းစမ်းသပ်ရင်းနဲ့  ကီးဘုတ်ပေါ်မှာ အိပ်ခဲ့ ရတဲ့  ရက်ပေါင်းမနည်းလှပါဘူး 
အခုဆိုယင် အတပ်ကြီးတော့ မဟုတ်ပေမဲ့ အခုတော့  Level 3 အဆင့် လောက်ရှိတဲ့ လူတွေ 
ကျနော့် ဆီမှာသင်တန်းလာတက်နေကြပြီလေ..
ညီလေးက နည်းပညာတွေတင်နေတယ်ဆိုတော့  လူတော်တော်များများညီလေး 
ရေးသားတဲ့  နည်းပညာတွေ ဘလောက်ဂါတိုင်းတွင် ဆင့် ပွားအသုံးချ ယုံတင်မကပဲ V.O.A အသံလွှင့် 
ဌာနရဲ့  ဘလောက်ဂါများဆိုသော ကျော်ငြာပို့ စ်မှာလည်း တွေ့ မြင်နေရတယ်
ကို  ဒါပေမဲ့ မြန်မာပြည်ထဲက အင်တာနက် လောကထဲက လူငယ်တွေအပေါ်မှာ ဘယ်လိုခံ
စားရသလည်း...
ကျနော် ဆေးကုယင်း...ထိုင်းဘက်ကမ်းရောက်တော့  မြန်မာတွေ့ ရတယ်
သူများနိုင်ငံမှာ ငွေရှာနေရရတာ ပန်းကန်ဆေးတဲ့လူနဲ့ ၊ အမျိုးစုံပဲ
ရင်ထဲမချိသာပါဘူး ...ဘွဲ့ ရပြီး ပညာတပ်တွေလည်းပါတယ်..သူတို့ ကိုကျနော် တပ်တဲ့နည်း
ပညာနဲ့  ကူညီခဲ့ တယ်..သင်တန်းတွေပေးတယ်၊အွန်လိုင်းမှာဖြန့် တယ်
တစ်ချို့ ဆိုယင် ၊ကွန်ပျုတာနဲ့ ၊စာရင်းကိုင်တွေ၊ဆောက်လုပ်ရေး ဒီဇိုင်နာသမားတွေ
ဓါတ်ပုံဆိုင်မှာလုပ်တဲ့လူတွေ ၊အမျိုးမျိုး ပြောင်းလည်းသွားတာတွေ့ ရပါတယ်၊
ကျနော်၊ပီတိဖြစ်ခဲ့ရပါတယ်..
တစ်ခါက ကျနော် မန္တလေးကိုရောက်တော့  အင်တာနက်ဆိုင်ထဲကို ရောက်သွားတယ်
ညီနေမင်းဆိုတာ လူတိုင်းသိပြီးသားပါ ဒါပေမဲ့ ကျနော်ညီနေမင်းဆိုတာ နုတ်ကနေထုတ်ဖေါ်
မပြောဘူး လူငယ်တွေ I.T လောကို ဘယ်လောက်ထိ စိတ်ဝင်စားတယ် ဆိုတာ...
သူတို့  မသိမသာလေးအနောက်ကနေ အကဲခတ်ကြည့် မိလိုက်ထာ...
ညီနေမင်း ဆိုက်တော့  ဖတ်နေပါတယ် ၂ယောက်၃ယောက်လောက်ပဲ ...တစ်ချို့ ဆိုယင်
အနားမှာ စာအုပ်နဲ့ ဘောပင်ထားပြီး လိုက်မှတ်ရေးနေတယ် ...တစ်ချို့ ကြတော့ လည်း
သာမာန်လေ့ လာကြည့် ယုံလောက်ပဲ...
ကျန်တာတွေက...အကုန်လုံးဂိန်းဆော့ ပြီး...ချက်တင်တွေ...ဖေ့စ်ဘုတ်တွေနဲ့ ..ပျော်မြူး
နေကြတယ်..အချိန်တန်တော့ လည်း..ပိုက်ဆံသာပေးထွက်သွားကြတယ်..
ဘာမှတ်သားစရာမှ ပါမသွားဘူး...
အချိန်ကုန်ခံပြီး ပိုက်ဆံလာဖြုန်းတာနဲ့  အတူတူပဲ...ဒါကိုကျနော်စိတ်မကောင်းဖြစ်မိတယ်
အင်တာနက် ဆိုင်မှာ မိမိ ဘဝတက်လမ်းကို  အထောက်ကူတွေ မြောက်များစွာပေးနေတာ..
ရှာတပ်ဖွေတပ်ယင် လေ့ လာတပ်ယင် ဘဝထမင်းအိုးကြီးဆိုတာ သူတို့ 
မသိကြဘူး...
ဒါမှန်ပါတယ် ...တစ်ခါတစ်လေ အကို့ တောင်မှ အကိုဂေါ်လီ 
ကျနော့်ကို အကောင့် ဖေါက်ပေးပါ ဘာညာနဲ့ ..အကိုယ်လည်းဒီပေါက်ကရ အလုပ်မလုပ်တပ်ပါဘူး ...ဒါပေမဲ့ ကြည့် လိုက်တော့ ...ဒီချာတိတ်နဲ့  ချာတိတ်မဟာ...
ဘာမှရေရေ ရာရာမရှိတဲ့  ပိုက်ဆံလာဖြုန်းပြီး လေပေါ်မှာ ကီးဘုတ်နဲ့  စစ်တိုက်နေတဲ့ 
ဖွန်ကြောင်တဲ့ ...အကောင်တွေဖြစ်နေတယ် ...အကိုယ်လည်း..အကုသိုလ်မပွားချင်တာနဲ့ 
သူတို့ မိတ်လာဖွဲ့ ထားတဲ့ အကောင့် တွေ ရာသက်ပန် စက်ထဲကနေ ဖယ်ထုတ်ပစ် ဘူးတယ်..
ကျနော်ဖြစ်စေချင်တာကတော့ ညီနေမင်းမကလို့ ဘယ်လူရေးတဲ့ နည်းပညာပဲ ဖြစ်ဖြစ် 
လေ့လာမယ်ဆိုယင် အနားမှာ စာအုပ်တို့  ဘောလ်ပင်တို့ ၊ထားပြီးလိုက်မှတ်သားစေ
ခြင်ပါတယ်...
မတော်လို့  ကျနော်အပါ ဝင်ပေါ့   ...အဲဒီနည်းပညာရှင်တွေ သေသွားမယ်...ကျနော်တို့ 
ရေးသားတဲ့  ဝက်ဘ်ဆိုဒ်တွေ အကြောင်းမျိုးမျိုးကြောင့် ..ပိတ်ရပ်ဆိုင်းတော့ မယ်ဆိုယင်..
မခက်ချေဘူးလား...ဒီလို မှတ်တမ်းမှတ် ရာလေးတွေထားသင့် တာပေါ့ ...
အရေးကြုံ ယင်ခက်ချေပေါ့ ...
နောက်တစ်ခုက အင်တာနက်လောကကြီးမှာ ဟက်ကာဆိုတာထားပါတော့ ...
VIRUS လောကကြီးဟာ တော်တော်လေးကို စိတ်အနှာက်ယှက်ဖြစ်စေတယ်..နည်းနည်းပြောပြ
စမ်းပါ
ဒီလိုဗျ အကိုရ အတိုက်ခံလောကလိုပဲ ရောင်းသူနဲ့ ဝယ်သူ့ ပစ္စည်းငါ့ ပစ္စည်း အပြိုင်ဆိုင်ရောင်းကောင်းအောင်၊လုပ်တဲ့ သဘောပဲ..ကျနော်စက်ထဲမှာဆို Virus နဲ့ တူတာဆို
မြင်ခြင်လို့ တောင် မမြင်ရဘူး နည်းပညာနဲ့ ကာကွယ်ထားတယ်..
ဒါပေမဲ့  အဲဒီ Virus ဆိုတာ ဘာလည်း ငါလိုပဲအခြားလူတွေ ဘယ်လိုကာကွယ်ရမလည်းဆိုတာ
သိစေတပ်စေချင်လွန်း အားကြီးလို့  ကျနော်ကိုယ်တိုင် ဗိုင်းယက်ကို လိုက်ရှာပြီး ၊
ကနော့် စက်ထဲမှာထည့် တယ် ဘယ်ကလာပြီး၊ဘယ်လိုအမျိုးစား၊လည်းဘာတွေတိုက်ခိုက်နေတာလည်း 
အစရှိသဖြင့်   ဘယ်လိုဆော့ ဖ်ဝဲလ် တွေနဲ့ ။လုံခြုံအောင် ကာကွယ်ရမယ်ဆိုတာ အချိန်တွေ
ပေးပြီးကျနော် လေ့ လာခဲ့ တယ် ၊ကျနော့်ရဲ့ ဆိုဒ်မှာလည်း ကိုယ်တိုင်တပ်သလောက်
ဆော့ ဖ်ဝဲလ်တွေရေးပြီးတင်ပေးထားပါတယ်..Virusထဲမှာ Trojan ဆိုတာအဆိုးဆုံးပါ..
နောက်တစ်ခုက ဝိုင်ဖိုင် ဟတ်တယ်ဆိုတာက ရော..
 ဒီလိုဗျ အကိုကြီးရ..
                       ဒီဝိုင်ဖိုင်ဟတ်တယ် ဆိုတာကလည်း သူများအင်တာနက်ကို ခိုးသုံးတာပေါ့ လေ ။ လူတွေအမြင်မှာ ကောင်းခြင်လည်းကောင်းမယ် ၊မကောင်းခြင်လည်းမကောင်းဘူး၊ 
ဒါပေမဲ့ နည်းပညာ ရေးနေတဲ့  ခေတ်နဲ့ အညီ၊ကျနော်လည်း 
WIFIဟတ်နည်းတင်ထားပေးပါတယ်။ဒါပေမဲ ရန်သူနဲ့ မိတ်ဆွေလို ဖြစ်နေတယ်၊
ဘယ်နေရာက ကြည့် ကြည့်  ၊တဘက်သားနစ်နာနေတာ အမှန်ပါ။ဒါကိုလည်း ကျနော်က
မိမိရဲ့ အင်တာနက်လိုင်း WIFI ကာကွယ်နည်းပါ၊တစ်ခါတည်း ရေးတင်ထားတယ်..
အားလုံးဟာ ရန်သူတွေလိုမမြင်တော့ ပဲ မိတ်ဆွေတွေဖြစ်ကုန်တယ်၊
ဥစ္စာလည်းမပျောက်ဘူး ငရဲလည်းမရောက်တော့ ဘူး သဘောပေါ့ ...
ကိုင်းညီလေးရေ မင်းလည်းအိပ်ယာထဲ  လည်းပြီးဖျားနေတာ ၁၂ရက်ကျော်နေပြီ
ခုမှနလံထူတာ..မင်းကြည့် ရတာ ပိန်ကျလာတယ်၊ 
စကားပြောကောင်းနေတာ မနက်၅နာရီထိုးတော့ မယ်...လိုင်းပိတ်အိပ်ချေတော့ ကွာ
နောက်နေ့ မှဆုံမယ်..
ဟုတ်ကဲ့ ပါအကိုလည်း အမေလည်းဆုံး စိတ်ပင်ပန်းလူပင်ပန်း မနက်အလုပ်ဆင်းရအုန်း
မယ်မလား အနားယူအုန်း..
နောက်မှဆုံမယ်...မင်္ဂလာပါနော်အကိုကြီး...
အင်တာနက်လိုင်းပေါ်မှ မိုက်ကရိုဆော့ ဖ်နည်းနည်းပညာ ဝေမျှနေတဲ့ မြန်မာနိုင်ငံသားလေး
မောင်ညီနေမင်းပါ ။သူ့ဆိုဒ်ကတော့ လူတိုင်း သိနေလို့ ။ဖေါ်ပြစရာအထူးမလိုတော့ ပါဘူး
အင်တာနက် မော်ဇီလာ ဝက်ဘ်ပေ့ ခ်ျ မှာပဲဖြစ်ဖြစ်၊Google  အင်တာနက် စာမျက်
နှာမှာပဲဖြစ်ဖြစ် ဇော်ဂျီဖောင့် နဲ့  မြန်မာလိုသာ ချိန်းရိုက်ပေတော့ -ညီနေမင်း-
ဆိုယင်ပေါ်လာပါပြီ နည်းပညာကောင်းများရယူနိုင်ပါစေ..
ညီနေမင်းပြော စကားလေးများထဲမှ....
ကျွန်တော်လည်း ပညာကို သေရာမယူသွားချင်လို့ ခက်ခက်ခဲခဲလေ့လာထားသမျှကို အကုန်လုံး တစ်ခုမကျန် သင်ပေးပါတယ်
  အခကြေးငွေမပါ မေတ္တာသက်သက်နဲ့ပါ....
2 comments:
  1. အကိုကြီး mixko နဲ့ အကိုလေး nyinaymin တို့ ၂ ယောက်လုံးကို လေးစားခင်မင် အားပေးလျှက်ပါ။ ကျန်းမာချမ်းသာကြပါစေ နောင်တော်များရေ
    ReplyDelete
  2. အစ်ကိုရေး ကျွန်တော်က website တစ်ခုတည်ထောင်ချင်လို့ပါ ဒါကြောင့် website တင်နည်းကို
    video file (mp4) ဖြင့်ဖြင့် ကျွန်တော့် facebook - (tharngelay myawaddy) တစ်ချက် Tag ပေးလို့ရမလား
    ကျေးဇူးတင်လျက်
    ReplyDelete
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks