Wednesday, 30 January 2013

အဓိပ္ပါယ်ရှိလှသောဆုရသွားသောဓါတ်ပုံ


ရေသည်အသက် ဓါတ်ပုံပြိုင်ပွဲ ထိပ်တန်းဆု၎ဆု မြန်မာရရှိ

ဖိလစ်ပိုင်အခြေစိုက် Southeast Asian Regional Center for Graduate Study and Research in Agriculture (SEARCA) ရဲ့ အရှေ့တောင် အာရှနိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်တဲ့ ရေသည်အသက် ခေါင်းစဉ်နဲ့  ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာဓါတ်ပုံဆရာ (၄)ဦးက ထိပ်တန်း ဆု(၄)ဆုကို သိမ်းကျုံးဆွတ်ခူးသွားပါတယ်


  


 ပထမဆုကို ကျော်ဇော်လေး (မန္တလေး)၊ ဒုတိယဆုကို ထွန်းအောင်(ရန်ကုန်)၊ တတိယဆုကို ကျော်ကျော်ဝင်း(ရန်ကုန်)နဲ့ သန်းထိုက်စိုး (မန္တလေး)က ပရိသတ်အကြိုက် ဆုကို အသီးသီး ရရှိသွားတာ ဖြစ်ပါတယ်။

ရေသည်အသက် ခေါင်းစဉ်နဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇ နိုင်ငံက ဓါတ်ပုံဆရာ၂၄၀ ကျော်က ဓါတ်ပုံပေါင်း၉ ၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

DVB TV News

1 comment:

  1. မင်္ဂလာသတင်းကောင်းလေးမို့  ကျေးဇူး ပါပဲ ကိုဂေါ်လီ

    ReplyDelete