Thursday, 7 March 2013

ကုလသမဂ္ဂ နှင့် နိုင်ငံ တကာ ၏ အပစ်အခတ် ရပ် ဖို့  တောင်းဆိုချက် ကို မလေးရှား ပယ်ချ


မလေးရှား ဆဘား ပြည်နယ် ဘော်နီယို ကျွန်းကို တစ်ချိန်က ဆူလူး ဆူလ်တန် ပိုင်ခဲ့ ပြီး ဖိလစ်ပိုင် ၏ နယ်မြေ ဖြစ်ခဲ့သည် ဟူသည့် အကြောင်း
ပြချက် ဖြင့် လက်နက် အပြည့် အစုံ ဖြင့် ၀င်ရောက် လာသည့် ဖိလစ် ပိုင်
ကျုးကျော် သူများ နှင့် ဆွေးနွေးရန် ကုလသမဂ္ဂ ၏ ပန်ကြားချက် ကို ဖိလစ်
ပိုင် က ပယ်ချ လိုက်သည်။ ဖိလစ်ပိုင် ကျုးကျော်သူများ ကို ဆက်လက် တိုက်ခိုက် နေ ပြီး တိုက်ပွဲများ အတွင်း ဖိလစ်ပိုင် ဘက် မှ ၅၀ ခန့်  ကျဆုံး
သည်။


 မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်က ရွာတရွာကို သိမ်းပိုက်ထားတဲ့ ဖီလစ်ပိုင် မွတ်ဆလင်သူပုန်တွေကို ကမလေးရှားတပ်ဖွဲ့ တွေက အပြင်းအထန်တိုက်ခိုက်ရာမှာ ဒီကနေ့ တနေ့တည်းမှာကို ဖီလစ်ပိုင်သူပုန်၃၁ယောက်သေဆုံးသွားတယ်လို့  ရိုက်တာ
သတင်းမှာဖော်ပြထားပါတယိ။


သူပုန်တွေဘက်က အပစ်အခတ်ရပ်စဲရေးဆွေးနွေးချက်ကိုလည်း မလေးရှားဘက်လက်မခံဘဲ ပယ်ချခဲ့ တယ်လို့ ဆိုပါတယ်။

သူတို့ အနေနဲ့ ဖီလစ်ပိုင်စစ်သွေးကြွတွေ ဘာတောင်းဆိုချက်ညိနီုင်းချက်မှမရှိဘဲ
လုံးဝအညံ့ ခံလက်နက်ချတာကို လိုချင်တယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး Najib ကပြောပါတယ်။

ဖီလစ်ပိုင်သူပုန်တွေအနေနဲ့ လက်နက်မချရင် ဘယ်လောက်ကြာကြာ သူတို့ ကို အပြီးတိုင်သုတ်သင်သွားမယ်လို့ 
သူက ပြောကြားလိုက်ပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Najabဟာ သူကိုယ်တိုင်လည်း
အဲဒိဒေသကိုခရီးထွက်ပြီးတိုက်ခိုက်မှူအခြေအနေကို
လေ့လာခဲ့ပါတယ်။


ပြီးခဲ့ တဲ့ သောကြာနေ့ က စခဲ့ တဲ့ ဒီတိုက်ပွဲတွေကြောင့်
အခုအချိန်ထိ ဖီလစ်ပိုင်သူပုန်၅၂ယောက်နဲ့ 
မလေးရှားရဲ ၈ယောက် သေဆုံးခဲ့ ပါတယ်။ 


No comments:

Post a Comment