Wednesday, 13 March 2013
၂ဝ၁၃ ခုနှစ် တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်အရေအတွက် တိုးပွား လာကြောင်းနှင့် တိုက်ခိုက်မှု၏ ထက်ဝက်မှာ အမေရိကန်နိုင်ငံမှ ဖြစ်
၂ဝ၁၃ ခုနှစ် ပထမ ၂ လအတွင်း တရုတ်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်အရေအတွက် တိုးပွား လာကြောင်းနှင့် တိုက်ခိုက်မှု၏ ထက်ဝက်မှာ အမေရိ ကန်နိုင်ငံမှ ဖြစ်ကြောင်း တရုတ်အင်တာနက် လုံခြုံရေး စောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် အမျိုးသား ကွန်ပျူတာကွန်ရက် အရေးပေါ်တုံ့ပြန်ရေး စင်တာက ဖော်ပြခဲ့ ပါသည်။
ပထမ ၂ လတာ ကာလအတွင်း တရုတ်မိန်းဖရိန် ကွန်ပျူတာ ၁.၉ သန်းအား ထိန်းချုပ်ရန် Trojans ကဲ့သို့သော ဆော့ဝဲလ်အား အသုံးပြုကာ ပြည်ပမှ ၆,၇၄၇ ကြိမ် တိုက်ခိုက်ခဲ့ပါသည်။ ၎င်းတို့အနက် ၂,၁၉၄ ကြိမ်သည် အမေရိကန်မှ ဖြစ်ပြီး မိန်းဖရိန်ကွန်ပျူတာ ၁.၂၈၇ သန်းအား ထိန်းချုပ်ခဲ့ကြောင်း အဆိုပါ စင်တာ က ဖော်ပြခဲ့ပါသည်။ တရုတ်ဝဘ်ဆိုက် ၁၁,ဝဝဝ ခန့်တိုက်ခိုက် ခံခဲ့ရပြီး ဝဘ်ဆိုက် ၃,၅ဝဝ အား အမေရိကန်မှ တိုက်ခိုက်ခြင်းဖြစ်ကာ ဝဘ်ဆိုက် ၄၇၃ ခုအား ဂျပန်မှတိုက်ခိုက်ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment