Sunday, 3 March 2013

အဆင့်မြင့် လက်ပ်တော့ဖြင့် ဂူးဂဲလ်က အက်ပဲလ်ကို စိန်ခေါ်

အဆင့်မြင့် လက်ပ်တော့ဖြင့် ဂူးဂဲလ်က အက်ပဲလ်ကို စိန်ခေါ်
ဂူးဂဲလ် ကုမ္ပဏီသည် အဆင့်မြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာ အသုံးပြုသူများ အတွက် ရည်ရွယ်၍ တို့ထိ
မျက်နှာပြင် စနစ် နုတ်ဘွတ်ခ် ကွန်ပျူတာများ ထုတ်လုပ် ရောင်းချ၍  အက်ပဲလ် ကုမ္ပဏီနှင့် ၎င်းတို့၏ MacBooks ပီစီများကိုစိန် ခေါ်လိုက်ကြောင်း သိရသည်။ Chromebook Pixel ကွန်ပျူတာ များတွင် လက်ပ်တော့နှင့် သင်ပုန်း ကွန်ပျူတာ နည်းပညာများ ပေါင်းစပ်ထားပြီး 

အဆင့်မြင့် အင်တဲလ် ချပ်စ်များနှင့် နည်းပညာမြင့် ဂရပ်ဖစ်သုံး နိုင်သော မျက်နှာပြင် ပါဝင်ကာ ယခုအခါ အမေရိ ကန်နှင့် ဗြိတိန်နိုင်ငံ တို့တွင် စတင်  ရောင်းချနေပြီ ဖြစ်သည်။ ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၁,၂၉၉ မှ စတင်မည် ဖြစ်သည်။ “လူတွေက ဒီကွန်ပျူတာ သုံးဖို့ MacBook Air တွေကို ပစ်ပယ်ကြ လိမ့်မယ်” ဟု Chrome ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဆွန်ဒါ ပီချိုင်က ယင်း ကွန်ပျူတာများ စတင်ဖော်ထုတ် ပြသသော အခမ်းအနားတွင် ပြောကြားသည်။ Verizon မိုဘိုင်း အင်တာနက် စနစ်နှင့် ချိတ်ဆက် ထားသော Chromebook မော်ဒယ်လ်မှာ လာမည့် ဧပြီလတွင် ဈေးကွက် အတွင်း ဝင်ရောက်လာ မည်ဖြစ်ပြီး ကန်ဒေါ်လာ ၁,၄၉၉ ဖြင့် စတင် ရောင်းချမည်ဟု  ဂူးဂဲလ်ကုမ္ပဏီမှ တာဝန်ရှိ သူက ပြောကြားသည်။ ဂူးဂဲလ်၏ ကွန်ပျူတာမှာ သုံးစွဲချင်စရာ ကောင်းသော်လည်း အဓိက ပြဿနာမှာ ဈေးနှုန်းအရ ယှဉ်ပြိုင်ခြင်း သာမက ယင်း ကွန်ပျူတာနှင့် တွဲဖက် အသုံးပြု နိုင်သော အစီအစဉ်များ ရေးဆွဲပေးသူ (Developers) များပါ မွေးမြူရေး ဖြစ်ကြောင်း GigaOm နည်းပညာ ဝက်ဘ်ဆိုက်က သုံးသပ် ထားသည်။
Ref: AFP
From : Yatanarpon

No comments:

Post a Comment