မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် 
လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး 
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် 
သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ်
 ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်းကျင်တွင် 
ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူအုပ်စု နှစ်ဘက်စလုံးတွေ 
ပြင်းထန်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ လတ်တလောတွင် အမေရိကန် 
နိုင်ငံသားများကို ရည်ရွယ်သည့် ခြိမ်းခြောက်မှုများ မရှိသေးသော်လည်း 
ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ ၀န်းကျင်များကို ရှောင်ရှားကြရန်
 အကြံပေးအပ်ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့ပါသည်။
ထို့အပြင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားရောက်ရာတွင် 
ပတ်ဝန်းကျင် အခြေအနေများကို အမြဲသတိထားရန်နှင့် မည်သည့် လူစုလူဝေး 
လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်ခြင်း မပြုရန်၊ မင်္သကာစရာ အခြေအနေ တစ်စုံတစ်ခု 
ရှိလာပါက တာဝန်ရှိသူများထံသို့ သတိပေးရန်နှင့် အဆိုပါ နေရာကို စွန့်ခွာရန် 
အကြံပေးထားသည့် အပြင် အမေရိကန် နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံတွင်း
 အရေးပေါ် ကိစ္စရပ်များ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ 
အရေးပေါ် ဖုန်းနံပါတ် (95)-(9)-5124330 သို့ ဆက်သွယ်ပြီး တာဝန်ကျ 
အရာရှိနှင့် ဆက်သွယ် ပြောဆို နိုင်ကြောင်း ထုတ်ပြန်ချက်တွင် 
ဖော်ပြခဲ့ပါသည်။
 http://news-eleven.com
No comments:
Post a Comment