မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ 
ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း
 ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက်တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။
 
လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက်
 မြို့နယ် ၁၅ မြို့နယ်၌
လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတ
 ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ 
ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် 
ဖြစ်ပွား ခဲ့ကာ သေ ဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး
 အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
 
ဖမ်းဆီးရမိခဲ့သော ပြစ်မှုကျူးလွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့်အကျိုး ဖျက် ဆီး မှု၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှုဖြစ်စေရန် လှုံ့ဆော်မှု၊ ကော လာဟလဖြန့် ချိမှု အစရှိ သည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။
 
ထို့အပြင် တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ငါးယောက်ထက်ပိုသော

 လူစုလူဝေးကို အင်အား သုံး၍ လူစုခွဲနိုင်ပြီး 
ထိုသို့အင်အားသုံးဖြေရှင်းရသည့်  ကိစ္စမျိုးပေါ်ပေါက်ခဲ့ပါက
 ပြည်သူလူထုအနေဖြင့်ပါဝင်ကူညီဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။
 
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်ဆူပူအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်ကြောင်းပြစ်မှုထင်ရှား သူများကို တည်ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါဖြစ်
ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာသည်။
 
From:
7Day ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်ဆူပူအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်ကြောင်းပြစ်မှုထင်ရှား သူများကို တည်ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါဖြစ်
ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း
www.mmdailystar.com
No comments:
Post a Comment