
 
ကချင်ပြည်နယ် မန်းဝိန်းကြီးဒေသတွင်
တပ်မတော် နှင့် KIA သောင်းကျန်းသူတို့ တစ်ဖက်နှင့် တစ်ဖက် 
တိုက်ခိုက်ခြင်းမပြုရန် ညှိနှိုင်းထားသောလည်း
အချို့သော KIA သောင်းကျန်းသူများသည် 
လက်နက်အားကိုးဖြင့် အပြစ်မဲ့သော တိုင်းရင်းသားများကို
ရန်လိုတိုက်ခိုက်နေမှုများရှိနေပါသည်။
ဖြစ်စဉ်မှာ မန်းဝိန်းကြီး
ရပ်ကွက်(၁)တွင်နေထိုင်သော ရိုးသားစွာ တောင်ယာလုပ်ကိုင်စားသောက် သည့် 
  ဒူလွမ်း(၄၀)နှစ်(ဘ)ဦးဇော်လသည်
(၂၂-၂-၂၀၁၃)ရက်နေ့တွင် မန်းဝိန်းကြီးရပ်ကွက်(၆)ရှိ 
မိတ်ဆွေဖြစ်သူထံသွားရောက်ပြီး လယ်ယာလုပ်ငန်းအတွက်
သူရင်းငှားကိစ္စများ သွားရောက်ညှိနှိုင်းပြီး
 ညနေ (၇)နာရီခန့်တွင် အိမ်သို့ ပြန်လာရာ
အပြန်လမ်းတွင် အရက်မူးမောင်းနှင်လာသော လက်နက်ကိုင်
 KIA သောင်းကျန်းသူ (၆)ဦးနှင့် ထောလာဂျီတစ်စီးနှင့်
မျက်နှာချင်းဆိုင်  မီးထိုးမောင်းမိသည့်
 အတွက်
ထော်လာဂျီပေါ်ပါသော အရက်မူးနေသည့် KIA သောင်းကျန်းသူတို မှ 
 ဆိုက်ကယ်အားရပ်တန့်စေခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ရိုးသားစွာ
စစ်ဆေးမေးမြန်းခြင်းမျိုးမ 
ဟုတ်ဘဲ သေနတ်မောင်းတင် ခြိမ်းခြောက်လာသည့် အတွက် ကိုဒူလွမ်းသည်ကြောက်ရွံ့တုန့်
လှုပ်စွာဖြင့် 
 ဆိုင်ကယ်မောင်းနှင် ထွက်ပြေးခဲ့ရာ
အရက်မူးနေသော KIA သောင်းကျန်းသူများမှ လက်နက်ငယ်များဖြင့် 
ဝိုင်းဝန်းပစ်ခတ်သည့် အတွက်
ကိုဒူလွမ်းသည် ပုံပါ အတိုင်း ဒဏ်ရာများစွာရရှိပြီး 
လွတ်မြောက်လာခဲ့ပါသည်။ 
ဒဏ်ရာပြင်းထန်စွာရရှိလာသော
ကိုဒူလွမ်းသည် မန်းဝိန်းကြီး(၁)ရပ်ကွက် ပြည်ခိုင်ဖြိုးရုံးရှေ့တွင် 
ရပ်တန့်သွားရာ အနီးရှိ
ပြည်ခိုင်ဖြိုးပါတီဝင်များမှ KIA သောင်းကျန်းသူများလက်မှ လွတ်ကင်းရန် 
ကိုဒူလွမ်းအား
ရှောင်တိန်းပုန်းခိုနေထိုင်စေပြီး KIA သောင်းကျန်းသူများ ဆက်လက်ထွက်ခွာ
 သွားသောအခါ
ကိုဒူလွမ်း၏ဒဏ်ရာများမှ မြင်မကောင်း သွေးများထွက်နေသည့် အတွက်
 နမ့်ခမ်းဆေးရုံးသို့ 
အမြန်ပို့ဆောင်ကာ ဆေးကုသစောင့်ရှောက်မှုများလုပ်ပေးလိုက်ကြောင်း သိရှိရပါသည်။
KIA သောင်းကျန်းသူများသည်
တပ်မတော် နှင့် လက်နက်ကိုင် 
တိုက်ခိုက်မှုများ ခေတ္တရပ်နားထားသောလည်း ဒေသတွင်းမင်းမဲ့စရိုက်ဆန်ဆန် 
ယုတ်မာရမ်းကားမှုများရှိနေသေး ကြောင်း သိရှိရပါသည်။
အွန်လိုင်းဖေ့စ်ဘုတ်မှ... 
စိတ်မကောင်းစရာသတင်းတစ်ပုဒ်ပါ။ ဖတ်သွားပါတယ်ဒကာကြီး။
ReplyDelete