Saturday, 9 March 2013

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan


ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာ ပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ် ရင် အခြား နာမည်မရှိတော့ပါဘူး။
ဆောက်လုပ်ခြင်း
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့ အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အား လုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်း က သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။
ကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက် ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ကုန်ကျပါတယ်။
အော်ပရေးရှင်း
အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆို လို တာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလ စ် ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကို ရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေး အန္တရာယ် ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ် သွားေ ရာက် လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ြ ပီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြု ပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင် တာ ဖြစ်ပါတယ်။
သင်္ဘောအချက်အလက်
နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစ မတ်ပြုပါ တယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ေ ပါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါ ဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက် လှမ်းနို င်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါ တယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက် ခိုက် ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါ တယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေေ ပ်ါမှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ် သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံး သွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။
Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ
အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သေ င်္ဘာ ကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သေ င်္ဘာ၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင် လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ် သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန် ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ် သင်္ဘော များ တည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှ စ်ပေါင်း များစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment