Sunday, 14 April 2013

သင်္ကြန်အကျနေ့ ပုသိမ်ကားမှောက်မှုကြောင့် ၁၈ ဦး ဒဏ်ရာရ


ယနေ့ နေ့လယ်၂ နာရီဝန်းကျင် ချောင်းသာမရောက်မီ ၈ မိုင်လောက် အလို ဆိပ်ကြီးရွာအနီးမှာ ဖြစ်ခဲ့ တာ ပါ။ “ကုန်းအဆင်းမှာ ကားက ညာဘက်ကို ကွေ့ရမှာကို ဘရိတ်ပေါက်သွားတော့ အရှိန် မထိန်းနိုင် တော့ဘဲ ပေ ၁၅၀ လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မသေသင့်တဲ့ လူတွေ မသေရအောင် အမြန်ဆုံး ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်” လို့ ချောင်းသာရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ထွန်းက ပြောပါတယ်။ 
ဒဏ်ရာရတဲ့ထဲမှာ ၄ ဦးက ဒဏ်ရာပြင်းထန်တယ်၊ အဲဒီထဲက တဦးကိုတော့ ရန်ကုန်ဆေးရုံကြီး ပို့ရမယ့် အခြေ အနေ ရှိတယ်လို့ သိရပါတယ်။ချောင်းသာအခြေစိုက် ပါရမီနာရေး ကူညီမှု အသင်းက လူနာတင် ယာဉ်တွေနဲ့ ဆေးရုံကို အမြန်ဆုံးရောက်ရှိအောင် ကူညီပို့ဆောင်ပေးခဲ့ သလို ပုသိမ်က ဧရာဝ တီဖောင်ဒေး ရှင်းကလည်း လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ငွေကြေးတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ 
irrawaddy-to Oppositeyes.

No comments:

Post a Comment