Monday, 1 April 2013
ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်
မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။
ရိုဒွန်ဆင်မွန်းက "အမေရိကန်ဟာလည်း ထိခိုက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေတယ်။ နားလည်ထားရမှာက မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ခုကတည်းက စစ်ပွဲဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေပြီ ဆိုတာပဲ"ဟုလည်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။ မြောက်ကိုရီးယား ဝါဒဖြန့် ဝက်ဘ်ဆိုက်က "ကျွန်ုပ်တို့ဟာ ဂျပန်ကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ အားလုံးကိုလည်း ကြားဖြတ် ပစ်ချနိုင်တယ်"ဟုပါ ပြောကြားခဲ့သည်။ ဂျပန်ကို မြောက်ကိုရီးယားက ယခင်ကတည်းက ရန်ဘက်နိုင်ငံအဖြစ် စာရင်းသွင်းခဲ့သော်လည်း အဓိက ပစ်မှတ်အဖြစ် အလားအလာ သတ်မှတ်မှုမှာ ယခင်က အလွန်နည်းပါးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment