Wednesday, 10 April 2013

Valdaro မှ ချစ်သူများ



ကမ္ဘာ့လူသားတွေရဲ့မြင်ကွင်းကနေ နှစ်ပေါင်း ၆၀၀၀ လောက် ကွယ်ပျောက်နေခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဒီကနေ့ခေတ်လူတွေ မှန်းဆပြောဆိုလို့မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်...

2007 ခုနှစ်က အီတလီနိုင်ငံ Mautua မြို့အနီးက Valdaro ဆိုတဲ့ရွာငယ်လေးမှာ အဆောက်အဦတစ်ခုဆောက်လုပ်ရာကနေ လူသားအရိုးစုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်.... ဒီအရိုးစုတွေကိုတူးဖော်ရာမှာ ရှေးဟောင်းသုတေသနပညာရှင် Elena Maria Menotti က ဦးဆောင်ခဲ့ပါတယ်...


သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒီအရိုးစုနှစ်ခုဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့သေဆုံးစဉ်က အသက် ၂၀ ထက်မကျော်ဘူးဆိုတာနဲ့ ပျမ်းမျှအရပ်အမြင့် ၅ ပေ ၂ လက်မ လောက်ရှိတယ်လို့ သိရပါတယ်...

ဒီအရိုးစုတွေဟာ Neolithic ခေတ် (ကျောက်ခေတ်သစ်) လို့သတ်မှတ်ကြတဲ့ BC 10200 ကနေ BC 4500 - 2000 ကာလလောက်အတွင်းကဖြစ်တယ်ပြီး သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း ၆၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်...

အရိုးစုနှစ်ခုဟာ တစ်ခုနဲ့တစ်ခုမျက်နှာချင်းဆိုင်ပြီး လက်မောင်းချင်း ခြေထောက်ချင်းချိတ်တွဲထားတဲ့ပုံစံနဲ့တည်ရှိနေကြတာဖြစ်ပါတယ်... Valdaro ရွာအနီးမှာရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအရိုးစုတွေကို Valdaro မှချစ်သူများ (Lovers of Valdaro) လို့ အမည်ပေးခေါ်ဝေါ်ကြပါတယ်...

လေ့လာသူတွေဟာ ချစ်သူနှစ်ဦးကို မကွဲမကွာစေပဲ မြေကိုအချပ်လိုက်ခွာပြီး တူးဖော်ခဲ့ပါတယ်... Valdaro က ချစ်သူတွေကို 2011 ခုနှစ် စက်တင်ဘာလအတွင်းက Mautua ရှေးဟောင်းသုတေသနပြတိုက်ရဲ့ အဝင်ဝမှာ လူထုရှေ့မှောက် ပထမဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသခဲ့တယ်လို့သိရပါတယ်...

နှိုင်းရင့်နွေ
 Myanmar News Update

No comments:

Post a Comment