Thursday, 2 May 2013

47-ခရီးသည်တင်ကား စက်ချို့ယွင်းရာမှ လုံခြုံရေး ကင်းတဲအား ၀င်တိုက်မိပြီး တာဝန်ကျ စစ်သည်(၂) ဦး သေဆုံး


၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက် ၁၂၀၀ ချိန်ခန့်တွင် ကင်ပွန်းစခန်းမှ ရန်ကုန်သို့ ယာဉ်မောင်း သန်းအောင် (၃၁)နှစ် မောင်းနှင်လာသည့်

 သိန်းသန်းကျော် ခရီးသည်တင် ကားသည် တိုက်ယော့ ပြုတ်ထွက်ပြီး စစ်ေ တာင်း တံတား အနီး လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိသော ကင်းတဲအား ဝင်ရောက် တိုက်မိခဲ့ ပါ သည်။ အဆိုပါ ယာဉ် တိုက်မှုကြောင့် ကင်းရုံတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျှက် ရှိသည့် ဒုတပ်ကြပ် အောင်ကျော် ထွန်းနှင့် ဒုတပ်ကြပ် ဝင်းမင်းတို့ နှစ်ဦးသည် နေရာ ၌ပင် သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိပါ သည်။ ဆိုသည့် သတင်းကို မြ၀တီ ၀က်ဆိုဒ်တွင် တွေ့လိုက်သည်။

ထို သေဆုံးသွားသူ (၂) ဦးမှာ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် စစ်သားများ ဖြစ်သည်။ လက်နက် ကိုင် များ မငြိမ်မသက် ဖြစ်စဉ် ကာလအတွင်းကလည်း သူတို့ အဆိုပါတံတားတွင် တာဝန်ထမ်းဆောင် ကြ သည်။ တည်ငြိမ် အေးချမ်းပြီ ဟု ဆိုသည့် အချိန်တွင်လည်း တစ်ရက်မပြတ် တာဝန်ထမ်းဆောင်ကြသည်။ သူ တို့ ၏ တာဝန်မှာ ပြည်သူလူထု များ သွားလာဖြတ်သန်းနေသည့် နိုင်ငံတော်၏ တံတား တစ်စင်းအား မသမာသူ တို့၏ ဖျက် ဆီးခြင်း မခံရစေရန်၊ ဤတံတားကို ဖြတ်၍ ပြည်တွင်းပြည်ပ အဖျက်သမားများ ဖြတ်ေ ကျာ် မသွားနိုင် စေရန်သာ ဖြစ်သည်။

အဆိုပါသတင်းသာ တပ်မတော်မှ ကားတစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ ဆိုင်ကို ၀င်တိုက်၊ ၂ ဦးသေ ဆုံး ခေါင်းစဉ်ဖြင့် ယနေ့ မေလ ၂ ရက်နေ့တွင် စစ်တောင်းတံတား အနီး၌ တပ်မတော်သား များ မောင်းနှင် လာ သည့် တပ်ပိုင် ယာဉ် တစ်စီးမှ ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ ဆိုင်တစ်ဆိုင်အား ၀င်တိုက် မိသည့် အ တွက် ထိုဆိုင်တွင် ရှိနေ သည့် အရပ်သား (၂) ဦး သေဆုံး ခဲ့ရသည်။ ဟု ဖြစ်ခဲ့ပါလျှင် မည်သည့် စကားလုံး များဖြင့် ဖော်ပြကြလေ မလဲ ဆိုသည်ကို တွေးမိသည်။

တာဝန်ထမ်းဆောင်ရင်း မည်သည့်အကြောင်းကြောင်းကြောင့် အသက်စွန့်ခဲ့ ရသည် ဖြစ်စေ ဂုဏ်ယူမိသည်။ လူ မရှိ သူမရှိ တံတားပေါ်တွင် နေ့ရောညပါ စောင့်ကြပ်ပေးသည့် စစ်သားအလုပ်ကို လုပ်နေသည့် အတွက် လည်း ကျေး ဇူး တင်သည်။ သူတို့သည် ထိုတံတားပေါ်တွင် တာဝန်ထမ်းဆောင်ရသည့် စစ်သား များ မဟုတ် ပါလျှင်လည်း..

သူတို့သည် နယ်စပ်တောတောင်များထဲတွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သားများ ဖြစ်ချင်ဖြစ်မည်။

သူတို့သည် ယခု နွေရာသီအတွင်း သောက်သုံးရေ လိုက်လံဝေငှနေသည့် စစ်သား များ ဖြစ်ချင်ဖြစ်မည်။

ဒေသတွင်း ပြည်သူများနှင့်အတူ ကျေးရွာချင်းဆက် လမ်းများ ဖောက် လုပ်နေ သူ များ ဖြစ်ချင်ဖြစ်မည်။

သူတို့သည် တပ်တွင်း စိုက်ပျိုးရေးမှ တစ်ဆင့် ဒေသတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး အထိ ရည်ရွယ်သည့် စိုက်ပျိုးရေး လုပ်သားများ ဖြစ်ချင်ဖြစ်မည်။

မည်သို့ပင် ဖြစ်ချင်ဖြစ်ပါစေ သူတို့သည် ပြည်သူရဲ့ အင်အားများသာ ဖြစ်ပေ မည်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သော စစ်သည် (၂) ဦးအား လေးစား ဂုဏ်ပြု ပါ သည်။
မြ၀တီ

No comments:

Post a Comment