Friday, 3 May 2013
54-နယူးဒေလီမြို့တွင် ငါးနှစ်အရွယ်မိန်းကလေးအား ပြန်ပေးဆွဲကာ လေးရက်ကြာ အဓမ္မပြုကျင့်ပြီး နှိပ်စက်မှုဖြစ်ပွား
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့ပိုင်းနာဂါဟီနာဂါ ဒေသတွင် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးကို အိမ်နီချင်းအမျိုးသားတစ်ဦးက ဧပြီလ၁၅ရက်နေ့တွင် ၎င်း၏အိမ်ခန်းတွင်းသို့
ဖမ်းဆီးခေါ်ဆောင်ကာ လေးရက်ကြာ အဓမ္မပြုကျင့်ပြီး နှိပ်စက်မှုဖြစ်ပွားခဲ့သည်။ ပြန်ပေးဆွဲခံရပြီးနောက် ဧပြီလ၁၈ရက်နေ့တွင် အဆိုပါမိန်းကလေး၏ အော်သံကိုကြားမိသည့် အိမ်နီးချင်းများက ၀ိုင်းဝန်းကယ်ဆယ်ကာ နယူးဒေလီမြို့ရှိ ဆွာမိဒါယာနက်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူစေခဲ့သည်။ တရားခံမှာမူ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုငါးနှစ်အရွယ် မိန်းကလေးသည် အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး နှိပ်စက်မှုဖြစ်ပွား ခံခဲ့ရသည့်အပြင် ၎င်း၏မိန်းမကိုယ်အတွင်းမှ ၂၀၀မီလီလီတာရှိသော ပုလင်းတစ်ပုလင်းနှင့် အပိုင်းပိုင်းပြတ်နေသော ဖယောင်းတိုင် အစအနများကို တွေ့ရှိရပြီးရင်ဘတ်၊ နှုတ်ခမ်းနှင့် ပါးတို့တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်လျက်ရှိကြောင်း ဆွာမိဒိုင်ယာနက်ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ ဘီအန်ဘန်ဆယ်က သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဧပြီလ၂၀ရက်နေ့တွင် ထောင်နှင့်ချီသော လူထုများက ဆေးရုံပြင်ပမှနေ၍ ထိုမိန်းကလေးအား ဆုတောင်းပွဲများ ပြုလုပ်ပြီး အမျိုးသမီးများအား အဓမ္မပြုကျင့် နှိပ်စက်မှုများအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ထိုသို့ဆိုးရွားလှသော အဓမ္မပြုကျင့်မှုအပေါ် အိန္ဒိယသမ္မတကိုယ်တိုင်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ပြီး ကယ်ဆယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် ဆော်သြခဲ့ကြောင်း သမ္မတ၏ပြောကြားချက်ကို ကိုးကား၍ သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဗီနူရာဂျာမိုနီက ပြောကြားသွားခဲ့သည်။ ထို့ပြင်ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ဆိုးရွားလှသော အဓမ္မမှုဖြစ်ကြောင်းနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း လက်ခံနိုင်ဖွယ်မရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ အဓမ္မပြုကျင့်ခံရသူ၏ မိသားစုအား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး တရားခံကို ဖော်ထုတ်အရေးယူသွားရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဆူရှီကူမာစင်ဒီက ကတိပြုပြောကြားခဲ့သည်။
http://www.swesonemedia.org
No comments:
Post a Comment