Saturday, 4 May 2013
70-ဂျကာတာ မြန်မာ သံရုံး ကို ဗုံးခွဲ မယ့် သူ နှစ် ဦး ကို ဖမ်းဆီးရမိသတင်းနှင့်ဗွီဒီယိုဖိုင်
အင်ဒိုနီးရှား နိုင်ငံ ဂျကာ တာ မြို့  မှာ ရှိ တဲ့ မြန်မာ သံရုံး ကို ဗုံးခွဲ တိုက်ခိုက် ဖို့  စီစဉ် ထား
တဲ့ အကြမ်းဖက် သမား နှစ်ဦး ကို အင်ဒို နီးရှား ရဲ တပ် ဖွဲ့  က တန်ပြန် အကြမ်းဖက် နှိမ်
နှင်း ရေး ရဲ တပ် ဖွဲ့  ရဲ့  သတင်း ပေး မှု နဲ့  သောကြာ နေ့  နံနက် မှာ ဖမ်းဆီး ရမိ လိုက် ပါတယ်။
အသက် ၂၈ နှစ် အရွယ် ရှိ ဆီဖာ ရီယာ နို နဲ့  ၊ အသက် ၂၁ နှစ် အရွယ် ရှိ အာမာက် ခ်ျ တော်ဖစ်
တို့  က မြန်မာ သံရုံး ကို ဗုံး ခွဲ တိုက် ခိုက် ဖို့  ကြံ စည် ခဲ့ တာ ဖြစ် ပြီး သူတို့  ရဲ့  ကျောပိုး အိတ်ထဲ
မှာ ရေ ပိုက် နဲ့  လုပ် ထား တဲ့ ပေါက် စေတတ် တဲ့ ပစ္စည်း တွေ နဲ့  အတူ မိခဲ့ တယ် လို့  အမျိုးသား
ရဲ ဌာန က ရာဖလီ အမာရီ က AP သတင်း ကို ပြောပါတယ်။
ဗုံး ဖောက် ခွဲ မဲ့ သူ နှစ်ဦး ဟာ မြန်မာ သံရုံး ကို ဗုံး ခွဲ ဖို့  အတွက် ဂျာကာ တာ မြို့  တောင်ဘက်
ကနေ ဆိုင်ကယ် စီးနင်း ပြီး ၀င်ရောက် လာစဉ် မှာ ဖမ်းမိတာ ဖြစ် ပါတယ်။
အင်ဒိုနီးရှား အစိုး ရ ကတော့ ဂျာကာ တာ မြို့  က မြန်မာ သံရုံး ကို လုံ ခြုံ ရေး တိုး မြှင့် ပေး
ထား ပါတယ်။
Sefa Riano, 28, and Achmad Taufiq, 21,
အောက်ပါဗွီဒီယိုဖိုင်ဆက်လက်ကြည့် ရန်အတွက်-အသံ၂ထပ်မဖြစ်စေရန်အယင်ဆုံးအော်တိုတင်ထားသောMp3သီချင်းခေတ္တပိတ်ပြီးမှထိုဗွီဒီယိုဖိုင်အားPlayလုပ်ပါ
အလဲဗင်းမီဒီယာမှ ကူးယူဝေဖေါ်ပြပါတယ်..
No comments:
Post a Comment