Friday, 10 May 2013

78-“အမေရိကန်တွင် အမျိုးသမီး ၃ ဦးကို ၁၀ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သူ သေဒဏ်ချမှတ်ခံရဖွယ်ရှိ”



၁၁.၅.၂၀၁၃၊ စနေနေ့

အမေရိကန်နိုင်ငံ၊ ကလိဗ်လန်းတွင် အမျိုးသမီး (၃)ဦးကို ဆယ်စုတစ်စုကြာ ပြန်ပေးဆွဲ ချုပ်နှောင်ကာ လိင်ကျေးကျွန်အဖြစ် အသုံးချခဲ့သူ သံသယ တရားခံမှာ သေဒဏ်ကျခံရမည့် အခြေအနေထိ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အစိုးရ ရှေ့နေများသည် အမျိုးသမီး (၃)ဦးကို ဆယ်စုနှစ် တစ်ခုဝန်းကျင်မျှ မြေတိုက်ထဲ ဖမ်းဆီးထားသည့်အတွက် ယခုအခါ ပြန်ပေးမှု၊ မုဒိမ်းမှုများနှင့် စွဲချက်တင်ခံထားရသော အေရီရယ်လ် ကက်စထရိုအား အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရန် အစွမ်းကုန် ကြိုးစားလျှက် ရှိသည်။

အိုဟိုင်အိုပြည်နယ် အစိုးရ ရှေ့နေများက အေရီရယ်လ်သည် အမျိုးသမီးများကို အကြိမ်ကြိမ် ဆိုးရွားစွာ အနိုင်အထက် ပြုကျင့်သလို အမျိုးသမီးများ ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချရန် ဖိအားပေး ခိုင်းစေခဲ့ကြောင်းလည်း စွပ်စွဲထားသည်။

အစိုးရရှေ့နေ တင်မိုမီ မက်ဂင်တီက အသက်(၅၂)နှစ်ရှိ အေရီရယ်လ်အား ကိုယ်ဝန်ဖျက်ချစေမှုများအတွက် လူသတ်မှုနှင့်ပါ စွဲချက်တင်သင့်ပြီး သေဒဏ်ချမှတ်သင့်ကြောင်း ထောက်ပြခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment