Saturday, 4 May 2013

78-ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများမှ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေသဖြင့် ဒေသခံရွာသားများ တိမ်းရှောင်နေရ


ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ မှ ဗိုလ်မှူးအဆင့်ရှိ လအောင် ဦးစီး အင်အား ၃၀ ဦးခန့်သည် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် 


မန်စီမြို့နယ်၊ ပါတော်ကျေးရွာတစ်ဝိုက်ရှိ ဒေသခံများအား ကေအိုင်အေ တပ်သား သစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်လျက်ရှိရာ ညောင်ပင်သာ ကျေးရွာနေ ရွာသား ၉ ဦးအနက် မျိုးအာကာ၊ မျိုးကျော်ဦး၊ ဖိုးသဲ(ခ) အောင်မြင့်သူတို့ ၃ ဦးသည် ဧပြီလ ၂၉ ရက်နေ့ မနက် ၂ နာရီ အချိန်ခန့်တွင် မိုင်ဂျာယန်မှတစ်ဆင့် လွယ်ဂျယ်လမ်းကြောင့်အတိုင်း ထွက်ပြေးခဲ့ရာ ညောင်ပင်သာကျေးရွာ သို့ ဧပြီလ ၃၀ ရက်နေ့ မနက် ၈နာရီခွဲအချိန်ခန့်တွင် ပြန်လည်ရောက်ရှိ ခဲ့သည်။ ၄င်းတို့ ၃ ဦးသည် ကေအိုင်အေအဖွဲ့မှ ထပ်မံဖမ်းဆီးခေါ် ဆောင်မည်ကို စိုးရိမ်သဖြင့် ညောင်ပင်သာကျေးရွာ၌ ဆက်လက် နေထိုင်ခြင်းမရှိတော့ဘဲ ဆွေမျိုးများရှိရာ မန္တလေးတိုင်း ဒေသကြီးဘက်သို့ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်းသိရှိရသည်။ 
http://singaporefeelfeel.blogspot.com

No comments:

Post a Comment