အပူပိုင်း မုန်တိုင်း မဟာစင်နှင့် ပတ်သက်၍ ကုလ သမဂ္ဂက သတိပေးချက် ထုတ်ပြန်
ဗန်ကောက် မေ ၁၃
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့သည် အပူပိုင်းမုန်တိုင်း မဟာစင်နှင့်
ရင်ဆိုင် ကြုံတွေ့နိုင်သည့် အတွက် ကြိုတင် ပြင်ဆင် ထားရမည်
ဖြစ်ကြောင်းနှင့် အဆိုပါ မုန်တိုင်းကြောင့် ဒေသတွင်း ရှိ ပြည်သူ
ပေါင်းသန်းနှင့် ချီ၍ ဒုက္ခ ရောက်နိုင် ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက သတိပေးချက်
ထုတ်ပြန် ထားသည်။
၎င်းတို့ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများနှင့် ကူညီ ကယ်ဆယ်ရေးများ အတွက်
အပြည့်အဝ ဆောင်ရွက် ထားကြောင်း နှင့် ကော်မတီ အနေဖြင့်
တိုင်းဒေသခွဲများသို့ မုန်တိုင်း သတိပေးချက် ထုတ်ပြန် ထားကြောင်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံ သဘာဝ ဘေးအန္တရာယ် ထိန်းချုပ်ရေးနှင့် ကူညီကယ်ဆယ်ရေး
ဝန်ကြီးဌာနမှ အတွင်းရေးမှူး မိုဟာမတ် အဗ်ဒူလ်ဝါ ဇက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံ
အနေဖြင့် မတ် ၁၂ ရက်ကစ၍ မိနစ် ၃ဝ လျှင် တစ်ကြိမ် မုန်တိုင်း သတင်းများအား
ထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းဒဏ်သင့် ခံရနိုင်သည့် ရခိုင်ဒေသရှိ
ဒေသခံ အချို့ကိုလည်း နေရာပြောင်းရွှေ့ပေး ခဲ့ကြောင်း ပြောကြားခဲ့သည်။
အပူပိုင်းမုန်တိုင်း မဟာစင် (01B) သည် မုန်တိုင်း သတိပေးချက် အနီရောင်
အဆင့်ရှိပြီး ၎င်းသည် ဘင်္ဂလားပင်လယ် အော် အနောက်ဘက်မှ နေ၍ ဘင်္ဂလား ဒေ့ရှ်နှင့်
မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း
စာနာ ထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေးရုံး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မုန်တိုင်းသည် မေ ၁၆ ရက်တွင် ကုန်းတွင်းပိုင်းဖြစ်သည့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း စစ်တကောင်းမြို့သို့ ဦးတည်
ဝင်ရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်
ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူ ပေါင်းသန်းနှင့်
ချီ၍ ဒုက္ခ ရောက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန် ထားကြောင်း
သိရသည်။
မြဝတီ
No comments:
Post a Comment