Friday, 17 May 2013

အဆိုတော် ရဲလေး၏ ဖခင်သေဆုံး သဖြင့် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရက်လည် ဆွမ်းကျွေး ရေစက်ချ တရားတော်နာ ပြုလုပ်ခဲ့


အဆိုတော် ရဲလေး၏ ဖခင်သေဆုံး သဖြင့် ကျောက်မြောင်း ဓမ္မဝိဟာရလမ်းရှိနေအိမ်တွင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရက်လည် ဆွမ်းကျွေး ရေစက်ချ တရားတော်နာ ပြုလုပ်ခဲ့ကြောင်း


သတင်းရရှိသည်။ တေးသံရှင် ရဲလေး၏ ဖခင်ဦးခင်မောင်ထွန်း အသက်(၆၀)နှစ်သည် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၃ နာရီ ၅၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့သောကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့လည် ၁ နာရီက ကျန်ရစ်သူမိသားစုမှ ရေဝေးသုဿန်သို့ပို့ဆောင် သဂြိုလ်ခဲ့ကြကြောင်း သိရ ပြီး ဖေဖော်ဝါရီ ၉ ရက်နံနက် ၇ နာရီတွင် ကျောက်မြောင်း ဓမ္မဝိဟာရလမ်းရှိနေအိမ်တွင် ရက်လည် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း ဆွမ်းကျွေးတရားတော်နာ ပြုလုပ်ခဲ့သည်။ 
Online-

No comments:

Post a Comment