Sunday, 26 May 2013

ကျောက်တန်းမြို့နယ်တွင် မှောင်ခိုသယ်ဆောင်လာသည့် နွားများအား ဖမ်းဆီးရမိ


 
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်နယ်မြေအတွင်း ကျွဲ၊နွား မှောင်ခိုပြုလုပ်သူများသည် ပင်လယ်ကမ်းခြေနှင့် နီးသည့်ကျေးရွာများမှတဆင့် ဒုံးစက်လှေများဖြင့် ကျွဲ၊နွားများကို မှောင်ခို သယ်ဆောင်တတ်ကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ညွှန်ကြားချက်နှင့်အညီ



ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှ ပန်းတောကျေးရွာနှင့် ကမာကလုပ်ကျေးရွာအကြားတာလမ်းတွင် စောင့်ဆိုင်းနေစဉ်
၂၅.၅.၂၀၁၃ ရက်နေ့ ၁၈၅၀ အချိန် အမျိုးသား (၂) ဦးမှ နွား (၆) ကောင်အား ဆွဲလာသည်ကိုတွေ့ရှိရသဖြင့် ရပ်တန့်ခိုင်းစဉ် ၄င်းအမျိုးသား (၂)ဦးမှ ထွက်ပြေးသွား၍ ဆွဲလာသော ခိုင်းနွားထီး (၅) ကောင်နှင့် နွားမ (၁) ကောင်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်စုံစမ်းဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။

 Yangon Police

No comments:

Post a Comment