Wednesday, 22 May 2013

“လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေ”

Photo: “လိင်တူချင်း လက်ထပ်ခွင့်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိကိုယ်ကိုယ် သတ်သေ”

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ကမ္ဘာကျော် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးတွင် အသက်(၇၈)နှစ် အရွယ်ရှိ ဒေါမနစ် ဗန်နာသည် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ 

ဘာသာရေးအရ လက်ခံရန် ခက်ခဲသည့် အပြောင်းအလဲအတွက် ပြင်းထန်စွာ ဆန့်ကျင်ခဲ့သော ဒေါမနစ်သည် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးအတွင်းသို့ ဝင်ရောက်လာကာ မိမိကိုယ်ကိုယ် သေနတ်နှင့် ချိန်ပြီး မောင်းဖြုတ်လိုက်ခြင်း ဖြစ်သည်။ 

ခရစ်ယာန် ဘာသာရေးတွင် အထင်ကရ အထွတ်အမြတ် တန်ဖိုးထားရသည့် ဝတ်ပြုကျောင်းဆောင်ကြီးအတွင်း မိမိကိုယ်ကိုယ် သတ်သေမှုတစ်ခုကြောင့် ယင်းကျောင်းတော်ကြီးကို ခေတ္တ ပိတ်ပင်ထားခဲ့ရကြောင်း သိရှိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21596
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ကမ္ဘာကျော် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးတွင် အသက်(၇၈)နှစ် အရွယ်ရှိ ဒေါမနစ် ဗန်နာသည် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ 


ဘာသာရေးအရ လက်ခံရန် ခက်ခဲသည့် အပြောင်းအလဲအတွက် ပြင်းထန်စွာ ဆန့်ကျင် ခဲ့သော ဒေါမနစ် သည် နော်တာဒိမ်း ဝတ်ပြုကျောင်းကြီးအတွင်းသို့ ဝင်ရောက်လာကာ မိမိကိုယ်ကိုယ် သေနတ်နှင့် ချိန်ပြီး မောင်းဖြုတ်လိုက်ခြင်း ဖြစ်သည်။

ခရစ်ယာန် ဘာသာရေးတွင် အထင်ကရ အထွတ်အမြတ် တန်ဖိုးထားရသည့် ဝတ်ပြုကျောင်းဆောင်ကြီး အတွင်း မိမိကိုယ်ကိုယ် သတ်သေမှုတစ်ခုကြောင့် ယင်းကျောင်းတော်ကြီးကို ခေတ္တ ပိတ်ပင်ထားခဲ့ရကြောင်း သိရှိရသည်။

From...Planet Myanmar Network

No comments:

Post a Comment