အိမ်ရှင်မ လုပ်မည့် ကိုကို မမ များအတွက် သိကောင်းစရာ....နည်းလမ်းကောင်းလေး
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ထို့အတွက် ပုရွက်ဆိတ်များလာလျှင်
သူတို့လမ်းကြောင်းတွင်သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာအဝေးသို့ထွက်ပြေးသွား
ပါလိမ့်မည်(လို့ပြောပါသည်)။
၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။
ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။
၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။
၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက်
ပစ်ထည့်ထားလိုက်ပါ။အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။
၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ
၁၀ မိနစ်လောက် စိမ်ပါ။
၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ ။
၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ ။
၈။ ကြက်သွန်လှီးရင် မငိုရအောင် -ပီကေ၀ါးပါ ။
၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ ။
၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့မရေးလိုက်ပါနဲ့။ဟိုယောင်ယောင်ဒီယောင်ယောင်၊ယောင်ခြောက်ဆယ်
တွေဖြစ်ကုန်ပါ့မယ်။) ကိုရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွား တိုက်ဆေးဖြင့် ကျ ကျ န န
ပွတ်ပေးပါ။နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ။
၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ ။
၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ။
(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)
ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. …သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..
No comments:
Post a Comment