Friday, 17 May 2013

Myanmar Express ဆိုတာ ကျွန်တော်ပါပဲ ( ဗိုလ်မှူး အောင်လင်းထွဋ် )


Myanmar Express [ http://www.myanmarexpress.net/ ]  ရဲ့ IP များ Server များက အမေရိကန် က ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်  [ http://democraticwave.blogspot.com/2012/06/myanmar-express.html ] ။ တလောက ကနေဒါက ကိုရဲရင့်ငယ် ကလည်း အမေရိကား မှ နေအိမ်ကို ဒီမှာ [ http://www.yeyintnge.com/2013/02/blink-hacker-group-myanmar-express-group.html#.UZFVaUpqgxj ] ဖော်ပြခဲ့ဖူးပါတယ်။  ဒါပေမယ့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် တို့ မိသားစု ကိုယ်တိုင်ဖြစ်နေမယ်လို့တော့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး နောက်ပိုင်းမှာ
 
 ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် ပျောက်ချင်းမလှ ပျောက်သွားခဲ့တာကို လည်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ ဗိုလ်မှူးစိုင်းသိန်းဝင်း ပေါ်လာချိန် နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကိုသာ အားလုံးက စိတ်ဝင်စားနေချိန်ဖြစ်တာကြောင့် ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် အတွက် အခွင့်ရေးကောင်းတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းဌာနတွေ ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြတ်တောက်ခဲ့တဲ့အပြင် ရုရှားနိုင်ငံ နဲ့ မြန်မာနိုင်ငံက ဂျူနီယာ စစ်ဗိုလ်များ၊ ယခင် ထောက်လှမ်းရေး အဆက်အသွယ်ဟောင်း များနဲ့ ပူးပေါင်းပြီး သတင်း အချက်အလက်ဟောင်းတွေကို ဖော်ထုတ်ခဲ့တာကိုလည်း Myanmar Express က သတင်းဟောင်း တွေ နဲ့ ဓာတ်ပုံ ဟောင်း တွေ ကို သေချာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဘယ်နေရာ ဘယ်အခြေအနေပဲရောက်ရောက် စစ်သားက စစ်သားပါပဲ။ အသေချာဆုံးကတော့ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်အကြောင်း  ရေးထားတဲ့ Myanmar Express က သတင်းတွေ၊ ဆောင်းပါးတွေပါပဲ။ မယုံရင်  ဗိုလ်ချုပ် ခင်ညွန့် မကောင်းကြောင်း comment တစ်ခုလောက် ရေးကြည့်ပါ။ လုံးဝ မတင်ပေးပါဘူး။ တဖက်လက်နှင့် mm.exps@gmail.com ကို invite လုပ်ပြီး အရင်ထောက် လှမ်းရေးအကြောင်းတွေ မေးချိန်မှာလည်း တိတိကျကျ ပြည့်ပြည့်စုံစုံ ပြောနိုင်ပါတယ်။ Myanmar Express မှာ ဦးသိန်းစိန်၊ ဦးအောင်မင်း နဲ့ အခြား ဗိုလ်ချုပ်ဟောင်းတွေရဲ့ သတင်းတွေ အများအပြား တင်နေပေမယ့် ထောက်လှမ်းရေးတွေကို ဖြုတ်ချခဲ့တဲ့ ဦးရွှေမန်းသတင်း အလွန့်အလွန် အတင်နည်း တာကလည်း သတိထားသင့်တဲ့ အချက်တစ်ချက်ပါပဲ။
 နောက်ဆုံး စုံစမ်းသိရှိရတဲ့ အချက်တွေအရ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ ရှေ့တပတ်ထဲမှာ ဦးသိန်းစိန် ကိုတောင် ကြိုဖို့လုပ်နေပါတယ်။ လက်ရှိ လူကြီးအတော်များများကလည်း ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အပတ်စဉ် တူတွေ အလွန်များနေတဲ့အပြင် ဗိုလ်ချုပ် ခင်ညွန့်တောင် ပြန်လွတ်နေပြီဆိုတော့ ဗိုလ်မှူး အောင်လင်းထွဋ်လည်း ဘာမှမဖြစ်ဖို့များပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်   မြန်မာနိုင် ငံ ပြန်ရောက် သွားပြီးနောက်ပိုင်း ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအကြောင်းကို ဒီထက်ပိုပြီး ဖွင့်ချ တာတွေ လုပ်နိုင်ပါတယ်။
Myanmar Express ဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ $150 USD ရရှိနေပြီး [ www.myanmarexpress.net ] ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ $137,200 USD တောင်ရှိနေပါပြီ။ ဦးအောင်လင်းထွဋ် တို့ မိသားစုမှာ တခြားအလုပ်မရှိပါဘူး၊ အထောက်အပံ့လည်း မရတော့ပါဘူး ဒီဝင်ငွေနဲ့ ပဲ လည်ပတ်နေဟန်ရှိပါတယ်။  အခု ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ အဆက်အသွယ် ရနေပြီဖြစ်ပေ မယ့် ရှောင်နေ တာကြောင့် ဒီသတင်းကိုအရင်တင်လိုက်တာပါ။ ဒီသတင်း ကြောင့် Myanmar Express တစ်ဖွဲ့လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားမှာတော့ ကျိန်းသေပါတယ်။ အခန့်မသင့်ရင် Myanmar Express ဝက်ဆိုက် ကို ဖျက်သွားတာမျိုး၊ သတင်းတွေ ဆက်မတင်တာမျိုးတွေ ထိ တောင် ဖြစ်သွားနိုင်ပါတယ်။ သက်သေ အထောက်အထားတွေနဲ့ ငြင်းလို့မရအောင် ပိုင်တဲ့အချိန်ကျမှ ပြည့်ပြည့်စုံစုံ ဆက်လက်ဖော်ပြ ပါ မယ်။  
From:democraticwave

No comments:

Post a Comment