Thursday, 16 May 2013

အပစ်ရပ်ကို အကြောင်းပြ RCSS / SSA ( ရွက်ဆစ် ) အဖွဲ့မှ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့ ပစ်ခတ် သတ်ဖြတ်ပြန်ပြီ



ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ၊ နောင်တော ကျေးရွာ အနီးတွင် အလုပ်လုပ်ကိုင် လျက်ရှိသော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အလုပ်စခန်း နေရာသို့ မေလ ၁၃ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် RCSS / SSA ( ရွက်ဆစ် ) အဖွဲ့မှ ရောက်ရှိလာပြီး အလုပ်လုပ်ကိုင် လျက်ရှိသော လုပ်ငန်းခွင် အတွင်း လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ၀င်ရောက် ပစ်ခတ်ခဲ့သည်။



 အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး ၊ အမျိုးသမီး တစ်ဦး လက်နက်ငယ် ကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဦးမင်းဒင် ၃၈ နှစ် ၊ ဦးစိုင်းဇာအောင် ၃၂ နှစ်တို့ လက်နက်ငယ် ကျည် ထိမှန် ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-RCSS / SSA ( ရွက်ဆစ် ) အဖွဲ့၏ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့်
သေဆုံးနေသော ဦးမင်းဒင်

ပြည်ချစ်သား

No comments:

Post a Comment