Tuesday, 14 May 2013

UWSA-ဝတွေသီးခြားခွဲထွက်မယ်အသံကြားရလို့ မကျေနပ်လို့ ထပ်တင်လိုက်ပါတယ် နာမယ်သတိထားUWSA



ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA က ဝဒေသကိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ခွင့်ပြုဖို့နဲ့၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲပေးဖို့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ထံ တင်ပြတောင်းဆိုလိုက်ပါတယ်။


ဒုတိယ ဥက္ကဌ ဦးရှောင်းမီးလျှံ နဲ့ ဦး ပေါက်ယိုရိ ဦးဆောင်တဲ့ UWSA ကိုယ်စားလှယ် အဖွဲ့နဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့ ပြီးခဲ့တဲ့ သောကြာနေ့က ပန်းဆိုင်းမြို့မှာ တွေ့ဆုံချိန်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဝဒေသကို၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပေမဲ့ နှစ်ခရိုင် ၆ မြို့နယ်သာပါရှိတဲ့အတွက် ဝဒေသမှာ ရှိတဲ့ နေရာအားလုံးကို စုစုစည်းစည်း ရှိစေဖို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုဖို့ တောင်းဆိုခဲ့တာလို့ UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

ဒါကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ရရှိရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဖို့လိုတယ်။ဒီလိုဖြစ်လာဖို့ တိုင်းရင်းသားအားလုံး နားလည်မှူရှိရှိနဲ့ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/05/130513_uwsa.shtml

No comments:

Post a Comment