Saturday, 29 June 2013

တရုတ် အာကာသယာဉ်မှူးများ ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာကြပြီ



တရုတ်အာကသယာဉ်မှူး ၃ဦးလိုက်ပါလာသည့်  Shenzhou 10 အာကာသယာဉ်သည် အာကာသအတွင်း ၁၅ ရက်ကြာ အထူးလုပ်ငန်းတာဝန်များ
ထမ်းဆောင်ပြီးနောက် ဘေးကင်းလုံခြုံစွာဖြင့် ကမ္ဘာမြေပြင် ပေါ်သို့ ဇွန်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြင်ခင်းပြင်ပေါ် သို့ ပြန်လည်ဆင်းသက်လာခဲ့ ကြောင်း သိရှိရသည်။


အာကာသယာဉ်မှူး ၃ ဦးသည် ဇွန်လ ၁၁ ရက်နေ့တွင်  အာကာသ ယာဉ်ဖြင့် အာကာသ ပတ်လမ်းအတွင်းရှိ Tiangong (Heavenly Palace) 1အာကာသဓာတ်ခွဲခန်း  သို့ သွားရောက်ကာ သိပ္ပံဆိုင်ရာလက်တွေ့ စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် အမျိုးသမီး အာကာသယာဉ်မှူး မှ ကမ္ဘာမြေပေါ်ရှိ ကျောင်းသား၊ကျောင်းသူများအား ဗွီဒီယိုမှတစ်ဆင့် သိပ္ပံလက်တွေ့သင်ခန်းစာများကိုသင်ကြားပေးခဲ့သည်။ အဆိုပါ အာကာသယာဉ်ပေါ်တွင် အာကာသယာဉ်မှူးအဖြစ် Nie Haisheng ၊ Zhang Xiaoguang နှင့်အမျိုးသမီး အာကာသ ယာဉ်မှူး Wang Yaping  တို့ ပြန်လည်လိုက်ပါလာခဲ့သည်။
MR T.V-4

No comments:

Post a Comment