Tuesday, 4 June 2013

အရေးပေါ်သတိပေးပါတယ်(မလေးရှားရောက်မြန်မာများအားလုံး)


ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံးပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။


ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက် Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်ုမြန်မာနိုင်ငံသားများနေထိုင်မှု့ များသောနေရာဒေသများတွင် အထူးစီမံချက် ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။

သို့ပါသောကြောင့် ယနေ့ 5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်းသည်အထိ အထောက်အထား မရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူမြို့သို့ သွားလာမှု့ ဆင်ခြင်ရန် သတိပေးရပါတယ် ။

ယခု ချိန်အထိ Mydin ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့် မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်း စီ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာတို့အား အချိန်မှီ သတိပေးရပါသည် ။

မလေးရှားရောက် မြန်မာများ

မလေးရှား အရေးကြီးသတင်း

မလေးရှား မှာ မြန်မာများ အသတ်ခံရပြီးနောက် ယနေ့ မနက် ၁၀ နာရီလောက်ကနေပြီး မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူ (မြန်မာစားသောက်ဆိုင်များ အများဆုံးရှိရာ) ကိုတာရာယာ တွင် ဌာနပေါင်းစုံ ဖမ်းဆီးမှု(အော်ပရာစီ) များ ပြုလုပ်သည်ကို Myanmar Daily News သို့ သတင်းပေးပို့လာပါသည်။ “ မနက်က မြို့ထဲကို ၉ နာရီလောက်ကနေ ကျနော် ရောက်နေတာဗျ..အဲဒီအချိန်ထိတော့ အေးဆေးပဲ..ဘာရဲမှလည်းမတွေ့ဘူး...၁၀ နာရီ ၁၅ မိနစ်လောက်ကျတော့ ကားတွေ သုံးလေးစီး ထိုးရပ်ပြီး အကုန် စစ်ဆေးတာ..စစ်ဆေးတာသာ ပြောတာပါ..ကားပေါ်အကုန်တင်တာပဲ အချုပ်ကား ၄ စီး ရပ်ထားတယ်..ဇေယျာ မြန်မာဆိုင်ရှေ့မှာ နှစ်စီး..ကိုတာရာယာ ကုန်တိုက် နားမှာ နှစ်စီး...နိုင်ငံခြားသားဆို အကုန် ဆွဲပြီး ကားပေါ်တင်တာ..ရဲစခန်းရောက်မှ ရှင်းပေါ့..တစ်ချို့ အလုပ်လာတဲ့ သူတွေ အဖမ်းခံရတာရှိတယ်..ပါမစ်ရှိလည်း ဖမ်းတာပဲ..ရဲစခန်းမှာ သေချာ စစ်ဆေးပြီးမှ ပြန်လွတ်တာလေ...ကျနော် ပြောချင်တာက မလေးရှားမှ ရွှေညီကိုများ အသွားအလာ ဆင်ခြင်ဖို့ပဲ ပြောချင်တယ်..အခု ကျနော်တောင် မန္တလေး မြန်မာဆိုင်ပေါ် တက်တာမြန်လိုက်လို့..မဟုတ်ရင်ကျနော်တောင် ကားပေါ် ပါသွားလောက်ပြီ” လို့ ကွာလာလမ်ပူမြို့ထဲကို ရောက်ရှိနေတဲ့ မိတ်ဆွေတစ်ဦးကလည်း ဖုန်းဆက်ပြီး သတင်းပေးပို့ထားပါတယ်။ထို့အတူ ကွာလာလမ်ပူ မြို့ရဲ့ အနီး တ၀ိုက် နေရာ တော်တော်များများကို လည်း ဆက်လက် ၀င်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကလမ်းလာမ မှာ 99 ကုန်စုံဆိုင်တွင် အလုပ်လုပ်နေသော မြန်မာ တစ်ဦးမှလည်း သတင်းပေးပို့ထားပါတယ်။ “ အခု ကျွန်တော်တို့ အနားမှာ ၀င်ဖမ်းနေတာဗျ..ကျနော်က အလုပ်ချိန် နေ့ခင်း ၂ နာရီမှ ၀င်ရမှာ..အခု အိပ်ရာကနိုးလို့ထမင်းသွားစားမယ်ဆိုပြီး အောက်ကို ဆင်းတော့ ဌာနပေါင်းစုံ (အော်ပရာစီ)၀င်ရောက်ဖမ်းနေတာတွေ့တယ်..ပါမစ် ရှိသူတွေရော..ပါမစ်မရှိသူတွေရော..UNHCR ကဒ်ရှိသူတွေပါ ကားပေါ်ခေါ်တင်နေတာတွေ့တယ်” လို့ Myanmar Daily News ကို သတင်းပေးလာခဲ့တာပါ။ ထို့ကြောင့် မြန်မာလူမျိုးများအနေဖြင့် သွားလာနေထိုင်မှု ဆင်ခြင်ကြပါရန် အသိပေး တိုက်တွန်းလိုက်ပါသည်။
------------------------------------------------------
 

No comments:

Post a Comment