Wednesday, 10 July 2013
၁၀-၇-၂၀၁၂-ယနေ့ တိုးတက်လာသော မိုက္ကရိုဆော့ ဖ်ဒီဂျစ်တယ်လ်နည်းပညာအကြောင်းဖတ်ရန်A
ဘလောက်ဖတ်မိတ်ဆွေများခင်ဗျား ကျွန်တော်အထူးအမှာစကားလေးပြောခြင်ပါတယ်။ကျနော့် ဝမ်းသာစရာ လေးအကြောင်း
အင်တာနက်ပေါ်မှအမှတ်မထင်တွေ့ ခဲ့ ရပြီး ကျွန်တော်အရမ်းကို နောင်လာမည့်ညီငယ် ညီမငယ်များ အားအရမ်းသိစေတပ်ခြင်တဲ့ ။Digital ဆိုသော အီလက်ထရောနစ်ကမ္ဘာကြီး ဟာဘယ်လိုဆန်းပြားနေတယ်ဆိုတာ
။ဒါတွေကိုလေ့ လာလိုက်စားယင်။နောင်တစ်ချိန်မှာ ဘယ်လိုအကျိုးရှိမယ်ဆိုတာ ၊တွေးယင်တွေးသလို ချဲ့ ယင်ချဲ့ သလို။ရရှိနိုင်မယ်လို့ မျော်လင့်မိပါတယ်။
ထို့ အတူ။ကျနော်အလင်းရောင်ကြယ်ဟာ။တစ်ချိန်သောအခါက အီလက်ထရောနစ်ပညာရှင် ဘဝနဲ့ လေ့ လာ။ရပ်တည်ဘူးခဲ့ သလိုအစွန်းတစ်ဘက်ရောက်တဲ့ အထိတွေးခေါ်ဘူးပါတယ်
မြန်မာနိုင်ငံရဲ့ လူနေမှု့ တိုးတက်သော စီးပွားရေးကြောင့်  နောက်ပိုင်းဒီပညာအား အဆက်တောက်ပြတ်ခဲ့ ပေမဲ့  ကျနော့် ရင်ထဲမှာ။အီလက်ထရောနစ် ပညာကမ္ဘာကို ဘယ်လိုထိမ်းချုပ်နိုင်တယ်ဆိုတာ။ညီငယ်၊ညီမငယ်များ၊တက္ကသိုလ်တန်းဝင်နေသော ။စက်မှု့ အဂျင်နီယာ
ကျောင်းသားများဆင့် ကဲမက။လေ့လာလိုက်စားနိုင်ပါစေ။ကျိုးစားကြပါ။တီထွင်ပါ လေ့ လာပါ။
မလိုသော မသမာသူ နိုင်ငံရေးအတွေးခေါ် သွေးဆောင်စည်းရုံး ကွန်ယက်များထဲတွင် စိတ်မဝင်စား မပျော်မွေ့ ပါနှင့် ။မိမိရည်ရွယ်ချက် ဦးတည်ပညာရေးကို ဆုံးခန်းတိုင်လျှောက်ပါ။
ကိုင်းကောင်းပါပြီ။
ရိုးရာလေးဆိုဒ်ကလည်း ဒီလိုတင်ပြထားပါတယ်။
ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-
- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။
အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။
ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ်ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။
နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပြင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။ ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။
လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။
ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒီအတွက် ထပ်မံ အဆင်မြင့်တင်လို့ တကယ့် လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ဒါကို SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
ကိုင်းကောင်းပါပြီ-ထိုအကြောင်းနှင့် ပါတ်သက်ပြီး YouTube မှဗွီဒီယိုဖိုင်ဆက်လက်ကြည့် ရှု့ ပါ..
No comments:
Post a Comment