Wednesday, 10 July 2013

၁၀-၇-၂၀၁၃ သင်္ကန်းဝတ်ဖြင့်လာရောက်ကာ တည်းခိုခန်းတွင်အရပ်ဝတ်ဖြင့် နေထိုင်သည့် ဘင်္ဂလားဒေရှ့် နိုင်ငံသာ နှစ်ဦးအားအရေးယူ


 ရန်ကုန်၊ ဇူလိုင် ၁၀

၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ်
ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင်
သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိတည်းခိုနေပြီး


ခဏအကြာ အဆိုပါသူနှစ်ဦးမှာအရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်းထွက်စားနေကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာ ဘင်္ဂလားဒေရှ့် နိုင်ငံသားများဖြစ်သော Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ)Rjin Barua နှင့်
Antar Barua၊ (၂၉)နှစ်၊ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ
(ဘ) Dulal Barua တို့နှစ်ဦးဖြစ်ပြီး

ဘင်္ဂလားဒေရှ့်နိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်ရန်
ရောက်ရှိနေသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သင်္ကန်းဝတ်ဆင်၍ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်သူ
Parsujit Barua နှင့် Antar Barua တို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅-က ဖြင့် အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police News

No comments:

Post a Comment