Saturday, 6 July 2013

၇-၇-၂၀၁၃ -ပြည်ပတွင်ဖြစ်ပွားသောအထွေထွေသတင်းများဖတ်ရန်


 ၇.၇.၂၀၁၃၊ တနင်္ဂနွေနေ့
ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ် ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး 



အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။
လေယာဉ်ခရီးစဉ်အမှတ် ၂၁၄ ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ ထွက်လာတာဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ခရီးတထောက် ရပ်နားခဲ့ပါတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ မြေပြင်ပေါ်မှာ အမြီးပြုတ်ကျနေပြီး၊ တောင်ပံတဘက် လည်း ပြုတ်ထွက်နေတာ တွေ့ရပါတယ်။ လေယာဉ်ကိုယ်ထည်အပေါ်ပိုင်း တခုလုံး မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ လေယာဉ်အမြီး က ပြုတ်ကျတဲ့ အပိုင်းအစတွေက လည်း လေယာဉ်ပြေးလမ်းပေါ် မှာ ပြန့်ကျဲနေတာတွေ့ရပါတယ်။
လေယာဉ်ဟာ ပြေးလမ်းကို ထူးဆန်းတဲ့ ထောင့်ချိုးပုံစံနဲ့ ဆင်းလာပြီး၊ မြေပြင်နဲ့အထိမှာ လှုပ်ခါပြီး လေယာဉ်အမြီးပိုင်း ပြုတ်ထွက် သွားတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်မှုပုံစံမျိုး မဟုတ်ဘူးလို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI က တွေ့ရကြောင်း ပြောပါတယ်။
VOA

 
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။
အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။
ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
BBC New

 
၇.၇.၂၀၁၃၊ တနင်္ဂနွေနေ့

တဟီရာရင်ပြင်တွင် ဇူလိုင် ၅ ရက်က မော်စီကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား အပြန်အလှန် တိုက်ခိုက်နေကြစဉ် (Photo:AFP)
ရာထူးပြုတ်ကျသွားသော အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ထောက်ခံသည့် သောင်းနှင့်ချီသော လူများသည် ဇူလိုင် ၅ ရက်တွင် အီဂျစ်နိုင်ငံ တစ်လွှား၌ စစ်တပ်၏ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြရာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
မော်စီ၏ မွတ်စလင်ဘရားသားဟုဒ် အပါအ၀င် အစ္စလာမ်မဟာမိတ် အဖွဲ့များသည် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို ထပ်မံဆောင်ရွက်ဦးမည် ဖြစ်ကြောင်းနှင့် အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက် ခံရသည့် ခေါင်းဆောင်ကို နေရာပြန်ပေးရန် စစ်တပ်သို့ တောင်းဆိုကြောင်း ဇူလိုင် ၆ ရက်နေ့ အစောပိုင်းက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသည်။
ဆိုင်နိုင်းကျွန်းဆွယ်၏ မြောက်ပိုင်းဒေသတွင် မော်စီကို ထောက်ခံသူများက လက်နက်များ ကိုင်ဆောင်ကာ အယ်လ်အာရစ်ရှ်မြို့ရှိ ပြည်နယ်အုပ်ချုပ်ရေး ရုံးချုပ်ကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် အယ်ကေးဒါးအဖွဲ့ကို လိုလားသော အစ္စလာမ်စစ်သွေးကြွ အဖွဲ့၏ အနက်ရောင် နဖူးစည်းများ လွှင့်ထူကာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။
မြေထဲပင်လယ် ကမ်းရိုးတန်းမြို့ဖြစ်သော အလက်ဇန်းဒရီယာမြို့တွင် မော်စီကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား လမ်းမပေါ် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံ၏ တရားဝင် သတင်းဌာနဖြစ်သော MENA က ဖော်ပြသည်။
အီဂျစ်ရဲတပ်ဖွဲ့သည် မွတ်စလင်ဘရားသားဟုဒ် လှုပ်ရှားမှု၌ မော်စီကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သော သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဟု အများလက်ခံထားသည့် ခါရက်အယ်လ်ရှက်တာကို ဖမ်းဆီးလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ထိပ်တန်းအစ္စလာမ် ခေါင်းဆောင်များကို ဆက်လက်၍ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ကိုင်ရိုမြို့၏ တဟီရာရင်ပြင်တွင် မော်စီကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံတော် ရုပ်သံဌာနမှ ကြေညာခဲ့သည်။ ရီပတ်ဘလီကန် လုံခြုံရေးရုံးချုပ် အပြင်ဘက်၌လည်း မော်စီကို လိုလားသော ဆန္ဒပြပွဲကို ဖြိုခွင်းရာ လူလေးဦး သေဆုံးခဲ့သည်။ အီိဂျစ်နိုင်ငံ အလယ်ပိုင်း အက်စီယက်မြို့နှင့် မင်ယာမြို့များတွင်လည်း ပဋိပက္ခများ ဖြစ်ပွားပြီး လူတစ်ဦးစီ သေဆုံးခဲ့သည်။ ဆိုင်နိုင်းကျွန်းဆွယ်တွင် လက်နက်ကိုင်များက ရဲတပ်ဖွဲ့ဝင် ငါးဦးကို ပစ်သတ်ခဲ့ပြီး အစ္စလာမ် အုပ်စုဝင်များက စစ်သားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
Ref:AF 



ကနေဒါ ရေနံတင်ရထားပေါက်ကွဲမှု။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ဗွီအိုအေ (မြန်မာဌာန)
07.07.2013
ကနေဒါနိုင်ငံမှာ ရေနံစိမ်းတင်လာတဲ့ ရထားဟာ ကနေဒါနိုင်ငံ၊ ကွိဘက်ပြည်နယ်၊ ရွာလေးတရွာနားမှာ လမ်းချော်သွားတဲ့အတွက် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး လူအနည်းဆုံးတစ်ဦး သေဆုံးသွားတယ်လို့ ကနေဒါ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ စနေနေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အများအပြား ရှိခဲ့မယ်လို့ ခန့်မှန်းရပါတယ်။
လေဖိအားသုံးပြီး ပိတ်ထားတဲ့ သိုလှောင်ကန်တွေပါတဲ့ တွဲလေးတွဲ ပေါက်ကွဲခဲ့ တာဖြစ်ပြီး ကြီးမားတဲ့ မီးလုံးတွေ လွင့်စင်ပြန့်ကျဲ ကြခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူဦးရေ ၆ ထောင်လောက် နေထိုင်တဲ့ ရေကန်ဘေးက Lac-Megantic ရွာကလေးမှာရှိတဲ့ အဆောက်အဦးတွေ အတော်ကလေး ပျက်စီးခဲ့ပါတယ်။ အမေရိကန်နယ်စပ်ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ ရွာကလေးက လူ ၁ ထောင်လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပေါက်ကွဲမှုတွေအပြီးမှာ နာရီအတော်ကြာအောင် မီးဆက်လောင်နေတာကြောင့် ကနေဒါနိုင်ငံရော အမေရိကန်ကပါ မီးသတ်သမားတွေ လာရောက်ပြီး မီးငြိမ်းသတ်နေကြပါတယ်။ ရထားမောင်းသူဟာ သောကြာနေ့ ညနေမှာ ရထားကို မြို့လယ်မှာရပ်ပြီး ရထားဘရိတ်ကိုပါ သေချာ ဆွဲထားခဲ့ပြီးမှ ညအိပ်ဖို့ တည်းခိုခန်းကို သွားခဲ့တာဖြစ်ကြောင်း Montreal၊ Maine၊ Atlantic ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ရထားဟာ ဘရိတ်မမိဘဲ မြို့ထဲကိုဝင်လာတာဖြစ်တယ်လို့ ရထားလိုင်းတာဝန်ခံတွေကတော့ ပြောကြ ပါတယ်။

 
သတင်းကြိုတင်ရခဲ့သော်လဲ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့
ဇူလိုင်လ ၇ရက်၊ ၂၀၁၃ခုနှစ်
 
ဒီနေ့ ဗုန်းပေါက်သော နေရာများမှာ မဟာဗောဓိဝန်းကျင်ရှိ ထိုင်းကျောင်း တိဘက်ကျောင်းနှင့် မဟာ ဗောဓိပင်တို ဖြစ်ပါတယ်၊ ကျန်တာ post မှာတင်ထားပါတယ်။
မည်သူမည်ဝါ လက်ချက်ဆိုတာ မသိရသေးပါ၊ လွန်ခဲ့သော တစ်ပတ်ခန့်ကတည်းက ဗုန်းဖောက်မည်ဟူ သတင်းရခဲ့ပါသည် လုံခြုံရေး တင်းကြပ်တည်းကြားက ဒီနေ့ ပေါက်ကွဲပါတယ်။
ဒဏ် ရာရသော မြန်မာရဟန်းတော် ဖြစ်ပါတယ်၊ သူဟာ မြင်းခြံ
ဇာတိဖွား ဖြစ်ပါတယ်၊ စိုးရိမ်စရာ မရှိပါ။
ညောင် ပင်ခြေ ဖုန်းဖြင့် စာဖတ်ပြီး ဗုန်းပေါက်ချိန်၊ ၄င်း ဖုန်းမှ တဆင့် မှန်ကွဲများ စင်ခြင်း၊ ညောင်မြစ်များ အနည်းငယ်စင်ပြီးဒဏ် ရာ ရပါသည်။
သူကို အခုဆေးရုံပိုလိုက်ပါတယ်။ ကျန် တိဘတ် ထိုင်း ရဟန်းတော်လည်း
ထိခိုက်ဒဏ် ရာ ရပါသည်။
Posted From Utayza Monk
"ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီအနီးတွင် ဗုံး ၅ လုံးခန့်ပေါက်ကွဲ"
ဗုဒ္ဓဂယာ၊ ဇွန် ၇
ဇွန်လ(၇)ရက် နံနက် အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီအနီးတွင် ဗုံး ၅ လုံးခန့်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မည်သူတို့က ဖောက်ခွဲကြောင်းကိုမး စုံစမ်းနေဆဲဖြစ်ပြီး"အခုဖြစ်သွားတဲ့ အကြမ်းဖက်ဖောက်ခွဲမှုရဲ့ လက်သည်ကို တိတိကျကျပြောဖို့အချိန်စောပါသေးတယ်

"ဟု အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။PP
ref: EPOCH TIMES
Popular Myanmar News Journal

No comments:

Post a Comment