“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဘယ်သူပဲ
ခေါင်းဆောင်ဆောင်ပါ။ဇာတ်ပို့လူကြမ်းS-Fiveမင်းသားကြီး ကြိုဆိုပါ၏။သို့သော်
ဒီတခါပြောင်းလဲရင် စက်အဖွဲ့နဲ့ဇာတ်ပို့ဇာတ်ရံတွေကို
တန်ဖိုးလေးနဲနဲတက်အောင်လုပ်ပေးစေချင်ပါအိ။မင်းသားမင်းသမီးဈေး နဲ့
ဇာတ်ပို့ဇာတ်ရံ ဈေးက အဆ ၂၀ လောက်ကွာခြားနေပါ၏။စက်အဖွဲ့ နဲ့ ဆိုရင်တော့
ပြောမနေနဲ့ ။ခေါ်မရိုက်မှာ ဆိုးလို့ မပြောကြတာပါ။စားဝတ် နေရေး
အစဉ်ပြေနေတယ်လို့တော့ မထင်ကြပါနဲ့ဗျာ။ဒီလောကမှာ တန်ရာတန်ကြေးရပြီး
ငါလုပ်ရင်ဖြစ်တယ်ဆိုပြီ ပျော်ရွှင်စွာလုပ်ကိုင်နေသူတွေမှာ
မင်းသား-မင်းသမီး-ဒါရိုက်တာ နဲ့ ပရိုဂျူဆာ
ဒီလေးယောက်ပဲရှိပါ၏။ကျန်တဲ့သူတွေက မိသားစု သောကမျက်ရေတွေနဲ့
ဇာတ်ကားကောင်းဖို့ စတေးခဲ့တာ ကျွန်တော့ ရုပ်ရှင်လော ကသက်တမ်းတလျှောက်
ပါပဲဗျာ။စိတ်မကောင်းခြင်း မှတပါး မကယ်တင်နိုင်ပါ။ပေါက်မြောက်သူများ
ဖြေရှင်းပေးကြပါ ခင်ဗျာ။စိတ်ထဲရှိတာ
ရင်ဖွင့်မိတာပါ။အမှားပါရင်ခွင့်လွှတ်ပါ။ဇာတ်ပို့လူကြမ်း S-Five မင်းသားကြီး
ကျော်ဇင်ထွဋ် တစ်ဦးထဲ ခံစား ဖော်ပြပါ၏”ဟုသရုပ်ဆောင်ကျော်ဇင်ထွဋ်ကသူ
့ဖေ့ဘုတ်Kyaw Zin Htut မှာရင်ဖွင့်ထားပါသည်။
Popular Journal
No comments:
Post a Comment