သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday, 13 February 2012

Gmail ကို လုံခြုံရေး နည်းလမ်းတခု



ကျနော်က ဂျီမေးလ် သုံးနေတာတော့ အတော်ကြာပါပြီ မရှိမဖြစ်လောက်ကို သုံးနေရတာပါ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရတာ အမောပါ
ကျနော် အကောင့်လုံခြုံအောင် အမြဲတမ်းရှာဖွေနေမိပြီး ကျနော့လိုဘဲ ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက် ရေးပေးလိုက်တာပါ ဘာပညာမှတော့ ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့် ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် Protocol Secure
ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS (Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက secure protocol ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) General မှာ Browser connection မှ Always use https ကို မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https:// ဖြစ်နေတာကိုတွေ့ရမှာပါ

ဒုတိယအဆင့် Password
မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password )ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့ Google ဆိုထားပါတယ် နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ် မိမိနှစ်သက်သလို ရွေးချယ်ပါ

တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင် မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ် အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့် Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။

အထူးလုံခြုံရေး

ပြည်ပမှာနေထိုင်သူဖြစ်ပါက(သို့) လက်ကိုင်ဖုန်းရှိပါလျှင် Google မှ ၀န်ဆောင်မှုအသစ်အဖြစ် Password ပြောင်းရင် ဒါမှမဟုတ် အခြားနေရာဒေသမှ ကွန်ပြုတာဖြင့် မိမိ Gmail ကိုဖွင့်ရန်ကြိုးစားသည်နှင့် မိမိပေးထားသည့် ဖုန်းနံပတ်သို့ confirmation code ကို မိမိဖုံးသို့ SMS ပေးပို့ပြီး အတည်ပြုခိုင်းပါသည်။ ထိုဝန်ဆောင်မှုသည် တော်တော်လေး ကောင်းသောကြောင့် သုံးဆွဲနိုင်သူများ Setting တွင် မိမိဖုန်းနံပါတ်ဖြင့် လုံခြုံရေး ပိုမိုမြှင့်တင်နိုင်ပါသည်။ 

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ။ အဆင့်မြင့်နည်းပညာသုံး မသာမာသော အစိုးရအဖွဲ့စည်းက မွေးထားသော ဟတ်ကာပညာရှင်များပင် မိမိအကောင့်ကိုခိုးနိုင်ရန် အတော်ကြိုးစားရပါလိမ့်မည်။

မြန်မာ့ ရိုးရာ ဆေးမီးတို(၁)



သွေးတိုးရောဂါအတွက် ကုထုံးလေးများ
........................................................

သွေးတိုးဟာ အသက်ကို ရန်ရှာတက်ပြီး သွေးတိုးလာပါက ခေါင်းမူး ခေါင်းကိုက်
ဇက်ထိုး ရင်တုန် အသက်ရူမ၀ အိပ်ရေးပျက် မျက်စိအာရုံကြောများချို့ယွင်းလာကာ
စိတ်မကြည်လင် လေငန်း နှလုံးရောဂါများ ရလာတက်သည်ဟု သိရပါသည်။
တက်နိုင်သမျှ သွေးပေါင်ချိန် ပုံမှန်နီးပါးရှိနေစေရန် အမြဲသတိထားရသည်။ သွေးတိုးလာပါက သွေးကျဆေးမှန်မှန်စားရန်မလိုဘဲ အစားအသောက်ဖြင့်ထိမ်းခြင်း ။ သွေးဖိအားစတက်ချိန် အစားအစာ အနေအထိုင်
ဆင်ခြင်ရပါသည်။
စိုးရိမ်စိတ် ပူပန်စိတ်မထားဘဲ သောကကင်းအောင် နေထိုင်၊ လမ်းလျှောက်ခြင်း
ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ထိမ်းနိုင်ပါသည်။ ဆားများသောဟင်း ငါးပိ ငါးခြောက်
ဝမ်းတွင်းသား အုန်းနို့ တညင်းသီး ဒူးရင်းသီး၊ ၀က် ၊ ဘဲ၊ ငါးရှည့်၊ နွားနို့၊ထောပတ်၊
အချည်ဖောက်မုန့်၊ ရေခဲ၊ ငါးသလောက်၊ ငါးခူ၊ အချိုမှုန့်တို့ တိုင်းရင်းဆေးအရ
ရှောင်ရသည်။
ကျမ်းမာရေးကို ဂရုစိုက်တဲ့ နေရာမှာ မိမိသာအဓိကအကျဆုံးပုဂ္ဂိုလ်ဆိုတာ အမြဲသတိထားရပါမယ်။ သင်သွေးတိုးလာလျင် အလျင်းသင့်သလို၊ အဆင်ပြေသလိုသုံးနိုင်ရန် ဆန္ဒပြုရင်း စုဆောင်းမှတ်သား ဆေးနည်းတိုလေးများကို
ရေးသားတင်ပြလိုက်ပါတယ်။
.......................................................................

ညအချိန်မတော် သွေးတိုးလာပါက
အိမ်တွင်ဆေးခါးကြီးပင် စိုက်ထားပါက ဆေးခါးကြီးနှစ်ရွက်ကို အမြန်ဝါးစားလိုက်ပါ။
ဧကရာဇ်ရွက် ရေနွေးဖြော တို့စားပါ။
သွေးတိုး၊ခေါင်းကိုက်၊ ဇက်လေး
ခြေဖ၀ါးအလယ်ကို နှိပ်ပေးခြင်း၊ ခြေဖမိုးကိုပူနေအောင် သပ်ပေးခြင်းဖြင့် အသည်းအပူဓါတ်ကို လျော့စေသည်။ သွေးတိုးကျလာပါမည်။
သွေးအရမ်းတိုး၊ ရင်တုန်နှလုံးခုန်
ကွမ်းရွက်(၅)ရွက်၊ ရဲယို(၅)ရွက် ညီအောင် နှစ်ခုပြုလုပ်၍ အရည်ညစ်ပြီးသောက်။
ရဲယိုရွက်မရှိက ကွမ်းရွက် (၅) ရွက် အရည်ညစ်သောက်ပါ။
သွေးတိုး ဇက်ကြောတက်လာလျှင်
တရုပ်နံနံ ပဉ္စငါးပါးသတ္တုရည်ကို ဇွန်းဖြင့် ထည့်၊ ဖယောင်းမီးနှင့် အပူပေးသောက်ပါ။

သွေးတိုးကိုကြက်သွန်ဖြူစား၍ ကုသခြင်း

ကြက်သွန်ဖြူများများစားပါက အောက်သွေး(၁၅)ရာခိုင်နှုန်းအပေါ်သွေး(၁၀)ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ်ခြင်း(၃၀) ရာခိုင်နှုန်း၊ နှလုံး(၅၀) ရာခိုင်နှုန်း
အချိုဓါတ် (၁၁) ရာခိုင်နှုန်းလျှော့ချနိုင်သည်။
အချို၊ အငံ အထူးလျှောင်၍ လမ်းလျှောက်လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်
ပေးသင့်ပါကြောင်း . . . . . . . .

စောစန္ဒီဆွေ(မိတ္ထီလာ)
............................................................................................

အစာအိမ်ရောင်/အစာအိမ်နာအတွက်
နနွင်းမှုန့်ကို ပျားရည်ဖြင့် တေကာ အလုံးကလေးများလုံး၍ တစ်နေ့ သုံးကြိမ်
တစ်ကြိမ်လျှင် နှစ်လုံး စားသုံးနိုင်ပါသည်။

..............................................................................

မိန်းမတို့သွေး ဤဆေးပေး

ယောက်ျားမှာ အမွေး၊ မိန်းမ မှာသွေး ဟူသော ဆိုရိုးစကားကို လူတိုင်းကြားဖူးလိမ့်
မည်ထင်ပါသည်။ မိန်းမမှာသွေးဟူသော ဆိုရိုးစကားနှင့်အညီ မိန်းမတို့သည်
တစ်လတစ်ကြိမ် ရာသီသွေးမလာပါက ခေါင်းကိုက်၊ ခေါင်းမူး၊ ဆီးစပ်ကိုက်ခဲခြင်းများ၊ ဘာမှမလုပ်ချင် မကိုင်ချင် ဖြစ်သည့်အပြင် ရာသီမလာတာ
ကြာပါက ဖောက်ပြန်ကာ ရူးကြောင်ကြောင်ပင်ဖြစ်စေတက်ပါသည်။
စာရေးသူတွေ့ဖူးသော မိန်းကလေးတစ်ယောက်ဆိုလျှင် ရာသီမလာတာကြာခြင်း
ကြောင့် ကြောများဆိုင်း၊ သွေးများပိတ်ဆို့ကာ ခြေလှုပ်မရ လက်လှုပ်မရဖြစ်ကာ
စကားကိုပင် လေးလုံးကွဲအောင် မပြောနိုင်တောချေ။ ထိုကြောင့် မိန်းမတို့အတွက်
ရာသီသွေးမှန်မှန်လာရန် အရေးကြီးပါသည်။ အချို့မိန်းမပျိုများကလည်း ရာသီသွေးကိစ္စကို ရှက်စရာဟုထင်ကာ မိခင်အားလည်းဖွင့်မပြော၊ ကိုယ်ကိုယ်တိုင်
လည်းဘာမှမသိ ဘာမှမလုပ်တက်ဘဲ ဒီအတိုင်းနေသွားကြသဖြင့် မဖြစ်သင့်တာ
တွေ ဖြစ်ကြရပါသည်။ ထို့ကြောင့် မိခင်ဖြစ်သူများကလည်း မိမိတို့၏ သမီးပျိုများကို တစ်လတစ်ခါကိစ္စကို ဂရုစိုက်ပါရန် မှာကြားရင်း သွေးသားညီညွတ်
စေသော ကိုးပါးဆေးကိုဖော်ပြလိုက်ရပါသည်။
သွေးသားညီညွတ်စေသော ကိုးပါးဆေး
ကြံဟင်းမြစ်၊ကြွက်နှာမောင်းမြစ်၊ ခင်ဘုတ်မြစ်၊ ရှားကြီးမြစ်၊ ကျွဲပေါက်မြစ်၊
ဂုံလက်တို၊ ဂုံချို၊ ဂုံခါး၊ ဂုံဘောဓိ၊ မြင်းစဂုံ ၄င်းဆေးကိုးပါးကို အညီအမျှစီစု၍ အမှုန့်
ထောင်းကာ ပုလင်းဖြင့်လုံခြုံစွာထားပါ။ မိမိတို့ခန္ဓာကိုယ်ဓါတ်ဖြင့် ချင့်ချိန်ပြီး
ကွမ်းသီးလုံးခန့်စားပါလေ။ ဆားပုတ်နှင့်ဖြစ်စေ ဆားနှင့်ဖြစ်စေ စားပါ။သွေးသား
ညီညွတ်၍ စားလို့ကောင်း သောက်လို့ကောင်း ဖြစ်ပါလိမ့်မည်။ကြွက်နို့လည်း
ပျောက်ကင်းပါသည်။
နောက်တစ်နည်းမှာ
ငရုပ်ကောင်း လေးကျပ်သား
လေးညှင်း ငါးကျပ်သား ၄င်းဆေးနည်းကိုလည်း ရာသီသွေးမပေါ်ပါက ဆားဖုတ်ရည် နွေးနှင့်တိုက်ပါ။ ဓါတ်ချုပ်လျှင်ဆားစိမ်းနှင့်တိုက်ရမည်။
ထင်အောင်မိုး(မကွေး)
.....................................................................................

မြန်မာ့ရိုးရာ ဆေးနည်းတိုများ

မြန်မာ့ဆေးပညာ၏တိုင်းရင်းဆေးမြစ်ချင်းပြီး လက်တွေ့ဆေးနည်းတိုများအဖြစ်
ဆေးခန်းတွင် ကုသအောင်မြင်ခဲ့သော ဆေးနည်းများအပြင် ပြည်သူကြားတွင်
လက်ဆင့်ကမ်း ကျော်ကြားခဲ့သည့် ဆေးနည်းများ ဖြစ်ပါသည်။ ဤဆေးနည်းတိုများ
သည် မိမိ၏ကျမ်းမာရေး စောင့်ရှောက်မှုပြုရာတွင် ပမာဏကိုယ်တိုင် ကုသနိုင်သော ဆေးနည်းမျိုးဖြစ်သည်။ လက်တွေ့တွင် ပျောက်ကင်းသက်သာမှုကို
အများဆုံး အကျိုးပြုသော လက်ရွေးစင်ဆေးနည်းတိုများဖြစ်သည်။

ဆီးချုပ်ရောဂါ
ဗုဒ္ဓံ သရဏံပင် အပွင့်နုကိုဖြစ်စေ အသီးနုကိုဖြစ်စေ ရေနွေးဖြော တို့စားပေးခြင်း
သုပ်စားပေးခြင်းဖြင့် ဆီးနှင့် ပတ်သက်ပြီးခံစားနေရသော ဆီးနည်းခြင်း၊ ဆီးချုပ်ခြင်း
ဝေဒနာတို့ကို သက်သာပျောက်ကင်းနိုင်ပါသည်။မိမိ၏ရောဂါဝေဒနာ အနုအရင့်ကို
ချိန်၍ တစ်ရက်နှစ်ရက် ဆက်၍ စားပေးနိုင်ပါသည်။
ဆီးနှင့်ပတ်သက်၍ ဆီးချုပ်ရောဂါ ဝေဒနာရှင်များသည် ဆီးရွင်ဆေးတစ်လက်ကို
မိမိနေထိုင်မှာ ၀န်းကျင်တစ်ဝိုက်မှဖြစ်စေ ဟင်းရွက်တန်းများမှဖြစ်စေ ရနိုင်သော
ဟင်းနုနွယ်ကို ဆေးနည်းတို တစ်လက်ဖြင့် အသုံးပြုကုသနိုင်ပေသည်။
ကုသနည်းမှာ ဟင်းနုနွယ်အရွက်များ၊ ရိုးတန်များကို ငါးကျည်းခြောက်နှင့် ဟင်းချက်
စားပေးခြင်း၊ ကြော်စားပေးခြင်းဖြင့် ကုသမှုကိုဆောင်ရွက်နိုင်သည်။

ကျောက်ကပ်အားနည်းရောဂါ
ကျောက်ကပ်နှင့် ပတ်သတ်၍ ကျောက်ကပ်အားနည်းရောဂါဝေဒနာရှင်များအတွက်
အဖိုးတန်ဆေးနည်းတို တစ်ရပ်ကိုဖော်ပြလိုက်ပါသည်။ ဟင်းရွက်တန်းတွင် လွယ်
ကူစွာဝယ်ယူရရှိနိုင်သော ဂေါ်ရခါးသီးကို ဆိတ်သားနှင့်ဖြစ်စေ၊ ကြက်သားနှင့်ဖြစ်စေ ဟင်းချက်စားပေးနိုင်သည်။ သို့မဟုတ် ဂေါ်ရခါးသီးကို
သနပ်စားပေးခြင်း၊ ကြော်ချက်ချက်စားပေးခြင်း၊ ပြုတ်တို့စားပေးခြင်းဖြင့် ကျောက်ကပ်အားနည်းရောဂါကို လျှော့ပါးသက်သာစေနိုင်
သည်။ တညင်းသီးကို ကျောက်ကပ်အားနည်းသော ရောဂါရှင်များ၊ ကျောက်ကပ်နှင့် ပတ်သတ်သည့် ရောဂါဝေဒနာရှင်များ အထူးရှောင်သင့်ပါသည်။

ကျောက်တည်ရောဂါ

ကြက်ဟင်းခါးအဖိုပင်၏ အရွက်ကို ထုထောင်း၍ ရရှိသော အရည်(သတ္တုရည်)
နှစ်ကျပ်ရှစ်ပဲသားတွင် ဒိန်ချည်ရည် တစ်ကျပ်ရှစ်ပဲသားကို ရောစပ်ပါ။
ဤဆေးမှာ ဆေးတစ်ခွက်စာပင်ဖြစ်ပါသည်။
အထက်ပါဆေးကို သောက်နေစဉ် တွဲဖက်ကုထုံးအနေဖြင့် ဆန်ပုန်းရည် သုံးကျပ်
သားခန့်ကို ကုထုံးဆေးချက်အဖြစ်သောက်ပေးရပါသည်။ ဤနည်းစနစ်အတိုင်း
လေးရက်ဆက်၍သောက်ပေးပါ။ လေးရက်နားပါ။ နောက်ငါးရက်ဆက်၍သောက်
ပေးပါ။ ငါးရက်နားပါ။ ထို့နောက် ခြောက်ရက်ဆက်၍သောက်ပေးပါ။ ခြောက်ရက်
နားပါ။ ခုနစ်ရက်ဆက်၍သောက်ပေးပါ။ ခုနစ်ရက်နားပါ။ ဤကုသမှု အစီအစဉ်
အတိုင်းဆောင်ရွက်ပေးခြင်းဖြင့် ကျောက်တည်ရောဂါသည် စင်ကြယ်စွာ
သက်သာပျောက်ကင်းစေနိုင်ပါသည်။ ဤဆေးနည်းသည် ကျောက်ကြေဆေး၊
ဆေးနည်းတို တစ်လက်အဖြစ် မြန်မာ့ဆေးဆရာများ လက်သုံးအဖြစ် အသုံးပြုခဲ့သော မြန်မာ့မြစ်ချင်းပြီးဆေးနည်းဖြစ်ပါသည်။

ဆီးအောင့်ရောဂါ

ဆီးနှင့်ပတ်သက်၍ အများဆုံးကြုံတွေ့ရတက်သော ရောဂါစုတွင် ဆီးအောင့်ခြင်း
လည်းပါဝင်ပေသည်။ ဤရောဂါအတွက် ဆေးနည်းတိုအလက်မှာ စောင်းခါးသီး
အစိမ်းကို ငါးဖယ်နှင့်ချက်စားပေးခြင်းဖြင့် ဆီးအောင့်ခြင်းကို လက်တွေ့ ပျောက်ကင်းနိုင်ပါသည်။ ဆီးရွှင်ဆေးအဖြစ် ရေရိုးရိုးကို တပိုင်သောက်ပေးနိုင်ပါသည်။ ဆီးအောင့် ရောဂါဝေဒနာရှင်များအနေဖြင့် ရေခဲရေ
ကို အထူးရှောင်ကြည်သင့်ပါသည်။


ဆီးပုပ်ရောဂါ
ဆီးပုပ်ရောဂါသည် ကျယ်ဝန်းရှုပ်ထွေးစွာ တည်ရှိနေပါသည်။ အခါအခွင့်သင့်ချိန်တွင် အကျယ်တ၀င့် တင်ဆက်ပါဦးမည်။ယခုဆောင်းပါး၌
ဒေသပေါက်ဆေးပင်များနှင့် အလွယ်ကုထုံးကို တင်ပြဖို့အားလျှော်စွာ ဆေးဝါး
ဖော်စပ်အသုံးပြုနည်းကို တင်ပြလိုက်ရပါသည်။
ဇီးဖြူသီး အခြောက်မှုန့် တစ်ကျပ်သား၊ ပျားရည်စစ်စစ်နှင့်ဖြစ်စေ၊ ထန်းလျက်နှင့်
ဖြစ်စေ၊ သကာရည်နှင့်ဖြစ်စေ လွယ်လင့်တကူရရှိမည့် ပစ္စည်းတစ်မျိုးမျိုးဖြင့်သာ
စားပေးပါ။ ဆေးတစ်ခွက်စာ ပမာဏမှာ တစ်ကြိမ်လျင် လက်ဖက်စားဇွန်းတစ်ဇွန်း
သောက်ပေးနိုင်ပါသည်။ ဆေးကို တစ်နေ့သုံးကြိမ်သောက်ပေးပါ။ နံနက်တစ်ကြိမ်၊
နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးပါ

ဆီးလွန်ရောဂါ

ဇီးဖြူသီး၊ ငှက်ပျောသီးတို့ကို ရောစပ်၍ အရည်ထုတ်ပါ။ ရရှိသော အရည်ကို
ပျားရည်၊ သကြားတို့ဖြင့် ရောစပ်၍စားပေးခြင်းသည် ဆီးလွန်ခြင်းကို ပျောက်ကင်း
စေနိုင်ပါသည်။
ကျော်တင့်ဆွေ
............................................................................
ကိုယ်တွင်းရောဂါများကို အစွမ်းထက်ကာကွယ်ပေးသောအမျှင်
လူတို့ကိုယ်တွင်း၌ အစာအဆိပ်ဖြစ်ခြင်းနှင့် နှလုံးရောဂါ ၊ အစာအိမ်ကင်ဆာနှင့်
အူသိမ်အတွင်းဖြစ်သောရောဂါများကို လူတို့စားသောအစားအစာများတွင်(အမျှင်)
ပါသော အစားအစာများက ကာကွယ်ပေးနိုင်လေသည်။ (အမျှင်)ပါသောအစားအစာတို့မှာ ပဲမြစ်၊ မုန်လာဥကဲသို့သော အမြစ်နှင့် သစ်ဥများ၊ ဒန့်သလွန်နှင့် ရုံးပတီ ကဲ့သို့ အသီးများ၌လည်း (အမျှင်)များ ပါကြလေသည်။
၎င်းတို့သည် အမျှင်ကြမ်းများသာ ဖြစ်၏။ အမျှင်ကြမ်းများသည် အစာခြေရခက်သဖြင့် အစာအနေနှင့် အရေးမပါလှချေ။ ဖွဲနုတွင်ပါသော အမျှင်
မျိုးမှာ သာမာန်အားဖြင့် မမြင်နိုင်သော အမျှင်နုကလေးများဖြစ်သည်။ ၄င်းအမျှင်နု
များသည် ခန္ဒာကိုယ်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုကြလေသည်။
အမျှင်များသည် အစာခြေရခက်အဖြင့် ၀မ်းသွားရာတွင် ဒီအတိုင်းပြန်လာကြသည်။
ထိုကြောင့် အဟာရတန်ဖိုးလည်း မရှိဘဲ အစာတွင်ရှုပ်နေသော ပစ္စည်းများဟု
ယခင်ကထင်ခဲ့ကြသည်။ သို့သော် အမျှင်များသည် ၀မ်းပျော့ပျော့သွားစေသည်။
အနောက်နိုင်ငံများသည် အမျှင်ပါသော အစားအစာများကို
မစားသလောက်ရှိပါက နှလုံးရောဂါ ၊ အစာအိမ်ကင်ဆာနှင့် အူသိမ်တွင်ဖြစ်ပွားသော ရောဂါများနှင့် ဆက်စပ်နေကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိလာကြသည်။ သွေးကြောထဲတွင်
ကိုလက်စထရော ဆိုသည့် အဆီများနေပါက နှလုံးရောဂါဖြစ်ဖို့များသည်ဟု လက်
ခံထားရာ ကိုလက်စထရော ပါဝင်မှုကို အမျှင်များကလျှော့ချပေးနိုင်လေသည်။
အမျှင်သည် ကိုယ်တွင်း၌ အဆိပ်ဖြစ်စေမည့် ပစ္စည်းအချို့ကိုလည်း စုပ်ယူနိုင်ပေသည်။ အမျှင်၏မကောင်းသော အချက်တစ်ခုမှာ အဟာရဓါတ်အချို့
သည် ၄င်းနှင့်ကပ်ညိပြီး ပြန်ထွက်သွားနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ခန္ဒာကိုယ်၏
သတ္တဓါတ်စုပ်ယူနိုင်မှုသည် အမျှင်ကြောင့်နည်းသည်။ မည်သို့ပင်ဆိုစေ
အမျှင်များပါသော အစားအစာများကို လူတို့စားသုံးသင့်လှသည်။ ဥပမာ- သရက်သီး ၊ နာနတ်သီး ၊ ထန်းမြစ် ၊ ပဲမြစ် ၊ ဒန့်သလွန်သီး ၊ အာတာလွတ်ဥ ၊
ရုံးပတီသီး ၊ ကလောဥ ၊ မုန်လာဥ ကဲ့သို့သော အမျှင်ပါသော ဥများအပြင် ၊ အခြား
အမျှင်ပါသော အစားအစာတို့ကို၊ စားသုံးခြင်းဖြင့် လူတို့တွင်ဖြစ်တက်သော
နှလုံးရောဂါ၊ အစာအိမ်ကင်ဆာနှင့် အူသိမ်တွင်ဖြစ်ပွားတက်သော ရောဂါများကို
ပျောက်ကင်းနိုင်သည့်အပြင် လူတို့အတွက် သုံးတက်လျှင်အကျိုးရှိသော အမျှင်ပါ
အစားအစာများဖြစ်လေတော့သည်။
ဇင်ဝင်းထက်(ကိုးကား - ဦးတိုင်းအုပ်၏ အစာအဟာရသိပ္ပံ)

ခင်မင်ရသော ညီလေးမောင်ဇီဝက မြန်မာ့ ဆေးမီးတို ဆိုက်ထဲမှ ခွင့်ပြုချက်နှင့်  ကူးယူဝေမျှလိုက်ပါတယ်
ဂေါ်လီပါ-

Sunday, 5 February 2012

အက်ဒမာန်ကျွန်းမှ ဂျရဝါလူမျိုးများ



ဂျာရဝါ (Jarawa)လူမျိုးများဟာ ခန္ဓာကိုယ် အရွယ်အစား သေးငယ်သော လူမျိုးတစ်မျိုးဖြစ်ပါတယ်။ အရွယ်ရောက် ယောက်ျား တစ်ယောက်ရဲ့ အရပ်ဟာအမြင့်ဆုံး ၄ ပေ ၁ဝ လက္မသာရှိပြီး အရွယ်ရောက် မိန်းမတစ်ယောက်ရဲ့ အရပ်အမြင့်ဆုံးကတော့ ၄ ပေနဲ့ ၅ လက်မလောက်သာ ရှိပါတယ်။ သူတို့ရဲ့နည်းပညာဟာ
ကျောက်ခေတ်က ရိုးဆင်းလှတဲ့ နည်းပညာများကိုသာ
အသုံးပြုတာကြောင့် ယခုကမ္ဘာမှာ ရှေးအကျဆုံး နည်းပညာများကို သုံးနေသူများသာဖြစ်ပါသည်။ ထိုကဲ့သို့ နည်းပညာများဟာ တချိန်က ကမ္ဘာမှာအသုံးပြုခဲ့ကြတာဖြစ်ပြီး ပြောင်းလဲတိုးတက်ခဲ့တာ နှ
စ်ပေါင်း လေးသောင်းကျော်ခန့်ရှိပြီဖြစ်ပါတယ်။ အုပ်စုလိုက်ဖွဲ့ ပြီးအမဲလိုက်တတ်ကြပြီး အသုံးပြုတဲ့ လက်နက်များကတော့ လေး၊ မျှား၊ ကနူးလှေများ၊ ကျောက်လက်နက် နှင့် အမျိုးမျိုး သော ခြင်း၊ တောင်း၊ ပလုံး၊ တို့ကို အသုံးပြုကြခြင်း ဖြစ်ပါတယ်။ ရိုးစင်းလှတဲ့ လက်မှု့ပညာများကိုလည်း
အာဖရိကမှ ပစ်ဂမီလူပုလေးများ

လုပ်တတ်ကြပါတယ်။ ယောက်ျားများဟာ တောဝက် ဖွတ် ပုဒက် များကိုတောထဲဝင်ပြီး အမဲလိုက်တတ်ကြပြီး ကမ်းစပ်တစ်လျှောက် လေးနှင့်မျှာကို အသုံးပြုကာ ငါးဖမ်း ကြပါတယ်။ မိန်းမများ ကတော့ ခြင်းတောင်းများကို သုံးပြုကာ ငါးဖမ်းတတ်ကြပြီး ဂုန်းခရုများကို ကောက်ကြပါတယ်။ တောထဲမှာလည်း သစ်သီးများ၊ သစ်ဥ သစ်မြစ်များ နှင့် ပျားရည်များကို ရှာဖွေစားသုံးကြပါတယ်။ ဂျရဝါ များဟာ သူတို့ရဲ့အိမ်များကိုလည်း ယာယီတဲ့အများအဖြစ်သာ ဆောက်လုပ်ကြပါတယ်။ ဂျရဝါ လူအမျိုးစုအား လူဦးရေပေါင်း ၃ဝဝ ခန့်လောက်သာရှိပါတယ်။ ၁၆ ရာစု၊ ၁၇ ရာစု အချိန်တုန်းက စပိန်၊ ပေါ်တူဂီနှင့် ဟော်လန် များဟာ တောင်အာရှဖက်က ကျွန်းစုတွေကို နယ်ချဲ့လာခဲ့စဉ်က ထိုကျောက်ခေတ်အဆင့်သာ ရှိသေးသော လူမျိုးစုများကို တွေ့ရှိခဲ့ကြပါတယ်။

ထိုလူမျိုးစုများဟာ ခန္ဓာကိုယ်သေးငယ်တဲ့လူမဲများဖြစ်ကြတဲ့အတွက်ကြောင့် Negritos လို့ခေါ်ကြပြီး စပိန် များကတော့ "little Negros" လို့ခေါ်ကြပါတယ်။ ထို Negritos များကို အမြဲတမ်းလိုလို ကျွန်းများမှာတွေရတတ်ပါတယ်။ သူတို့ဟာ ရန်လိုအကြမ်းဖက်တဲ့ သွင်ပြင်လက္ခဏာရှိပြီး သူတို့နေထိုင်တဲ့ကျွန်းများကို လာရောက်ဖို့ ကြိုးစားသူတွေကို မလာနိုင်အောင် ရန်လိုကာ တိုက်ခိုက်သတ်ဖြတ်လေ့ရှိပါတယ်။ အကယ်၍ ကျွန်းပေါ်မှာ နေထိုင်တာတွေ့သွားရင်တော့ ထိုလူတွေနဲ့ ဝေးတဲ့ တောင်စွန်း တောင်းကြားတွေမှာသွားပုန်နေကြပြီး Negritos လူကောင်ကြီးများ ရှိတဲ့ကျွန်းကိုဆက်သွယ်ကာ သူတို့ကျွန်းကို လာရောက်တဲ့သူများကို ခြေမှုန်းပေးဖို့ဘဲဖြစ်ပါတယ်။ Negritos များဟာ အက်ဒမာန် ကျွန်းကဲ့သိုသော တောင်အာရှမှာရှိတဲ့ ကျွန်းတော်တော်များများမှာ နေထိုင်တည်ရှိနေတာဖြစ်ပါတယ်။

ထိုကျွန်းများဟာ အက်ဒမာန်ပင်လယ်နှင့် အန္ဒိယနိုင်ငံကြားမှာတည်ရှိနေတဲ့ ကျွန်းစုများဖြစ်ပါတယ်။ Negritos များကို တွေ့ရှိဖို့အတွက် အလွန်မှ ခက်ခဲလွန်းလှပါတယ်။ ၁ ရာစုမှ ၇ ရာစု များမှာ အီဂျစ်မှ Claudius Ptolemeus ဆိုသူ ဟာ ရောမကုန်သွယ်ရေးသင်္ဘောများဖြင့် ရွက်လွင့်ကာ အန္ဒိယ နှင့် အန္ဒိယ အရှေ့ဖက်ကို ရွက်လွင့်လာပြီး ၂ ရာစုနှစ်မှာ အိန္ဒိယပင်လယ် ရှိ အက်ဒမာန်ကျွန်းများကို လူသားစား လူရိုင်းကျွန်းများလို့ နာမည်တပ် မြေပုံရေဆွဲခဲ့ပါတယ်။ ၁၃ရာစု ကုန်ခါနီး နှစ်များမှာတော့ မာကိုပိုလို ဟာ တရုတ်နိုင်ငံမှ မွန်ဂို ကုန်ကူးသင်္ဘောများဖြင့် ရွက်လွင့်လာကာ ထိုကျွန်းများကိုပင် "the land of the head hunters" လို့ နာမည်ပေးခဲ့ပြီး လူဦးရေ လေးဒါဇင် ခန့်သာရှိတယ်လို့ဖော်ပြခဲ့သလို တောထဲမှာနေထိုင်တဲ့ ဂျရဝါလူမျိုးစုများဟာ ထိုအချိန်များကတည်းကပင် ထိုကျွန်းများမှာရှိနေကြောင်းကိုပါ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။

နော်ဝေးနိုင်ငံ Oslo တက္ကသိုလ်မှ လူမျိုးစုများအကြောင်းကို လေ့လာတဲ့အဖွဲ့ခေါင်းဆောင် Erica Hagel ဟာ Current Biology ဂျာနယ်မှာ ရေးသားခဲ့တာကတော့ အက်ဒမာန်ကျွန်းများမှာနေထိုင်တဲ့ လူများဟာ နက်နဲဆန်းကြယ်လှပြီး သူတို့အကြောင်းကို ပြည့်စုံစွာ နားလည်နိုင်မှာမဟုတ်ဘူးလို့ရေးသား ဖော်ပြခဲ့ဖူးပါတယ်။ ပုံပန်းသဏ္ဍာန်ကတော့ အသားမဲမဲ လူကောင်သေးသေး၊ ဆံပင်ကောက်ကာ တင်ပါးဆုံကြီးပြီး အာဖရိကတိုက်မှာရှိသော ပစ်ဂမီ (Pygmies)လူသားများနှင့်ဆင် ပါတယ်။

ထူးဆန်းတာကတော့ ဒီလောက်ဝေးကွားတဲ့ တောင်အာဖရိက အရှေ့ဖက်ကမ်းခြေက Madagascar ကျွန်းက စကားတွေနဲ့ သွားဆင် နေတာတွေရပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ ဂျရဝါ လူမျိုးတွေဟာ တောင်အန္ဒိယမှာရှိတဲ့ သီရိလင်္ကာ နှင့် ဘင်္ဂလားရှေဒ့် တို့ရဲ့ မျိုးနွယ်စုတွေဖြစ်နိုင်သလို သြစတေးလျတိုက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝဝ လောက်က ရောက်ရှိသွားတဲ့ အဘော်ရီဂျင် (Aborigine) လူမျိုးတွေရဲ့ မျိုးစုတွေလဲဖြစ်နိုင်ပါတယ်။ DNA စစ်ဆေးမှု့အရတော့ အက်ဒမာန် မှာရှိနေကြတဲ့ Negritos လူမျိုးစုသုံးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။
ဒီလူရိုင်းတွေအကြောင်းကို ကျန်ခဲ့တဲ့လလောက်က ကျွန်တော့်ကိုလူတစ်ယောက်ပြောပြဖူးတယ် သူလဲအဲ့ဒီလူရိုင်းတွေ သတ်လို့သေဘဲပြန်ရောက် လာတဲ့လူဖြစ်တယ်။ အဲ့ဒီလူကလည်းတော်တော်ကို ကိုယ်လုံးကိုယ်ပေါက် ကြီးကြီးနဲ့ သန်မာတဲ့လူတစ်ယောက်ဖြစ်တယ်။ သူပြောပြတာကတော့ တချိန်က သူဌေးဖြစ်ခြင်တော့ အဲ့ဒီ အက်ဒမာန်ကျွန်းတွေမှာ ခရုတွေ အရမ်းများတယ်လို့ ကြားတာနဲက သူတိုကသူငယ်ချင်းတွေ အဲ့ဒီဖက်ကို စက်လှေတွေနဲ့ ခိုးဝင်ပြီး ခရုသွားငုတ်ကြတယ်။ စက်လှေတစ်စီးမှာ လူ ၆ ယောက် ၇ ယောက်လောက်ပါကြတယ်။ သူပြောပြတာကတော့ လူရိုင်းတွေ နေတဲ့ကျွန်း နှစ်ကျွန်းရှိတယ်တဲ့ တကျွန်းက လူရိုင်းတွေက လူကောင်အရမ်းကြီးပြီး ဘီလူး တွေနဲ့ တူသလို အရမ်းသန်တယ် ဒါပေမဲ့သူတို့ လူသားမစားဘူး မလှမ်းမကမ်း ကျွန်းတစ်ကျွန်းမှာကြတော့ လူရိုင်းသေးသေး လေးတွေ နေကြတယ်တဲ့ အဲ့ဒီ လူရိုင်းလေးတွေကတော့ လူသားစားတယ်လို့ ပြောပြပါတယ်။ သူတို့တွေ နေတဲ့ ကျွန်းနားမှာက ခရုတွေအရမ်းပေါတယ် ဒါကြောင့်အဲ့ဒီကျွန်းနားကိုသွားပြီးခရုငုတ်ကြရတယ် လူရိုင်းအကြိးကောင်တွေဟာလူကို လုံးဝမကြောက်သလို စက်လှေပေါ်က ခေါ်ရင်လည်း ရေကူးလာတယ်လို့ပြောပြတယ်။


လူတစ်ယောက် ထဲကူးလာရင်တော့ လက်ခံခေါ်ပြီး လာတဲ့လူရိုင်းကိုတော့ ထမင်းအဖြူသက်သက်ကြီးဘဲ ကျွေးတယ်။ အဲ့ဒီလူရိုင်းတွေကလည်း ထမင်းကိုတော်တော်ကြိုက်တယ်တဲ့။ တမင်း လူ ၃ ယောက်စာချက်ထားတာ က အဲ့ဒီလူရိုင်းကြီး တစ်ယောက်ထဲစားတာနဲ့ ကုန်သွားတယ်လို့ပြောပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ လူရိုင်းကျွန်းနားကပ်ပြီး ခရုငုတ်ခြင်လို့ လူရိုင်းတွေကို မိတ်ဖွဲ့ထမင်းကျွေးတာပါ စေတနာနဲ့ ကျွေးခြင်လို့ကျွေးတာမဟုတ်ဘူး။ အကယ်၍ လူရိုင်းတွေကို ခေါ်လို့ တစ်ယောက်ထက်ပိုပြီး ရေကုးလာရင်တော့ စက်လှေကို မောင်းပြေးရတော့တာဘဲတဲ့၊ ဘာကြောင့်မောင်းပြေးရတာလဲလို့ကျွန်တောကမေးတော့ တခါ လှမ်းခေါ်လိုက်တာ လူရိုင်းမ အရပ်က ၆ ပေလောက်ရှိပြီး အသက်က ၂ဝ ကျော်လောက်ဘဲရှိမယ်လို့ထင်ရတဲ့ မိန်းမတစ်ယောက်ရေကူးပြီးသူတို့စက်လှေပေါ်ကိုတက်လာတယ် ဒါနဲ့ ထမင်းကြွေးတော့ ထမင်းကို အငန်းမရစားပြီး ကုန်သွားတော့ ထမင်းအိုးပါယူပြီးပြန်မယ်လုပ်တာ ထမင်းအိုးကို သူတို့သူငယ်ချင်း လေးယောက်ပြန်က အဲ့ဒီလူရိုင်းမဆီက တော်တော်ပြန်လုယူရတယ် အဲ့ဒါတောင် နောက်ဆုံး ထမင်းအိုးကိုင်ထားတဲ့လူရိုင်းမလက်ကို သူတို့ထဲကတစ်ယောက်က ပါးစပ်နဲ့ လွတ်အောင်ကိုက်လို့ နာပြီးလွတ်သွားတာလို့ကျွန်တော့်ကိုပြောပြပါတယ်။ နောက်တစ်ခေါက်ကျတော့ အဲ့လိုဘဲ လှမ်းခေါ်တော့ ယောက်ျားတစ်ယောက် ရေကူးလာပြီး ထမင်းကျွေးဖို့လုပ်တော့ ထမင်းမစားဘဲ သူ့သူငယ်ချင်း ဝတ်ထားတဲ့ အောက်ခံဘောင်းဘီအနီရောင်ကို မရမက လုတာယူတာတဲ့ သူတို့ ဝိုင်းပြီး ပြန်လုတာလဲမရဘူး နောက်ဆုံး ဘောင်းဘီ ကသူ့လက်ထဲလဲရောက်သွားရော ဘောင်းဘီကိုယူပြီးရေထဲခုန်ချသွားရော ကမ်းစပ်ရောက်တော့ စောင့်နေတဲ့လူရိုင်းအုပ်နဲ့ အဒီအောက်ခံဘောင်းဘီကို စုတ်ဖြဲပြီးသူတိုကခေါင်းမှာ စည်းကာ သီချင်းတွေဆိုပြီး ကခုန် ကာ တောထဲပြန်ဝင်သွားပါတယ်။ နောက်တစ်ကျွန်းက လူရိုင်းသေးသေးလေးတွေကျွန်းနားမှာ သွားငုတ်ပြီး သူတို့အဖွဲ့ထဲကဘဲ လှေတစ်စီးက အဲ့ဒီလူရိုင်းလေးတွေ ထဲက ခလေးတစ်ယောက်ကို သူတို့ကို ရန်လာမူလို့ဆိုပြီး သတ်လိုက်တယ်တဲ့။ ဒါကို သတ်လိုက်တဲ့သူတွေဟာ ကျွန်းနားမှာ လှေကို ကျောက်ချုပြီး ညဖက်အိပ်တော့ လှေသားတဲကတစ်ယောက်က အိမ်သာတက်ခြင်လို့ ကုန်းပေါ်တက်ပြီး ခြုံတစ်ခုထဲဝင်ပြီး အိမ်သာတက်နေတဲ့အချိန်မှာ လူရိုင်းတွေအများကြီး လှေနားကို ကိုရောက်လာပြီး လှေပေါ်တက်ကာ လှေပေါ်မှာရှိသမျှ လူတွေအကုန်လုံးကို တစ်ယောက်မကျန်အကုန် သတ်သွားတယ်လို့ ခြုံထဲဝင်ပြီး အိမ်သာတက်တဲ့သူက ပြန်ပြောပြတယ်လို့ ကျွန်တော့်ကိုပြောပြပါတယ်။ နောက်ဆုံးတော့ သူတို့လည်း ခရုတွေရပြီးဆိုပြီးပြန်လာတော့ အန္ဒိယရေတပ်က လိုက်ပစ်တာနဲ့ မနဲ လွတ်အောင်မောင်းခဲ့ရပြီး နောက်တစ်ခေါက်လည်းပြန်မသွားတော့ဘူး ပြောပြခဲ့ပါတယ်။
အက်ဒမာန်ကျွန်းထဲက ကျွန်းတစ်ကျွန်းမှာဘဲ အင်္ဂလိပ်တွေ မြန်မာကိုကျူးကျော်ခဲ့စဉ်က ရောက်ရှိသွားတဲ့ ကရင်တိုင်းသားတွေ နေထိုင်တဲ့ကျွန်းတစ်ကျွန်းရှိတာကိုလဲ ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
 အွန်လိုင်းမှမိတ်ဆွေတစ်ဦးလာရောက်တင်ပြသွားတာပါ။

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks