ဖိလစ်ပိုင် နိုင်ငံ အတွင်းသို့ 
ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဘိုဖာမုန်တိုင်း တိုက်ခတ်မှု၊ မြောက်ကိုရီးယား 
နိုင်ငံက ပြုလုပ်ခဲ့သည့် ဂြိုဟ်တု လွှတ်တင်မှု၊ အရှေ့ တရုတ်ပင်လယ် ရေပိုင်နက်
 အငြင်းပွားမှု၊ လူအများ အပြားကို ထိတ်လန့်တုန်လှုပ် စေခဲ့သည့် 
စင်ဒီမုန်တိုင်း စသည့် ဖြစ်ရပ် များသည် ၂ဝ၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည်။
 လာမည့် ၂ဝ၁၃ ခုနှစ် အတွင်း၌ မည်သည့် အရာများ ဖြစ်ပေါ် လာမည်ကို အတိအကျ မသိရ
 သော်လည်း ကျွမ်းကျင်သူ များက ဖြစ်ပေါ် လာနိုင်သည့် သို့မဟုတ် ပြောင်းလဲ 
လာနိုင်သည့် အကြောင်းအရာ များ၊ အဖြစ်အပျက် များကို ခန့်မှန်း ပြောကြား 
ထားသည်ကို တွေ့ရသည်။ ၎င်းတို့၏ ခန့်မှန်းချက်များ အနက် မှ အချို့ကို 
ရေးသားဖော်ပြ လိုက်ပါသည်။
 
	  	
ဆီးရီးယား ပြည်တွင်းစစ်
ဘာရှာအယ်လ် အာဆတ် ဦးဆောင်သည့် ဆီးရီးယား 
အစိုးရသည် လာမည့်နှစ် အတွင်း ပြိုလဲနိုင်ဖွယ် ရှိသည်ဟု ကျွမ်းကျင်သူ များက 
ပြောကြား ထားသည်ကို တွေ့ရသည်။ ဆီးရီးယား ပြည်တွင်း စစ်သည် ယခု အခါ 
အချိန်ကာလ အားဖြင့် ၂၁ လကျော်ကြာ ဖြစ်ပွားလျက် ရှိပြီး အစိုးရသည် 
ပြိုလဲခြင်း လမ်းစပေါ်သို့ ရောက်ရှိ နေပြီဟု အချို့က သုံးသပ် ထားသော်လည်း 
ဆီးရီးယား နိုင်ငံတွင် လေယာဉ် မပျံသန်းရေး ဇုန် သတ်မှတ်ပေးခြင်း မရှိပါက 
တစည်း တလုံးတည်း မရှိသည့် အတိုက်အခံ တပ်များ အနေဖြင့် အာဆတ်၏ တပ်များကို 
အလွယ်တကူ တိုက်ခိုက်နိုင်မည့် အနေအထားတွင် မရှိကြောင်း ဖြစ်ပွားလျက် 
ရှိသည့် တိုက်ပွဲ များက သက်သေပြလျက် ရှိသည်။
အီရန် နျူကလီးယား အစီအစဉ်
ကျွမ်းကျင်သူများ ခန့်မှန်း ထားသကဲ့သို့ 
ဆီးရီးယား အစိုးရ ပြိုလဲ ခဲ့ပါက အီရန် နိုင်ငံသည် အနောက်နိုင်ငံ များ၏ 
ထိန်းချုပ်မှုကို မခံသည့် အရှေ့ အလယ်ပိုင်းရှိ တစ်ခုတည်းသော နိုင်ငံ 
ဖြစ်လာမည် ဖြစ်သည်။ အနောက်နိုင်ငံ များသည် အီရန် အစိုးရအား ၎င်းတို့၏ 
နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ အင်အားသုံး ဖြေရှင်းမည်ဟု 
နှစ်ပေါင်းများစွာ ဆွပေး လာခဲ့သော်လည်း အီရန် နိုင်ငံသည် အနောက် အုပ်စု၏ 
ထောင် ချောက်ကို ရှောင်ရှား နိုင်ခဲ့သည်။
အနောက် နိုင်ငံများသည် နျူကလီးယား 
အစီအစဉ်နှင့် စပ်လျဉ်း၍ အီရန်အပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ် 
ခဲ့သော်လည်း စစ်ရေးအရ တိုက်ခိုက်မည် ဆိုပါက တတိယ ကမ္ဘာစစ် ဖြစ်ပွားမည့် 
အလားအလာ ရှိနေသည်။ သို့ရာတွင် ဆီးရီးယား၌ အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက 
နိုင်ငံကြီး များ၏ ဖိအားသည် အီရန် အပေါ် တိုးမြှင့် ကျရောက် လာဖွယ်ရှိပြီး 
အီရန် အနေဖြင့် ယင်း ဖိအားများကို မဖြစ်မနေ ကာကွယ် ခုခံသွားမည် ဖြစ်သည်။ 
ယင်းသို့ ခုခံကာကွယ် မှုကို ရန်စခြင်း အဖြစ် အနောက် နိုင်ငံများက ဖော်ပြပြီး
 အင်အားကို အသုံးပြု လာဖွယ် ရှိသည်။ သို့သော် မေးစရာ မေးခွန်း တစ်ရပ်မှာ 
အင်အားကြီး နိုင်ငံများ ဖြစ်သော တရုတ်နှင့် ရုရှားနိုင်ငံ တို့သည် ၎င်းတို့၏ 
မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော အီရန်အပေါ် ကျရောက်လာမည့် ဖိအားနှင့် 
စပ်လျဉ်း ၍ မည်သို့မည်ပုံ တုံ့ပြန်မည်နည်း ဟူ၍ပင် ဖြစ်သည်။
အမေရိကန်နှင့် EU တို့၏ စီးပွားရေး အလားအလာ
အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးသည် 
ပြန်လည် နာလန် ထူလာဖွယ် ရှိပြီး ကုန်ထုတ်လုပ် ခြင်းသည် နိုင်ငံ၏ စီးပွားရေး
 ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နိုင်မည့် အလား အလာတွင် 
ရှိနေသည်။ ဤအချက်သည် နိုင်ငံ၏ မြင့်တက်လာသည့် အနှောင်အဖွဲ့ ကင်းသော 
စွမ်းအင်ဆိုင်ရာ မူဝါဒများ အပေါ် များစွာ အခြေတည်လျက် ရှိသည်။ ဥရောပ သမဂ္ဂ 
(EU) နိုင်ငံများ အထူးသဖြင့် ပေါ်တူဂီ၊ အိုင်ယာ လန်၊ အီတလီ၊ ဂရိနှင့် စပိန် 
နိုင်ငံများ၌ ကြွေးမြီ ပြဿနာများ၊ စီးပွားရေး အကျပ် အတည်းများ ပြန်လည်ကြုံ 
တွေ့ လာနိုင်သည်။ ထို့အပြင် အီတလီ အစိုးရသစ် အနေဖြင့် စီးပွားရေး 
ကျပ်တည်းမှု များကို ရင်ဆိုင်ဖြေရှင်း ရဖွယ် ရှိသည်။ EU အဖွဲ့သည် အဖွဲ့ဝင် 
နိုင်ငံများမှ အခွန်များကို တိုက်ရိုက် ကောက်ခံနိုင်ရေး အတွက် ဘဏ္ဍာရေး 
ဆိုင်ရာ ဗဟိုဌာန တစ်ခုကို တည်ထောင်ရန် ကြေညာခဲ့ပြီး EU ဇုန်ကို ဥရောပ၏ 
ပြည်ထောင်စု တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် လာမည့်နှစ် အတွင်း 
ကြိုးပမ်းသွားဖွယ် ရှိသည်။
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာခြင်း
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာခြင်းကြောင့် 
၂ဝ၁၃ ခုနှစ် အတွင်းတွင် မုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင် လှုပ်ရှားခြင်း 
စသည့် သဘာဝဘေး အန္တရာယ်များ ပိုမိုကြုံတွေ့ ရဖွယ် ရှိသည်ဟု ကျွမ်းကျင်သူ 
များက ခန့်မှန်း ထားသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် စိုက်ပျိုး သီးနှံများ 
ပျက်စီးရဖွယ် ရှိပြီး လာမည့်နှစ်၌ ကမ္ဘာ ကြီး၏ အနီးတွင် ကြယ်တံခွန်ကြီး 
နှစ်ခု ပေါ်ထွက် လာသောကြောင့် ၎င်း ကြယ်တံခွန်ကြီး များသည် ရာသီဥတု ပြောင်းလဲမှု
 အပေါ် များစွာ အကျိုး သက်ရောက်ဖွယ် ရှိသည်ဟု ပညာရှင် များက ပြောကြားထား 
သည်။ ထို့ကြောင့် ကမ္ဘာ့ နိုင်ငံများရှိ အစိုးရ အဖွဲ့များ အနေဖြင့် ပညာရှင် 
များ၏ ခန့်မှန်းချက်ကို အခြေခံ၍ သတင်း အချက်အလက်များ ဖလှယ်ပြီး 
ကြိုတင်ပြင်ဆင် ထားကြရန် အကြံပြု ထားသည်။
တရုတ် နိုင်ငံ၏ စီးပွားရေး
တရုတ် စီးပွားရေး တိုးတက်မှု နှုန်းသည် ၂ဝ၁ဝ
 ပြည့် နှစ်မှစ၍ ၁ဝ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်း 
လာခဲ့သည်။ ပြည်တွင်း ဝယ်လိုအား ကျဆင်းမှုနှင့် စပ်လျဉ်း၍ အစိုးရ၏ 
ဆောင်ရွက်ချက် များသည် ထိရောက်မှု ရှိခြင်းကြောင့် စီးပွားရေး တိုးတက်မှုသည် 
ယခုအခါ ပြန်လည် အရှိန်အဟုန် မြင့်တက်လာပြီး ခေါင်းဆောင် အပြောင်း 
အလဲကြောင့် လာမည့်နှစ် အတွင်း နိုင်ငံ့ စီးပွားရေး တိုးတက်မှု မြန်ဆန် 
လာစေရန် အစိုးရ သစ်က ပိုမို လုပ်ဆောင်သွားဖွယ် ရှိသည်။ တရုတ် နိုင်ငံ၏ 
စီးပွားရေး တိုးတက်မှု နှုန်းသည် ၂ဝ၁၃ ခုနှစ် အတွင်း ၈ ရာခိုင်နှုန်းခန့် 
ရှိမည်ဟု ပညာရှင် များက ခန့်မှန်း ထားသည်။
အာဖဂန် နစ္စတန်
အာဖဂန် နစ္စတန်သို့ အမေရိကန်တို့ 
ဦးဆောင်သည့် ပြည်ပ တပ်ဖွဲ့များ ဝင်ရောက်ပြီး ၁ဝ နှစ် အကြာတွင် ပြည်ပ 
တပ်ဖွဲ့များသည် ဒေသခံအာဖဂန် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ 
စီးပွားရေးနှင့် အသက်မွေး ဝမ်းကျောင်းများကို ပြန်လည်တည်ထောင် ပေးရာတွင် 
အတိုင်းအတာ တစ်ခုအထိ အောင်မြင် ခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် နိုင်ငံတကာ
 တပ်ဖွဲ့များသည် အာဖဂန် ကာကွယ်ရေး တပ်ဖွဲ့ဝင် များအား ကိုယ့်ခြေထောက်ပေါ် 
ကိုယ်ရပ်တည် နိုင်ရန်နှင့် နိုင်ငံ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူ 
နိုင်စေရန် ရည်ရွယ်၍ သင်တန်းများ ပေးအပ်လျက် ရှိသည်။ အာဖဂန် နစ္စတန်သည် 
အကြမ်းဖက် သမားများ၏ အဓိက ခိုလှုံရာ နေရာတစ်ခု မဟုတ်သော်လည်း တာလီဘန် များက 
ပြန်လည် အသွင်ပြောင်းရန် ကြိုးပမ်းလျက် ရှိရာ သမ္မတ ဟာမစ်ကာဇိုင်း အနေဖြင့် 
ပြည်ပတပ်များ နိုင်ငံ အတွင်းမှ ထွက်ခွာသွား ချိန်တွင် တာလီဘန်တို့၏ 
အန္တရာယ်ကို သတိ ကြီးစွာဖြင့် ကိုင်တွယ် ဖြေရှင်းရန် လိုအပ်မည် ဖြစ်သည်။ 
ကာဇိုင်းအတွက် ရင်လေးစရာ အခြား အန္တရာယ်ကြီး တစ်ခုကား ရှိနေသေးသည်။ ယင်းမှာ 
အခြားမဟုတ် အစိုးရ အဖွဲ့အတွင်း အမြစ်တွယ် လျက်ရှိသည့် အကျင့်ပျက် 
ခြစားမှုပင် ဖြစ်သည်။ 
    ။
	  	
တောင်အာရှ နိုင်ငံ တစ်နိုင်ငံ 
ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်
 ရေးနှင့် စစ်တပ် ခေတ်မီစေရေး အစီအစဉ် များကို အဓိက ဦးစားပေး အဖြစ် အကောင်
 အထည်ဖော်လျက် ရှိသည် ကို တွေ့ရသည်။
 
	  	
စစ်လက်နက် ပစ္စည်း အသစ်များ တပ်ဆင်ရေး၏ 
တစ်စိတ် တစ်ဒေသ အဖြစ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ယခု 
သီတင်းတစ်ပတ် အတွင်း ရုရှား နိုင်ငံသို့ သွားရောက်၍ ဒေါ်လာ တစ်ဘီလီယံ 
တန်ဖိုးရှိ လက်နက် ဝယ်ယူရေး စာချုပ် တစ်ရပ်ကို ရုရှား သမ္မတ ဗလာဒီမာ 
ပူတင်နှင့် လက်မှတ် ရေးထိုး ခဲ့သည်။
အဆိုပါ သဘောတူ စာချုပ်သည် ဘင်္ဂလားဒေ့ရှ် 
နိုင်ငံက ပါကစ္စတန် နိုင်ငံမှ ၁၉၇၁ ခုနှစ်တွင် လွတ်လပ်ရေး ရပြီး ချိန်မှစ၍ 
ချုပ်ဆို ခဲ့သမျှ လက်နက် ရောင်းဝယ်ရေး စာချုပ်များ အနက် တန်ဖိုး 
အကြီးမားဆုံး ဖြစ်သည်။  ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဖရီးဂိတ်စ် စစ်သင်္ဘောသစ် 
များကို ရေတပ်တွင် တိုးချဲ့ အသုံးပြုခြင်း၊ အိမ်နီးချင်း နိုင်ငံ 
တစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ အနီးရှိ ၎င်းတို့၏ ပိုင်နက် အတွင်း၌ လေတပ် 
အခြေစိုက် စခန်းသစ် တစ်ခု တည်ဆောက်ခြင်း အပါအဝင် စစ်အင်အားကို မကြာမီ ကပင် 
တိုးချဲ့ တည်ဆောက်လျက် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ရုရှား နှစ်နိုင်ငံ 
အစိုးရ များသည် စစ်ရေးနှင့် နည်းပညာ ဆိုင်ရာ ကဏ္ဍများတွင် ဆက်လက် ပူးပေါင်း 
လုပ်ဆောင်ရန် ရည်ရွယ် ထားသည်ဟု အဆိုပါ လက်မှတ် ရေးထိုးပွဲ အခမ်း အနားတွင် 
သမ္မတ ပူတင်က ဝန်ကြီးချုပ် ဟာဆီနာကို ပြောကြား ခဲ့သည်ဟု သတင်းဌာန များက 
ဖော်ပြ ထားသည်။
လက်နက် ပစ္စည်း ဝယ်ယူရေး သဘော တူညီချက် အရ 
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် သံချပ်ကာ ကားများ၊ ခြေလျင်တပ်သုံး လက်နက် 
ပစ္စည်းများ၊ လေကြောင်း ကာကွယ်ရေး စနစ်များ အပါအဝင် Mi-17 သယ်ယူ 
ပို့ဆောင်ရေး ရဟတ်ယာဉ် များကို ဝယ်ယူ သွားမည်ဟု ရုရှား နိုင်ငံပိုင် လက်နက်
 ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောကြား ထားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် 
အစောပိုင်း ကလည်း တရုတ် နိုင်ငံမှ တင့်ကားများကို ဝယ်ယူခဲ့ပြီး ရုရှား 
နိုင်ငံမှ စတုတ္ထ မျိုးဆက် တိုက်လေယာဉ် ဖြစ်သည့် MIG-29 လေယာဉ် များကို 
ဝယ်ယူရန် စီစဉ် ခဲ့သော်လည်း ဈေးနှုန်းမြင့် မား လွန်းသောကြောင့် လက်လျှော့ 
ခဲ့ရသည်ကို တွေ့ရသည်။
အလားတူပင် ရုရှား နိုင်ငံ၏ အကူအညီဖြင့် 
ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း၌ နိုင်ငံ၏ ပထမ ဆုံးသော နျူကလီး ယားဓာတ်အားပေး 
စက်ရုံ တစ်ရုံ တည်ဆောက်ရေး အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား သဘောတူ
 လက်မှတ် ရေး ထိုး နိုင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံအတွင်း 
ကမ်းလွန် သဘာဝ ဓာတ်ငွေ့သိုက် များကို မကြာမီက ရှာဖွေ တွေ့ရှိခဲ့ပြီး 
ချိန်မှစ၍ ၎င်းတို့၏ ကာကွယ်ရေး စွမ်းရည် တိုးချဲ့ရေးကို တစိုက်မတ်မတ် 
လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။ တစ်ချိန်တည်း မှာပင် ဘင်္ဂလားဒေ့ရှ်
 အာဏာပိုင် များသည် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး တိုးတက် ခိုင်မြဲစေရန် 
ကြိုးပမ်းလျက် ရှိပြီး အမေရိကန် အစိုးရ၏ EDA အစီအစဉ် အရ အမေရိ ကန် 
ပြည်ထောင်စုမှ ပိုလျှံနေသည့် စစ်လက်နက် ပစ္စည်းများကို မဟာမိတ် နိုင်ငံ 
များသို့ ဈေးနှုန်း ချိုသာစွာ ဖြင့် ရောင်းချမည့် စီမံကိန်းတွင် ပါဝင် 
နိုင်ရန် မျှော်မှန်းလျက် ရှိသည်ဟု သုံးသပ် ရပါသည်။ 
	  	
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြား 
နယ်စပ် စည်းမျဉ်း ဖြတ်ကျော်မှုနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အစိုးရများ အကြား
 တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ အဖြေရှာရန် ကြိုးပမ်း ခဲ့သော်လည်း 
တင်းမာမှုများမှာ တဖြည်းဖြည်းမြင့် တက်လာလျက် ရှိသည်ကို တွေ့ရသည်။
 
အိန္ဒိယ အာဏာပိုင် များက ပြောကြား ခဲ့သည်။ 
ထို့နောက်တွင် အိန္ဒိယ အစိုးရ သည် တရုတ် တပ်ဖွဲ့ဝင်များ၏ စခန်းချမှုကို 
တုံ့ပြန်သည့် အနေဖြင့် ၎င်းတပ်များ စခန်းချရာမှ ၁၅ဝ မီတာခန့်သာ ကွာဝေး သည့် 
နေရာတွင် အိန္ဒိယ တပ်များကိုထပ်မံ ပြောင်းရွှေ့ ချထားခဲ့သည်။
သို့ရာတွင် နှစ်နိုင်ငံကို 
ပိုင်းခြားထားသည့် နယ်ခြား စည်းမျဉ်းကို ဖြတ်ကျော်၍ အိန္ဒိယပိုင်နက် 
အတွင်းသို့ ဝင်ရောက်ခဲ့သည် ဟူသော အိန္ဒိယ အစိုးရ၏ ပြောကြားချက်ကို တရုတ် 
နိုင်ငံက ငြင်းဆို ခဲ့ရုံသာမက တရုတ် တပ်ဖွဲ့များသည် ၎င်းတို့၏ ပိုင်နက် 
နယ်နိမိတ် အတွင်း၌သာ ကင်းလှည့်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး 
ဝန်ကြီးဌာမှ ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်ယင်းက ပြန်လည် ချေပ ထားသည်ကို 
တွေ့ရသည်။
ထိုမျှသာမက အိန္ဒိယ စစ်တပ်သည် တရုတ် 
နယ်စပ်တွင် ''ရန်လိုသည့် ကင်း လှည့်ခြင်းမျိုး''ကို လုပ်ဆောင် ခဲ့သည်ဟု 
တရုတ် နိုင်ငံက ပြန်လည် စွပ်စွဲခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုများအား  
ရပ်တန့်ပစ်ရန် အိန္ဒိယ နိုင်ငံအား  တောင်းဆို ထားခဲ့ သည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍  တရားဝင် 
ကန့်ကွက်ရန် အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျန် မာသာအီက အိန္ဒိယ 
နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအား ဆင့်ခေါ်၍ တွေ့ဆုံခဲ့သည်။
ထို့အတူ အဆိုပါ နယ်စပ် အငြင်းပွား မှုကို 
ဖြေရှင်းရေး အတွက် အင်အားသုံး ဖြေရှင်းမည့် နည်းလမ်း အပါအဝင် အခြား 
ရွေးချယ်စရာ နည်းလမ်းများကို စစ်တပ်က အိန္ဒိယ အစိုးရထံ တင်ပြခဲ့သည့် အပြင် 
စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီကရမ်ဆင်း ကိုယ်တိုင် ကက်ရှ်မီးယား ဒေသ 
သို့ လေယာဉ်ပျံဖြင့် သွားရောက်၍ ဒေသတွင်းရှိ တပ်မှူးများနှင့် တွေ့ဆုံပြီး 
အငြင်းပွားမှုနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။
အလားတူပင် အိန္ဒိယ နိုင်ငံသည် 
နည်းလမ်းမျိုးစုံ အသုံးပြု၍ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု 
ကာကွယ်ရေး ဝန်ကြီး အေကေအန်ထော်နီ က အစောပိုင်းတွင် သတိ ပေးထားခဲ့သည်။ 
အိန္ဒိယ နိုင်ငံသည် ကက်ရှ်မီးယား ဒေသတွင် ပါကစ္စတန် နိုင်ငံနှင့် နယ်စပ် 
အငြင်းပွား မှုတွင်လည်း အလားတူ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။
အိန္ဒိယနှင့်   တရုတ်နိုင်ငံ တို့သည် 
နယ်စပ် အငြင်းပွားမှုကြောင့် ဟိမဝန္တာ ဒေသများဖြစ်သည့် လာဒက်နှင့် အာရွန် 
နာချာပရာဒက်ရှ်တို့တွင် ၁၉၆၂ ခုနှစ် အတွင်းက စစ်ပွဲ ဆင်နွဲခဲ့ကြပြီး 
ယင်းနောက်တွင်လည်း နယ်စပ်အရေး ဖြေရှင်းနိုင်ရန် ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေး 
နွေးခဲ့သော်လည်း အငြင်းပွားမှုကို အပြီးတိုင် ဖြေရှင်း နိုင်ခဲ့ခြင်း 
မရှိပေ။
ယခု ဖြစ်ပွားခဲ့သည့် အိန္ဒိယ- တရုတ် နယ်စပ်
 အငြင်းပွားမှုသည် အာရှဒေသတွင် ကြီးထွားလာသည့် တရုတ် နိုင်ငံ၏ 
လွှမ်းမိုးမှုကို ယှဉ်နိုင်ရန် အတွက် အမေ ရိကန် အစိုးရက''အာရှဒေသ 
ဗဟိုပြုရေး'' မူဝါဒကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ပေါ်ထွက်လာခြင်း 
ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယ နိုင်ငံတို့သည် 
''မဟာဗျူဟာမြောက် ပူးပေါင်းရေး'' အဖွဲ့ကို ဖွဲ့စည်း တည်ထောင်၍ တရုတ် 
အစိုးရ၏ အင်အား ကြီးထွားလာမှုကို တန်ပြန်ရန် ရည်ရွယ် ထားလျက် ရှိသောကြောင့် 
လက်ရှိ ဖြစ်ပွားနေသည့် နယ်စပ် အငြင်းပွားမှုကို သက်ဆိုင်ရာ နိုင်ငံများ က 
ခေါင်းအေးအေး ထား၍ ဖြေရှင်းရန် လိုအပ်မည်ဟု သုံးသပ်ရပါ သည်။  
မြဝတီမှ-