သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Saturday, 24 March 2012
အညာစာ စစ်စစ် မြေဥနှင့် ပုတတ်(ဦးစန္ဒိမ(စလင်း))
အညာအရပ်တွင် မိုးဖြိုင်ဖြိုင် ကျ ပြီဆိုလျှင် ပုတတ်တွေ လှိုင်လှိုင်ပေါ် ချေပြီ။ ပုတတ်ကောင်ကို ရုပ်လုံးပေါ် အောင် ခိုင်းနှိုင်းပြရလျှင် ပုတ်သင် ညိုနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သို့ သော် ပုတ်သင်ညိုလောက် အရွယ် မကြီးပါ။ အနေအထားမှာပုတ်သင် ညိုထက် အလျားရှည်လျက် ခေါင်းသေး၊ ခန္ဓာကိုယ်သေး၊ အမြီးသွယ် ပြီးရှည်သည်။ ပုတ်သင်ညိုလောက် မကြီးပေမယ့် ပုတတ်အကြီးစားတစ် ကောင် ၁၅ ကျပ်သားကျော်ကျော် အချိန်စီးသည်။ 'ပုတတ် လိမ္မာ၊ ဂယ်နှစ်မွှာ'ဟုဆိုရိုးအတိုင်းသာမန် ပုတတ်သည် ဂယ်ပေါက်တစ်ပေါက် သာရှိသော်ငြား၊ လိမ္မာပါးနပ်သောပုတတ်များသည် သူတို့ ခိုအောင်းနေထိုင်ရာကျင်းဝဝင်ပေါက်၊ ထွက် ပေါက် အပြင် ရန်သူလာလျှင် အသင့် ထွက်ပြေးနိုင်ရန် လျှို့ဝှက် ဂယ် ပေါက်ကို နှစ်ပေါက်ထားတတ်ကြ လေသည်။ ပုတတ်၏ ဝင်ပေါက် ထွက်ပေါက်သည် အခြားတွင်းအောင်းသတ္တဝါတို့၏ ဝင်ပေါက်၊ ထွက်ပေါက်ထက် သပ်ရပ်ချောမွေ့ လှပေသည်။ ချောမွေ့သပ်ရပ်တာလည်းမပြောနှင့်။ ပုတတ်များသည် သူတို့အပေါက်ကိုသူတို့လည်ပင်း နှင့် စိမ်ပြေနပြေအချိန်ယူပြုလုပ် လေ့ရှိသည်။ သူတို့၏ သဘာဝအသိအရအစာရှာရာကအပြန် ညနေတိုင် ပြီဆိုလျှင် ဝင်ပေါက်၊ ထွက်ပေါက်ကိုအသေအချာလုံခြုံစွာပိတ်အိပ်လေ့ ရှိသည်။ မြေအောင်းသတ္တဝါ ဖြစ်သည့် ပုတတ်သည်ြေ>ွမများလိုသူတို့မှီခိုရာမြေနေရာကိုလိုက်၍ အရောင် ပြောင်းတတ်၏။ ထို့ကြောင့် ပုတ် သင်ညိုထက် လှခြင်း ဖြစ်သည်။ ပုတတ်လှိုင်လှိုင် ပေါ်သောလသည် တန်ခူး၊ ကဆုန်၊ နယုန်လ ဖြစ်သည်။ မိုးဦးကျ နောက်ကျပြီးမိုးနည်းသည့်နှစ်ဆိုလျှင်တော့ ဝါဆို၊ ဝါခေါင် လအထိတွေ့ရတတ်လေသည်။ ထို့ ကြောင့် မိုးဦးကောင်းသောလတွေ ဆိုလျှင် နယုန်လလောက်မှာပင် ပေါင်းပင်တွေကပုတတ်ကျင်းတွေ ဖုံးသွားခြင်းဖြစ်ပြီးပုတတ်ကျင်းများကိုရှာဖွေလို့မရတော့ပါ။ ပုတတ်များသည် တစ်ကောင် နှင့် တစ်ကောင်ဆော့ကစားရင်းနောက် ခြေနှစ်ချောင်းထောက်လျက် ခန္ဓာကိုယ် သုံးပုံနှစ်ပုံလောက်မတ် ကာပတတ်ရပ်လေ့ရှိပုံမှာ ကြည့်၍ ပင်ကောင်းလှသည်။ မြင်းများပတတ်ရပ်သည်ဟူသောအသုံး အနှုန်းမှာယခုရေးပြသောပုတတ်နှင့် များ နှီးနွယ်နေသလားဟုထင်မြင် မိသည်။ အသေအချာတပ်အပ်တော့ မပြောနိုင်။ ပုတတ်သည် သူတို့ ကျင်လည် ကျက်စားရာနယ်မြေ၏ အရောင်ကိုလိုက်၍ ပြောင်းတတ် သော်ငြားအဖြူရောင် အစက် အပြောက်ကတော့ ပါမြဲဖြစ်သည်။ ထို့အတူကျောကုန်းမှာပါသောအစက်အပြောက်ကိုပြောင်းစေ့၊ အမြီးပိုင်းမှာပါသောအစက် အပြောက်ကိုလူးစေ့၊ ဗိုက်ပြင်နှင့် ကျောကုန်းကြားဘေးစပ်တွင်ပါသောအစက်အပြောက်ကိုစပါးစေ့ဟုတူရာအနီးစပ်ဆုံးကိုဥပမာပြုမှည့်ခေါ် ကြပုံမှာလည်းယုတ္တိရှိလှသည်။ ထိုအစက်အပြောက်ကလေးများပါ သောကြောင့် အခြားသတ္တဝါများထက် ပုတတ်များပိုလှသည်ဟုထင်မိသည်။ ဖွတ်မေ့၊ ပုတတ်မေ့ ဟူသောဆိုရိုးစကားအရဖွတ်တို့၊ ပုတတ်တို့ဖမ်းလျှင် တရွှီရွှီနှင့်လေချွန် ရသလိုမေ့မေ့ဟုလည်းအော်ရသည်။ ထိုသို့အော်သံကြားလိုက်သည်နှင့် ဖွတ်၊ ပုတတ်တို့သည် ခေတ္တမေ့ သလိုဖြစ်ပြီးရပ်တန့်နေခိုက် လူကအသာဖမ်းရုံရိုက်ရုံသာဖြစ်သည်။ ဖွတ် ရပြီလားဆိုလျှင် ခေါင်းကိုဖြတ်ပြီးမှ ရပ်ထဲ၊ ရွာထဲယူလေ့ရှိသည်။ ခေါင်းကိုမဖြတ်ဘဲယူကမွဲတတ်သည်ဟုအယူရှိကြလေသည်။ ဖွတ်ကိုမွဲခြင်း နှင့်တွဲလျက် မြင်ကြသော်ငြားသူကမိုးလေဝသကိုဖော်ညွှန်းပြခြင်းဖြင့် အကျိုးပြုလေသည်။ ဥပမာ- ဖွတ်၏ ဦးခေါင်းမှာမည်းမှောင်နေလျှင် မိုးဦးကောင်းမည်။ ကျောကုန်းအလယ် မှာမည်းမှောင်နေလျှင် မိုးလယ် ကောင်းမည်။ အမြီးမှာမည်းညိုနေ လျှင် မိုးနှောင်းကောင်းမည်ဟုကျေးလက်တောင်သူများကအတပ်သိကြသည်။ ထိုနည်းအတိုင်း နှမ်းကြဲ၊ ထွန် ယက်ကြလေသည်။ ၄င်းနည်းက မှန် ကန်ကြောင်းအပြောများသည်။ ပုတတ်ကျတော့ မေးရိုးကို ဖြုတ်၊ စွန့် ပစ်ပြီးမှ ကင်ခြင်း၊ ကြော်ခြင်း၊ ထောင်းခြင်းပြုလုပ်ရသည်။ မေးရိုးကိုစားကမေ့တတ်သောကြောင့် စွန့်ပစ် ရခြင်းဖြစ်လေသည်။ ပုတတ်သားသည် ယုန်သားကဲ့ သို့ ချိုဆိမ့်၍ လူကြိုက်များခြင်း ဖြစ် သည်။ ပုတတ်သားကိုကင်၍လည်းကောင်း၊ ပြုတ်ပြီးထောင်းကြော်ခြင်း ဖြင့်လည်းကောင်း၊ အစိုကိုဆီပြန် ချက်၍လည်းကောင်း၊ အစပ်ချက်ခြင်း၊ မန်ကျည်းရွက်နှင့် အချဉ်ချက်ခြင်း ဖြင့်သော်လည်းကောင်းနှစ်သက်သလိုချက်ပြုတ်စားသောက်ကြလေသည်။ ပုတတ်ကင်နှင့်သရက်စေ့ အဆန်ရောထောင်းကြော်စားလျှင် ဝမ်းပျက် ဝမ်းလျှောရောဂါ ပျောက်သည်။ နှစ် ကောင်ပူးလျက် ပုတတ်တစ်ကင်ကို ၁၅ဝ ကျပ်၊ ၁၇ဝ ကျပ်အထိဈေးရှိသည်။ လိုချင်သလောက် မရပါ။ ရှားပါးပစ္စည်းဖြစ်သည်။ ပုတတ်တို့၏ အရွေလိုက်ချိန်သည် တန်ခူးလ၊ ကဆုန်လ၊ နယုန်လများဖြစ်သည်။ ပုတတ် အမများဥသောအခါ ဥနှစ် လုံးမှ ဆယ့်နှစ်လုံးအထိဥကြသည်။ ပုတတ်သားကို ချိုလို့ လူအတော်များများက ကြိုက်နှစ်သက်ကြသော်ငြားတွင်းအောင်းသားဖြစ်၍ အဖောရောဂါ ရှိသူ၊ လေးဘက်နာရောဂါ ရှိသူများရှောင်ကြလေသည်။ အညာဒေသတွင် ပုတတ်ကဲ့သို့ ရှားပါးစားစရာတစ်မျိုးမှာမြေဥဖြစ် သည်။ မြေဥသည်လည်းမိုးဖြိုင်ဖြိုင် ကျမှပေါ်သည်။ နယုန်လ၊ ကဆုန်လကုန်ခါနီးလောက်မှ တန်ဆောင်မုန်း၊ နတ်တော်လအထိတွေ့ရသည်။ သူသည်လည်းမိုးအပေါ်မှာမူတည် သည်။ မိုးကောင်း၍ နောက်မိုးရွာလျှင် ပြာသိုလလယ်လောက်အထိတွေ့ရ တတ်သည်။ မြေဥဆိုသည်မှာမှိုတစ် မျိုးဖြစ်သည်။ သို့သော်မှိုလို ရိုးတံ၊ အဖူးအငုံ၊ အပွင့်မပါချေ။ မြေဥသည် မှိုမဖြစ်မီမှိုဥကဲ့သို့ အသွင်သဏ္ဌာန် ရှိလေသည်။ မြေဥ၏ အရွယ်အစားမှာလောက်စားလုံးထက် နှစ်ဆနီးပါးလောက်ကြီးသည်။ အရောင်မှာအဖြူရောင်ဖြစ်သည်။ မြေဥအပေါ်ယံအခွံပါးပါးလေးလှီးပြီးပြောင်စင် အောင် ဆေးကြောလျက် မှိုကဲ့သို့ ချက် ပြုတ်စားသောက်ကြလေသည်။ သို့ သော် အရည်သောက်ချက်သည်ကနည်းပြီးဆီပြန်ချက်စားသည်ကများ ကြသည်။ မှိုထက်ချိုဆိမ့်သောအရသာရှိသည်။ နူးညံ့သည်။ မြေဥသည် မှိုကဲ့သို့ သဲမြေမှာသာတွေ့ရသည်။ မြေဥဖြစ်တည်ပုံမှာရှေးဦးစွာ ဖြူဖွေးသောမြေဆီဥအဖူးလေးများပွင့်လာ ပြီးတစ်လနီးပါးကြာမှ မြေဥဖြစ်လာခဲ့သည်။ သဲမြေမှာမြေဥတူးရသည် မို့ မှိုလောက်ခက်ခက်ခဲခဲမတူးရ ပါ။ မှိုဥသည် ပုတတ်ကဲ့သို့ ရှားပါး ပြီးဈေးကြီးသည်။ တစ်ပိဿာကို ၆ဝဝဝ ကျပ်အထိရှိသည်။ မြေဥသည် အစိုသာမကပါးပါးလှီးအခြောက် လှန်းထားပြီးချက်စားကလည်းကောင်းလှသည်။ မြေဥသည် ချိုဆိမ့် နူးညံ့၍ စားကောင်းသော်ငြားသွေးတိုးခြင်း၊ ဇက်ကြောတက်ခြင်းဖြစ် တတ်သလိုအဖောရောဂါရှိသူ၊ လေးဘက်နာရောဂါရှိသူများနှင့် မတည့် ပါ။ ရောဂါတိုးတတ်လေသည်။ ဘယ်အရာမဆိုတစ်ခုကောင်း လျှင် တစ်ခုဆိုးကျိုးပေးတတ်သည် မှာလောက၏ နိယာမပင်မဟုတ်ပါ လား။ အဆင်းနှင့် အတက်၊ အလင်း နှင့် အမှောင်၊ အပူနှင့်အအေးဖွဲ့ စည်းတည်ဆောက်ထားသည်ကိုကလောက၏ အသွင်သဏ္ဌာန် ဖြစ်လေသည်။
Friday, 23 March 2012
မြန်မာအင်တာနက် VIDEO
မြန်မာအင်တာနက်VIDEO MOVING ပါ PLAY ခလုပ်ကိုနိပ်ပြီးကြည့် နိုင်ပြီး Downloadပါပေးထားပါတယ်
Monday, 19 March 2012
အာကာသရှိ ကြယ်များ၏ မြေပုံသစ် နာဆာ ဖော်ထုတ်ပြ
Monday 19th March 2012 
အမေရိကန် အာကာသ အုပ်ချုပ်ရေး အဖွဲ့ နာဆာမှ အသစ် ထုတ်ပြန်လိုက်သည့် အာကာသ မြေပုံနှင့် ကက်တလောက်တွင် ကောင်းကင်ယံ တစ်ခုလုံးရှိ
ကြယ်များ၏ ပုံကို အနီအောက် ရောင်ခြည်ဖြင့်ဖော်ပြခဲ့ကာ ဘီလီယံ ထက်ဝက်ခန့် ရှိသည့် ကြယ်များနှင့် ယခင်က မမြင်တွေ့ဖူးခဲ့သည့်  ဂလက်ဆီများကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
သိပ္ပံပညာရှင်များမှာ ယခုလို မြေပုံ ထုတ်နိုင်ရန် အတွက် Wide-field Infrared Survey Explorer (WISE)  ခေါ် အာကာသ အစီအစဉ်မှ ရယူထားသော ဓါတ်ပုံများကို ပေါင်းစပ်ပြီး ထုတ်လုပ် လိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ဓါတ်ပုံများမှာ ၂၀၀၉ ခုနှစ်က ရိုက်ယူထားခြင်း ဖြစ်သည်။ ယနေ့ အချိန်တွင် Wide-field Infrared Survey Explorer (WISE)  မှ ၁၄ နှစ်တာ စိုက်ပျိုးထားခဲ့သည့် အသီးအပွင့်များကို ခံစားရပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့၏ အကြီးအကဲ ဖြစ်သူ Edward Wright မှ ပြောကြား သွားခဲ့သည်။
WISE မှာ လွန်ခဲ့သည့် နှစ်အတွက် ကောင်းကင် မြေပုံကို ပုံပေါင်း ၂.၇ သန်းမှ ရရှိလာသည့် အချက်အလက်များကို စုစည်းပြီး တင်ဆက် ထားခြင်းလည်း ဖြစ်ကာ သိပ္ပံပညာရှင်များကို ၁၅ ထရီလီယံ ရှိသည့် သတင်း အချက်အလက်များ ဖော်ထုတ် ပေးခဲ့ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။
Wednesday, 14 March 2012
အလွယ်တကူ သယ်ဆောင်နိုင်မဲ့ Chat များ Imo , MSN ,Gtalk , Yahoo! , Skype , Facebook
အင်တာနက်လိုင်းနှေးကွေးရခြင်းတွေ အကြောင်းရင်း သိသလောက် ပြောပြရရင် ကျနော်တပ်မြောက်သော Radio Electronic နဲ့ ဆက်စပ်ပြီးအတိုချုံး တခုပါ၊
နောက်တစ်ခုက ဥပမာအရဆိုသော် ကွန်ပျုတာသည် မိမိလိုရာခရီးကို မောင်းနှင်သော ယဉ်တစ်တစ်စင်း(မော်တော်ကား)လိုပါပဲ မိမိလိုရာ ခရီးကိုသွားဖို့ အတွက် စက်အင်ဂျင် ကောင်းသလို ၊လမ်းလည်းကောင်းရမည်၊လမ်းကောင်းပြီး၊ယဉ်မကောင်းပါကလည်း အချီးနှီးပါ ထို့ တူယဉ်ဘယ်လောက်ပဲ ကောင်းပါစေ လမ်းမကောင်းလည်း သွားလာလို့ မရပါ ။
မိမိကွန်ပျုတာဘယ်လောက်ပဲ လျှင်မြန်သွက်နေပါစေ ။ ပစ်လွတ်တင်မည့်  Internet BandWave မကောင်းလည်း ။ အလကားပါပဲ ။ အင်တာနက်လိုင်းကောင်းပြန်ပြီး မိမိအသုံးပြုသော Computer ညံ့ပြီး မိမိစက်တွင် စိတ်ကူးတဲ့ရာ Software ပေါင်းများစွာတင်ထားပြီး စက်မှာ လေးလံ၍ လိုင်းပေါ် အတင်းရုန်းကန်ပြီး တက်ရောက်နေရ သည်ကိုလည်း သတိပြုရမည်။
တစ်ချို့ က အင်တာနက်ဆိုင်ပေါ်ကနေထိုင်ပြီး မိမိလိုင်းမကောင်းခြင်း။လေးလံခြင်း အမြဲလိုကြား သိရပါသည်။ တစ်ကယ်တော့  အင်တာနက်လိုင်းnetwork တစ်ခုတွင် 4Gb Bandwaveတွင်။ကွန်ပျုတာ၂လုံးသာချိတ်ဆက်။ပွားသုံးပါက လျှင်မြန်အဆင်ပြေပါသည်။မိမိထိုင်သော အင်တာနက်ကဖေးဆိုင်အား မည်မျှ Bandwave ရှိနေပြီး။P.Cများဘယ်လောက်ချိတ်ဆက်ထားသည်ကို သိထားသင့် သည်။တော်တော်များများ အင်နက်ဆိုင်တွင်။P.C game ကိုသာတွင်ကျယ်စွာ စီးပွားဖြစ် လုပ်ကိုင်နေကြပြီး ထိုP.C game graphip software ကြောင့် မိမိစက်မည်မျှ လေးလံနေသည်ကိုလည်း သတိပြုရမည်။ထို့ အတူမိမိကိုယ်ပိုင် စက်မဟုတ်သည့် အတွက် လူတစ်ကာ နေ့ စဉ်နာရီနှင့် အမျှ ဝင်ထွက် သုံးနေသောအခါ ၄င်းP.C prefetch နှင့် Cookies များတို့ ကြောင့် စက်ကိုထိုင်ပြီးသွား သည့် လူတိုင်း၎င်း ဆိုင်ပိုင်ရှင်မှသော်၎င်း စက်ကိုClearလုပ်ဆောင်ခြင်း။မသိနားမလည်။အားနည်းခြင်းတို့  ရှိနေသည်ကိုသတိပြုရမည်(အကယ်၍မိမိကိုယ်တိုင်ဝင်ရောက်)သုံးမည်ဆိုပါက မိမိအသုံးချနေချိန် စက်ကို ပေါ့ နေအောင်လုပ်ဆောင်ပြီးမှ မိမိအင်တာနက်လိုင်းပေါ် စတင်ထိုင်ရန်သင့်တော်သည်။ဒါပေမည့် နာရီအချိန်ကန့် သတ်မှု့ ။ကျသင့် သောဝန်ဆောင်ခတို့ကြောင်လူတိုင်းလိုပြုလုပ်ရန်ခက်ခဲပါသည်။မိမိကိုယ်ပိုင်စက် သမားတိုင်းကတော့ပြုလုပ်ပေးရန်။အင်မတန်သင့်တော်ကြောင်း အကြံဥဏ်ပေးလိုက်ပါသည်။
နောက်ဆုံးတစ်ခုက။ကျနော်တို့ မြန်မာပြည်ရှိ တော်တော်များများ I.T များအတော်ပင် စွမ်းရည်ထက်မြက်ကြပါသည်။အာရှတွင် ဒုတိယနေရာလိုက်နေသည်ကို။အတော်ပင်လေးစားမိသည်။နိုင်ငံတိုးတက်ဖွ့ံဖြိုးမှု့ နောက်ကျနေခြင်း။စွမ်းအင်ဌာဏတွင် ။လျှပ်စစ်လုံလောက်မှု့ အားနည်းနေခြင်း။နည်းပညာ ဝက်ဆိုက်များ ပိတ်ဆို့ ထားခြင်း။မိမိကိုယ်ပိုင် Satellite မပိုင်ဆိုင်ရသေး၍ ။အခြားသော ThaiLand  China အိမ်နီးခြင်းနိုင်ငံတို့ မှ အကူငှားရမ်း သုံးစွဲနေရခြင်းလူတစ်ဦးသည် မိမိကိုယ်ပိုင် ဆန္ဒနှင့် ။(မိမိရရှိသော ဝင်ငွေ လစာ လူနေမှု့ စားဝတ်နေရေး ဖိဆီးမှု့ ကြောင့် ) တန်ဘိုးကြီးမား လှသော သိန်းဂဏန်းကျပ်ငွေနှင့်  များစွာပေးရသော ကွန်ပျုတာတစ်လုံးတောင် မှ။မိမိဘဝမှာ။သိနားလည်တပ်ရဲ့နဲ့ကောင်းစွာဝယ်ယူ။မပိုင်ဆိုင်နိုင်ခြင်းတို့အားနည်းချက် တို့ လည်းပါဝင်ပါသည်။(ကျနော်လည်းထိုဘဝမှ လွတ်မြေက်အောင်ရုန်းကန်ကျိုးစားယင်း) မိမိကိုယ်ပိုင် P.C တစ်လုံးအား ဝယ်ယူခဲ့ရပါသည်ဟု ဝန်ခံပါတယ်။
အားလုံးပဲ များမကြာခင် ဖြစ်မြောက်လာတော့ မှာပါ…အရာရာပားလုံးဟာ..မိမိအတွက် စိတ်ကူးယဉ်မျှ အိမ်မက်လောကကြီးထဲ မဖြတ်သန်းပါရစေ နဲ့ လို့ ကျနော်ဂေါ်လီမှ ဝိုင်းဝန်း ဆုတောင်းပေးယင်း….အောက်ပါနည်း အတိုင်း။ပညာလေးအားလေ့ လာလိုက်ရအောင်။အွန်လိုင်းပေါ်မှ လျောက်လည်ယင်း တွေ့ ရှိခဲ့ရတဲ့ နည်းပညာပါ ။ထပ်ဆင့် ကူးယူဝေမျှလိုက်တာကြောင့် ။တစ်သားလူက စေတနာအရင်းခံရေးသားတင်ပြတာကို။မိမိဘက်မှလည်း ထိရောက်စွာ။လေ့ လာတန်ဘိုးထားစေလိုပါ တယ်….
ကိုင်းနည်းပညာလေးကိုစလိုက်ကြရအောင်…..
သူငယ်ချင်းများအားလုံး မင်္ဂလာပါ..
ဒီတခါတော့ မြန်မာပြည်ကွန်နက်ရှင်နဲ့ ချက်တင်တွေ ဝင်ရတာ စိတ်ညစ်နေသူတွေအတွက်. Imo ချက်တင်လေးနဲ့ 
မိတ်ဆက်ပေးလိုက်ပါတယ်. သိပြီးသူတွေလဲ သိပြီးမှာပါ .. ကျနော် မသိသေးသူတွေအတွက် ရည်ရွယ်ပြီး တင်ပေး
လိုက်တာပါ..ပြီးတော့ ဆော့ဝဲလ်တွေမလိုပဲ Imo , MSN , Skype , Yahoo ! , Gtalk , Facebook , အစရှိတဲ့ ချက်တင်
နဲ့ ပက်သက်တာတွေ ကို လွယ်လွယ် ကူကူ မြန်မြန်ဆန်ဆန် နဲ့ ဝင်ရလွယ်အောင် ၊ မိမိတို့ သွားလေရာကို မန်မိုရီ စတစ်
လေးနဲ့ သယ်သွားလို့ ရအောင်ပါ.. အောက်က ကျနော်ပေးထားတဲ့ ကုဒ်လေးတွေကို Copy ယူလိုက်ပါ .. ပြီးရင် Notepate
ကိုဖွင့်ပါ Paste လုပ်ပါ.. ပြီးရင်တော့ Save as နဲ့  မိမိ သိမ်းချင်တဲ့နေရာမှာသာ သိမ်းလိုက်ကြပေတော့..အဲ.. သိမ်းရင်
file name ကိုတော့ မိမိနှစ်သက်သလိုပေးနိုင်ပါတယ် ဒါပေမဲ့ ပေးတဲ့နာမည်ရဲ့နောက်မှာ .html ဆိုတာကို ထည့်ဖို့ မမေ့ပါနဲ့ 
( ဥပမာ .. Chat.html   ) Chat နေရာမှာ သူငယ်ချင်းတို့ စိတ်ကြိုက်နာမည်ပြောင်းနိုင်ပါတယ်.. ကဲ အောက်က html ကုဒ်
လေးတွေ ယူလိုက်ကြပါအုံး တလုံးမှ မကျန်အောင်ယူပါနော်..
ဒီ(...........) ထဲက ကုဒ်လေးတွေကို ယူပါ..(     <html> <head> <table border="1">
<tr><td> <td> >
<center><iframe width="1320" height="590" frameborder="0" scrolling="no" marginheight="0"
marginwidth="0" allowtransparency="true" src="https://imo.im/"></iframe><br/>
<div style="font-size:0.9em;text-align:center;"></div></center>
</td> </td> </table>   </center></head>
<body>  <style type="text/css"> body {background-color:black} p {color:blue}   </style>
<link rel="stylesheet" type="text/css" href="mystyle.css" />  </body>   
</html>         )
 ဒီလို ဖိုင်လေးပေါ်လာမှာပါ အဲ့တာလေးကို ဖွင့်လိုက်ပါ အောက်က ပုံလို ပေါ်လာမယ်
သူငယ်ချင်းတို့ ကြိုက်တဲ့ ချက် ကိုသာ ရွေးပြီး Sign in လုပ်လိုက်ကြပေါ့နော်..
လေ့လာစမ်းသပ်ခြင်းဟာ အချီးနှီးမဟုတ်ပါ အောင်မြင်မှု့ ဟာ မိမိအတွက် ရလာဒ်တစ်ခုပါ..
ကိုဂေါ်လီ....
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks