Bloomberg.com မှ ထုတ်ပြန်သည့် စာရင်းအရ ယမန်နှစ် ဇူလိုင်လမှ
စက်တင်ဘာလအတွင်း ကမ္ဘာ့အင် တာနက် ဆက်သွယ်မှု အမြန်ဆုံးနှုန်း
ဖြင့်အသုံးပြုနိုင်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း ထွက်လာပြီဖြစ်သည်။
ကမ္ဘာ့အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် နိုင်ငံများမှာ အစဉ်
လိုက်အားဖြင့် ဟောင်ကောင်၊ တောင် ကို ရီးယား၊ ဂျပန်၊ လက်ဗီးယား၊
ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊ အစ္စရေး၊
စင်ကာပူနိုင်ငံများဖြစ်ပြီး၊ အမေရိကန်နိုင်ငံသည် အဆင့် နံပါတ် ၁၄
တွင်ရှိပြီး၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သည် အဆင့် ၁၂၃ တွင်လိုက်သည်။