သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 24 July 2013

၂၅-၇-၂၀၁၃ ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး




ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့ 

အသုံးမကျသောဗဟုသုတနည်းပါးသောမိဘကြောင့်  သားသမီးခမျာလူလိမ်ပရောဂါဆရာ၏အရိုက်နှက်ခံရသည်။

နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်စွဲ ကုသနေပုံ . မြန်မာ့ ယဉ်ကျေးမှုကို အရုပ်ဆိုး အကျည်းတန် စေတဲ့ အောက်လမ်း ယောင်ယောင် ၊ အထက်လမ်း ယောင်ယောင် ၊ နှိပ်စက် ခြိမ်းခြောက်ပြီး ပရောဂါ ကုနေတဲ့ ဗီဒီယိုလေးပါ။ စာဖတ်သူတွေ ဗဟုသုတ ဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်။ ဒီ ဗီဒီယို ဖိုင်ကတော့ အခုရက်ပိုင်း အတွင်း Facebook မှာ ပြန်နှံနေတဲ့ ဗီဒီယို ဖိုင်လေးပါ။ အသိဥာဏ် ဖွံ့ ဖြိုးမှု အားနည်းတဲ့ ဒေသက ပရောဂါကုနေပုံ လို့ ယူဆရပါတယ်။ အားလုံးသတိထားရမှာက ဒီလို ကုသခြင်းဟာ ဗုဒ္ဓဘာသာနဲ့ ဘာမှ မဆိုင်ပါဘူး ဗုဒ္ဓက ပြခဲ့တဲ့ လမ်းစဉ်လဲ မဟုတ်ပါဘူး ဒါကိုဘဲ တချို့ ဆရာယောင်ယောင် ကြောင်တောင်တောင်တွေက ဗုဒ္ဓဘာသာနဲ့ ရောချနေပါတယ် . ဗုဒ္ဓဘာသာဝင် တော်တော် များများကလဲ ယုံကြည်လက်ခံ နေကြပါတယ် .. ဒီလိုရက်စက်တဲ့ အပြုအမူကို ဆန့်ကျင်ကြပါစို့ ကျေးဇူးပြုပြီး မိမိတို့ အနီးအနားမှာ ဒီလိုမျိုး ပရောဂါ ကုသနေတယ်လို့ ကြားပါက သက်ဆိုင်ရာသို့ အမြန် အကြောင်းကြားပေးပါ . Facebook Page >> Buddhism Beams(myanmar) Website: http://buddhismbeams.blogspot.com/

Tuesday, 23 July 2013

သံသယရှိဘွယ် ထိုင်းနိုင်ငံမှဆက်သွယ်ရေးပစ္စည်းမြန်မာဆယ်ယူရရှိခြင်း

ထိုင်းနိုင်ငံ၏ ပင်လယ် ရေပြင် ဂေဟ စနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာ မျောပါ နေမှုအား တွေ့ရှိ ဆယ်ယူခဲ့ 
မြိတ် ဇူလိုင် ၂၂
ဘင်္ဂလား ပင်လယ်အော်ရှိ ရေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ထိုင်းနိုင်ငံအတွက် ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာ Rama Buoyသည် ရာသီဥတု ဆိုးရွားမှုကြောင့် မြန်မာနိုင်ငံ ရေပိုင်နက် သို့ မျောပါခဲ့သဖြင့် ထိုင်းနိုင်ငံမှ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူများက မြန်မာ့ရေပိုင်နက် အတွင်း ရှာဖွေခဲ့သည်။
အဆိုပါ ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာကို Looking Forward Co., Ltd. ပိုင် အောင်သူဇော် ၅၅၅  ငါးသယ် ရေယာဉ်မှ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီက မြန်မာ့ရေပိုင်နက် လတ္တီတွဒ် ၁ဝ ဒီဂရီ ၅၈ မိနစ်၊ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ် ရေပြင်တွင် မျောပါနေ သည်ကို တွေ့ရှိရ၍ ဆယ်ယူပြီး ရေယာဉ်ဖြင့် တင်ဆောင်လာခဲ့ရာ မြိတ်မြို့သို့ ယမန်နေ့က ရောက်ရှိ လာခဲ့သည်။ 
 
ရေယာဉ်ဖြင့် တင်ဆောင်လာသော ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာကို မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနမှူးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးရာ ထိုင်းနိုင်ငံရေပြင်တွင် ပျောက်ဆုံးသွားသော ပင်လယ်ရေပြင် ဂေဟစနစ် စောင့်ကြည့် တိုင်းတာသည့် ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် Looking Forward ကုမ္ပဏီ ပိုင် ဂိုဒေါင်တွင် ခေတ္တထိန်းသိမ်း ထားရှိပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ လိုအပ်သည်များ ဆက်လက် ဆောင် ရွက်နိုင်ရန် သတင်းပေးပို့ ထားကြောင်း သိရသည်။         
ခိုင်ထူး
မြဝတီ

၂၄-၇-၂၀၁၃ စာရွက်ပေါ်မှာ ဘောင်ကြီး ကွပ်ထားတာ မြင်ရဲ့သားနဲ့....




 

၂၄-၇-၂၀၁၃ ရန်ကုန်မြို့ ၌ အဆင့်မြင့်ဘတ်စ်ကား ပြေးဆွဲသည့် BRT စနစ်နှင့် ဘတ်စ်ကားသီးသန့် လမ်းကြောင်း စနစ်အား ယခုနှစ် အောက်တိုဘာလ၌ စတင်မည်


 ဇူလိုင်လ ၂၃ ရက် ၂၀၁၃

ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင် ဘတ်စ်ကားများအား အဆင့်မြင့်ပြေး ဆွဲသည့် BRT (Bus Rapid Transit) စနစ်ကို ယခုနှစ်၊ အောက်တိုဘာလ အတွင်း အကောင်အထည်ဖော်နိုင်ရန် လျာထားစီစဉ်လျက်ရှိပြီး အလားတူ ဘတ်စ်ကား သီးသန့်ပြေးဆွဲသည့် လမ်းကြောင်းကိုပါ စတင်အကောင် အထည်ဖော် နိုင်ရန်ဆောင်ရွက်နေကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ’မှ သတင်းရရှိသည်။

၂၄-၇-၂၀၁၃ မန္တလေးအိုဘိုထောင်မှာ ဒီနေ့ ဇူလိုင် ၂၃ရက် ညနေပိုင်းမှာ နိင်ငံရေး အကျဉ်းသား ၈ယောက်လွှတ်ပေးလိုက်ပါတယ်။



မန္တလေးအိုဘိုထောင်မှာ ဒီနေ့ ဇူလိုင် ၂၃ရက် ညနေပိုင်းမှာ နိင်ငံရေး အကျဉ်းသား ၈ယောက်လွှတ်ပေးလိုက်ပါတယ်။ အိုက်မွန်း တစ်သက်တစ်ကျွှန်း - SSNA 2005 ။ ဟိန်းဇော် ၊ လှမြင့် ၊ စိုင်းတိ (ခ) အိုက်တိ ၊ စိုင်းအွန် - ကိုသံချောင်းအဖွဲ့ တစ်သက်တစ်ကျွှန်း ၊ အိုက်ညွှန့် (ခ) ဥာဏ ၄၂ နှစ် ကိုသံချောင်းအဖွဲ့ ၊ ဇော်တွဲ ၆နှစ် KIA တပ်ရင်း ၉ ၊ မောင်ကျော် ၃နှစ် KIOတပ်ရင်း ၈တို့ လွတ်မြောက် လာကြကြောင်း ဒီဗွီဘီသတင်းထောက်က အိုးဘိုထောင်ရှေ့ကနေ သတင်းပေးပို့ပါတယ်။
သတင်းဓါတ်ပုံ - စူပါ — in Mandalay, Myanmar.

၂၄-၇-၂၀၁၃ မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ


 ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ်

၂၃-၇-၂၀၁၃ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/66117_10151810071723128_1931687423_n.jpg
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော်ကို လွတ်မြောက်လာပါတယ်။

ဒီနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၁၇ (၁) မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အတော်များများပါဝင်ပါတယ်။

၂၃-၇-၂၀၁၃ မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ

7.22.11
ဇူလိုင် ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဌေးလှအောင်)
ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ

၂၃-၇-၂၀၁၃ ဘုရားငါးများ မပေါ်ခဲ့သော်လည်း ကျောင်းတော်ရာ ငါးစာကျွေးဆိပ် ဖွင့်ပွဲသို့ နိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်

7.22.7
ဘုရားဖူးငါးများ လာသည်ကို စောင့်မျှော်နေသည့် ဘုရားဖူးသူများအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်သူငြိမ်း၊ မကွေး)
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ နှစ်စဉ်ဝါဆို လပြည့်နေ့တိုင်း ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတော်ရာ ဘုရားငါးစာကျွေးဆိပ် ဖွင့်ပွဲတွင် ဘုရားငါးများ မပေါ်ခဲ့သော်လည်း

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks